Thursday, July 24, 2014

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မန္တလေး ငြိမ်းချမ်းမှု ထိန်းသိမ်းရေး ကော်မတီနှင့် တံခါးပိတ် တွေ့ဆုံ


Photo: မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မန္တလေး ငြိမ်းချမ်းမှု ထိန်းသိမ်းရေး ကော်မတီနှင့် တံခါးပိတ် တွေ့ဆုံ
Thursday, July 24, 2014

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Miss.Yang- hee Lee နှင့် မန္တလေးမြို့ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး ကော်မတီတို့သည် ဇူလိုင်လ ၂၃ ရက်နေ့ မွန်းလွဲ ၃ နာရီတွင် တစ်နာရီကြာ တံခါးပိတ် တွေ့ဆုံပြီး ကော်မတီ ဘက်က အချက်သုံးချက် ထုတ်ပြန်ခဲ့ကြောင်း ယင်းကော်မတီထံမှ သိရှိရသည်။

အဆိုပါ ထုတ်ပြန်ချက်များမှာ နှစ်ဖက်တွေ့ဆုံမှုကို အသေးစိတ် ထုတ်ပြန်မှု မပြုရန် သဘောတူကြောင်း၊ ကော်မရှင်ဘက်က ယခုဖြစ်စဉ်တွင် အစိုးရ အပါအဝင် ကုလသမဂ္ဂ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၏ အကူအညီရရန် တိုက်တွန်းသွားမည် ဖြစ်ကြောင်းနှင့် မန္တလေး ငြိမ်းချမ်းမှု ထိန်းသိမ်းရေး ကော်မတီနှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယင်းကော်မတီဝင် ဦးသိန်းသန်းဦးက မီဒီယာများသို့ ပြောကြားသည်။

ယင်းသို့ ကိုယ်စားလှယ်နှင့် တွေ့ဆုံရာတွင် မန္တလေး ပဋိပက္ခဖြစ်စဉ်ကို တင်ပြခြင်း၊ ရှေ့ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်ကို တင်ပြခြင်း၊ ကော်မတီနှင့် ကိုယ်စားလှယ်အဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်နိုင်ရန်တို့ကို တင်ပြခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

မန္တလေးမြို့တော်တွင် ဇူလိုင်လ ၁ ရက်နှင့် ၂ ရက်နေ့များက ဆူပူမှုများ ဖြစ်ပွားပြီးနောက် ဇူလိုင်လ ၄ ရက်နေ့တွင် မန္တလေးငြိမ်းချမ်းမှု ထိန်းသိမ်းရေး ကော်မတီကို ဖွဲ့စည်းခဲ့သည်။ 

အဆိုပါ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်သည် မန္တလေးငြိမ်းချမ်းမှု ထိန်းသိမ်းရေး ကော်မတီ အပါအဝင် မန္တလေး အိုးဘိုထောင်နှင့် အေးရိပ်ငြိမ် သုသာန်ရှိ အစ္စလာမ် သုသာန်သို့လည်း သွားရောက်ခဲ့သည်။

ွှThe Voice Weekly
မြန်မာနိုင်ငံဆိုင်ရာ ကုလ သမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Miss.Yang- hee Lee နှင့် မန္တလေးမြို့ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး ကော်မတီတို့သည် ဇူလိုင်လ ၂၃ ရက်နေ့ မွန်းလွဲ ၃ နာရီတွင် တစ်နာရီကြာ တံခါးပိတ် တွေ့ဆုံပြီး ကော်မတီ ဘက်က အချက်သုံးချက် ထုတ်ပြန်ခဲ့ကြောင်း ယင်းကော်မတီထံမှ သိရှိရသည်။

အဆိုပါ ထုတ်ပြန်ချက်များမှာ နှစ်ဖက်တွေ့ဆုံမှုကို အသေးစိတ် ထုတ်ပြန်မှု မပြုရန်
သဘောတူကြောင်း၊ ကော်မရှင်ဘက်က ယခုဖြစ်စဉ်တွင် အစိုးရ အပါအဝင် ကုလသမဂ္ဂ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၏ အကူအညီရရန် တိုက်တွန်းသွားမည် ဖြစ်ကြောင်းနှင့် မန္တလေး ငြိမ်းချမ်းမှု ထိန်းသိမ်းရေး ကော်မတီနှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယင်းကော်မတီဝင် ဦးသိန်းသန်းဦးက မီဒီယာများသို့ ပြောကြားသည်။

ယင်းသို့ ကိုယ်စားလှယ်နှင့် တွေ့ဆုံရာတွင် မန္တလေး ပဋိပက္ခဖြစ်စဉ်ကို တင်ပြခြင်း၊ ရှေ့ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်ကို တင်ပြခြင်း၊ ကော်မတီနှင့် ကိုယ်စားလှယ်အဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်နိုင်ရန်တို့ကို တင်ပြခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

မန္တလေးမြို့တော်တွင် ဇူလိုင်လ ၁ ရက်နှင့် ၂ ရက်နေ့များက ဆူပူမှုများ ဖြစ်ပွားပြီးနောက် ဇူလိုင်လ ၄ ရက်နေ့တွင် မန္တလေးငြိမ်းချမ်းမှု ထိန်းသိမ်းရေး ကော်မတီကို ဖွဲ့စည်းခဲ့သည်။

အဆိုပါ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်သည် မန္တလေးငြိမ်းချမ်းမှု ထိန်းသိမ်းရေး ကော်မတီ အပါအဝင် မန္တလေး အိုးဘိုထောင်နှင့် အေးရိပ်ငြိမ် သုသာန်ရှိ အစ္စလာမ် သုသာန်သို့လည်း သွားရောက်ခဲ့သည်။

The Voice Weekly

No comments:

Post a Comment