Tuesday, July 8, 2014

မန္တလေး ပဋိပက္ခနှင့် ပတ်သက်၍ သမ္မတဦးသိန်းစိန် ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

မိမိတို့ရဲ့ ကိုယ်ကျိုးစီးပွားကို ရှေးရှုပြီး အတ္တကို ရှေ့တန်းတင် လုပ်ဆောင်မှုကြောင့် အပြစ်မဲ့ပြည်သူများ နာကျင် ခံစားခဲ့ရပြီး နိုင်ငံတကာမှာ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေခဲ့ပါတယ်။ ဒါကြောင့် ရည်ရွယ်ချက်ရှိရှိနဲ့ အမုန်းတရားများ ပြန့်ပွားအောင် သွေးထွေးလှုံ့ဆော် ဖန်တီးမှုများဟာ တိုင်းပြည်ကို ဖျက်လိုဖျက်ဆီး ပြုလုပ်တာပဲ ဖြစ်ပြီး လူမျိုးဘာသာမရွေး မိမိတို့ လူ့အဖွဲ့အစည်း တစ်ခုလုံးကို အန္တရာယ်ကျရောက်စေမယ့် လုပ်ရပ်များ ဖြစ်တဲ့အတွက် ပြတ်ပြတ်သားသား ကိုင်တွယ်ပြီး ပြင်းထန်စွာ အရေးယူ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။

အရမ်းဖက်မှု အတွင်းမှာ ပါဝင်ခဲ့ကြသူများနဲ့ ပဋိပက္ခဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ ဖန်တီးခဲ့ကြသူများကိုလည်း ပြတ်ပြတ်သားသားနဲ့ ထိထိရောက်ရောက်
အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ သွေးထိုးလှုံ့ဆော်မှုများနဲ့ အကြမ်းဖက် ဖျက်ဆီးမှုများကိုလည်း နိုင်ငံတော်အနေနဲ့ လုံးဝသည်းခံမှာ မဟုတ်ဘဲ ချက်ချင်း ပြင်းပြင်းထန်ထန် အရေးယူ ဆောင်ရွက်မှာ ဖြစ်ကြောင်း ထပ်လောင်း ပြောကြားလိုပါတယ်။

Mizzima

No comments:

Post a Comment