Tuesday, July 1, 2014

အယ်လ်ဂျီးရီးယားကို အချိန်ပိုရောက်မှ အနိုင်ရခဲ့သည့်ဂျာမနီ

Photo: အယ်လ်ဂျီးရီးယားကို အချိန်ပိုရောက်မှ အနိုင်ရခဲ့သည့်ဂျာမနီ
Tuesday, July 01, 2014

ဒီပြိုင်ပွဲမတိုင်ခင် ဆုံတွေ့ခဲ့ဖူးတဲ့ (၂)ပွဲစလုံး အရှုံးပေးထားခဲ့ရတဲ့ ဂျာမနီအသင်း ဒီပွဲမှာလည်း အယ်လ်၈ျီးရီးယားအသင်းကို ခက်ခက်ခဲခဲရင်ဆိုင်ခဲ့ရပါတယ်။ ဂျာမနီအသင်းက သောမတ်စ်မူလာ၊ အိုဇေးလ်၊ ဂေါ့ဇီ၊ ရှဝိန်းစတိုင်ဂါ၊ တိုနီကရူးစ်တို့နဲ့ လူစုံခဲ့ပေမယ့် ဖီဂူလီဦးဆောင်တဲ့ အယ်လ်ဂျီးရီးယားအသင်းကလည်း ဂျာမနီအသင်းကို အဝေးဘောတွေနဲ့ အကောင်းဆုံးဒုက္ခပေးသွားခဲ့ပါ တယ်။ ဂျာမနီအသင်းအနေနဲ့ ပထမပိုင်းမှာ အချိတ်အဆက်သိပ်မမိခဲ့တာကြောင့်လည်း ရုန်းကန်ခဲ့ရတာဖြစ်ပြီး ဒုတိယပိုင်းမှာတော့ ခြေစွမ်းမပြနိုင်တဲ့ ဂေါ့ဇီနေရာ ရှိုရာဝင်လာပြီးနောက်ပိုင်း ကစားကွက်ပိုကောင်းလာခဲ့သလို၊ အခွင့်အရေးတွေလည်း အများကြီးရရှိ ခဲ့ပါတယ်။ သောမတ်စ်မူလာ၊ ဖိလစ်လမ်း၊ ရှဝိန်းစတိုင်ဂါတို့ရဲ့ အပိုင်အခွင့်အရေးတွေကို အယ်လ်ဂျီးရီးယားဂိုးသမား အံ့အားသင့်ဖွယ် ကာကွယ်သွားနိုင်ခဲ့တာကြောင့်သာ အချိန်ပိုရောက်ခဲ့ရတာပါ။ အချိန်ပိုမှာတော့ဂျာမနီအသင်းက ပွဲအစ(၂)မိနစ်မှာပဲ ရှိုရာရဲ့ဂိုးနဲ့ ဦးဆောင်ခဲ့ပြီး ပွဲပြီးခါနီး တစ်မိနစ်အလိုမှာ အိုဇေးလ်က ဒုတိယဂိုးထပ်သွင်းခဲ့ပါတယ်။ ဒါပေမဲ့ အယ်လ်ဂျီးရီးယားကလည်း အလျှော့မပေးတမ်းကစားသွားခဲ့ပြီး နာကျင်အချိန်ပိုမှာ ဂျာဘောက ချေပဂိုးတစ်ဂိုး ပြန်သွင်းခဲ့ပါတယ်။
ပွဲရလဒ်
ဂျာမနီ ၀-၀ အယ်လ်ဂျီးရီးယား
(အချိန်ပိုတွင် ၂-၁ ဂိုးဖြင့် ဂျာမနီနိုင်)
Photo; AFP

Eleven Media Group
ဒီပြိုင်ပွဲမတိုင်ခင် ဆုံတွေ့ခဲ့ဖူးတဲ့ (၂)ပွဲစလုံး အရှုံးပေးထားခဲ့ရတဲ့ ဂျာမနီအသင်း ဒီပွဲမှာလည်း အယ်လ်၈ျီးရီးယားအသင်းကို ခက်ခက်ခဲခဲရင်ဆိုင်ခဲ့ရပါတယ်။ ဂျာမနီအသင်းက သောမတ်စ်မူလာ၊ အိုဇေးလ်၊ ဂေါ့ဇီ၊ ရှဝိန်းစတိုင်ဂါ၊ တိုနီကရူးစ်တို့နဲ့ လူစုံခဲ့ပေမယ့် ဖီဂူလီဦးဆောင်တဲ့
အယ်လ်ဂျီးရီးယားအသင်းကလည်း ဂျာမနီအသင်းကို အဝေးဘောတွေနဲ့ အကောင်းဆုံးဒုက္ခပေးသွားခဲ့ပါ တယ်။ ဂျာမနီအသင်းအနေနဲ့ ပထမပိုင်းမှာ အချိတ်အဆက်သိပ်မမိခဲ့တာကြောင့်လည်း ရုန်းကန်ခဲ့ရတာဖြစ်ပြီး ဒုတိယပိုင်းမှာတော့ ခြေစွမ်းမပြနိုင်တဲ့ ဂေါ့ဇီနေရာ ရှိုရာဝင်လာပြီးနောက်ပိုင်း ကစားကွက်ပိုကောင်းလာခဲ့သလို၊ အခွင့်အရေးတွေလည်း အများကြီးရရှိ ခဲ့ပါတယ်။ သောမတ်စ်မူလာ၊ ဖိလစ်လမ်း၊ ရှဝိန်းစတိုင်ဂါတို့ရဲ့ အပိုင်အခွင့်အရေးတွေကို အယ်လ်ဂျီးရီးယားဂိုးသမား အံ့အားသင့်ဖွယ် ကာကွယ်သွားနိုင်ခဲ့တာကြောင့်သာ အချိန်ပိုရောက်ခဲ့ရတာပါ။ အချိန်ပိုမှာတော့ဂျာမနီအသင်းက ပွဲအစ(၂)မိနစ်မှာပဲ ရှိုရာရဲ့ဂိုးနဲ့ ဦးဆောင်ခဲ့ပြီး ပွဲပြီးခါနီး တစ်မိနစ်အလိုမှာ အိုဇေးလ်က ဒုတိယဂိုးထပ်သွင်းခဲ့ပါတယ်။ ဒါပေမဲ့ အယ်လ်ဂျီးရီးယားကလည်း အလျှော့မပေးတမ်းကစားသွားခဲ့ပြီး နာကျင်အချိန်ပိုမှာ ဂျာဘောက ချေပဂိုးတစ်ဂိုး ပြန်သွင်းခဲ့ပါတယ်။
ပွဲရလဒ်
ဂျာမနီ ၀-၀ အယ်လ်ဂျီးရီးယား
(အချိန်ပိုတွင် ၂-၁ ဂိုးဖြင့် ဂျာမနီနိုင်)
Photo; AFP

Eleven Media Group

No comments:

Post a Comment