Sunday, July 27, 2014

လိုင်စင်မဲ့ကားစစ်ဆေးနေသည့် ရဲဝန်ထမ်းကိုလိုင်စင်မဲ့ကားမောင်းသည့် တပ်မတော်သားက လက်သီးဖြင့်ထိုး

မော်လမြိုင်၊ ဇူလိုင် ၂၅- မော်လမြိုင်-ဘားအံ-ကျိုက်မရောလမ်းရှိ ဟင်္သာအဝိုင်း တွင် တရားမဝင်ကုန်ပစ္စည်းများနှင့် လိုင်စင်မဲ့ကားများ၊ ဆိုင်ကယ်များ ဖမ်းဆီးစစ် ဆေးနေသော ရဲအရာရှိတစ်ဦးကို လိုင်စင်မဲ့ကားမောင်းနှင်လာသော တပ်မတော် သား တပ်ကြပ်ကြီးတစ်ဦးက လက်သီးနှင့်ထိုးမှု ဖြစ်ပွားခဲ့ကြောင်း မြိုင်သာယာရဲ စခန်းမှ သိရသည်။

''အချင်းချင်းတွေ ဖြစ်နေတော့လဲ ပို့ကုန်သွင်းကုန်ဥပဒေနဲ့ပဲ အမှုဖွင့်ထား တာပါ''ဟု မြိုင်သာယာရဲစခန်းမှ တာဝန်ရှိရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဇူလိုင် ၂၃ ရက် ညနေ ၃ နာရီခွဲခန့်တွင် ဒုရဲအုပ်အောင်နိုင်က တာဝန် အရ တားဆီးစစ်ဆေးနေစဉ် ဘားအံမှ မော်လမြိုင်ဘက်သို့ မောင်းနှင်လာသည့် ကန်တာအမျိုးအစား လိုင်စင်မဲ့ကား မောင်းနှင်လာသည့် ကရင်ပြည်နယ် ဇာသပြင် ခလရ(၈၁)မှ ကိုယ်ပိုင်အမှတ်/၆၈၈ဝ၃၇ တပ်ကြပ်ဆန်းဦးက တာဝန်ကျ ရဲအရာ ရှိအား ကိုယ်ထိလက်ရောက် တုံ့ပြန်ခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်အချို့ကဆိုသည်။

''ပထမတော့ တက္ကစီဂိတ်မှာ နားနေတာ။ အသံတွေကြားလို့ ထကြည့် တော့ ရဲက ကားသမားကို ဆင်းခိုင်းနေတာ။ အဲဒါကို ကားသမားက မဆင်းဘူး။ တံခါးဖွင့်ခိုင်းတာလဲ မဖွင့်ဘူး။ နောက်တော့ ရဲကိုရိုက်လိုက်တာ နည်းနည်းထိ သွားတယ်။ ပြီးတာနဲ့ အဲဒီနားက တာဝန်ကျ ရဲတွေရောက်လာပြီး လက်ထိတ်ခတ် ခေါ်သွားတာပဲ''ဟု မျက်မြင်သက်သေ ကိုကျော်နိုင်ထွန်းက ပြောသည်။

မော်လမြိုင်နှင့် ဘားအံကြားရှိ အဆိုပါ ဟင်္သာအဝိုင်းတွင် လိုင်စင်မဲ့ ကားများ မကြာခဏ ဖမ်းဆီးရမိပြီး အများစုမှာ ကရင်ပြည်နယ်မှ မွန်ပြည်နယ်သို့ ဝင်ရောက်ချိန်တွင် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းများအရသိရသည်။
ဇွန်လအတွင်း ကရင်ပြည်နယ်မှ မော်လမြိုင်သို့ ဝင်ရောက်လာသော လိုင် စင်မဲ့ကားများကို ဖမ်းဆီးမိရာတွင် လက်နက်ကိုင်တပ်ဖွဲ့များ၏ ကားများလည်း ပါဝင်ကြောင်း မော်လမြိုင်ခရိုင်ရဲတပ်ဖွဲ့မှ သိရသည်။

ထိုကဲ့သို့ ကိုယ်ထိလက်ရောက် ထိုးကြိတ်ခဲ့သော တပ်မတော်သားအား မြိုင်သာယာရဲစခန်းတွင် ပ(၉၅)/၂ဝ၁၄၊ ပို့ကုန်သွင်းကုန်ဥပဒေနှင့် အရေးယူပေးရန် အတွက် ဒုရဲအုပ်အောင်နိုင်က အမှုဖွင့်ထားကြောင်း သိရသည်။

Yangon Media Group

No comments:

Post a Comment