Thursday, July 3, 2014

မန္တလေး ပဋိပက္ခနှင့် ပတ်သက်၍ ဒီချုပ်ကြေညာချက်ထုတ်

မန္တလေးမြို့တွင် ဇွန်လ ၁ ရက်က ဖြစ်ပွားခဲ့သော လူမျိုး ရေး ပဋိပက္ခများနှင့်ပတ်သက်၍ အကြမ်းဖက် လုပ်ငန်းများသည် မလိုလားအပ်သော လုပ်ရပ်များ ဖြစ်ကြောင်း အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ပါတီက ထုတ်ပြန်ကြေ ညာသည်။
နိုင်ငံအတွင်း ဖြစ်ပွားသော ပဋိပက္ခများနှင့်  ပတ်သက်၍ ဒုတိယအကြိမ်မြောက်အဖြစ် ကြေ ညာချက်ထုတ်ပြန်လိုက်ခြင်းဖြစ် သည်။
‘‘ဒီချုပ်က ကြေညာချက်ကို  အခုလို မြန်မြန်ကြီးထွက်လာတာ အံ့သြတယ်။ ပါတီလုပ်ငန်းတွေ အခုလိုအမြဲ မြန်ဆန်နေဖို့ မျှော်လင့် ပါတယ်’’ ဟု နိုင်ငံရေးလေ့လာ သုံးသပ်သူတစ်ဦးက ပြောသည်။
ယခု မန္တလေးမြို့ဖြစ်စဉ်နှင့် ပတ်သက်၍ မခိုင်လုံသော ကော လာဟလ သတင်းများကြောင့် ပြည်သူများ ထိတ်လန့်တကြား ဖြစ်ပေါ်ခဲ့သည်သာမက အမျိုးအ မည်ခွဲခြားရန် ခက်ခဲသော လူစုလူဝေးအချို့၏ အကြမ်းဖက် လုပ် ငန်းများ ကျူးလွန်ခဲ့ခြင်းသည် လုံးဝမလိုလားအပ်သော ဖြစ်ရပ် များဖြစ်သည်ဟု အမျိုးသားဒီမိုက ရေစီ အဖွဲ့ချုပ်ပါတီ၏ ထုတ်ပြန် ကြေညာချက်တွင် ပါရှိသည်။
ဇွန်လ ၁ ရက် ညက မန္တ လေးမြို့တွင် ဖြစ်ပွားခဲ့သော ပဋိ ပက္ခများသည် ကောလာဟလကို အခြေတည်၍သာ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ကောလာဟလ ကိုလည်း ယခုအချိန်ထိ အတည် ပြုနိုင်ခြင်းမရှိသေးသည့်အတွက်  ပြည်သူများ သတိထားဆင်ခြင်ရန်လိုသည်ဟု အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှု ဆောင် ကော်မတီဝင် ဦးဉာဏ် ၀င်းက ပြောသည်။
‘‘အဓိကကတော့ စဖြစ်တာ နဲ့ အရေးယူတာမျိုး၊ ပွင့်ပွင့်လင်း လင်းနဲ့ ကြေညာချက်ထုတ်တာ မျိုးတွေ လုပ်ခဲ့ရင် အရင်ပဋိပက္ခ တွေလည်း ဒီလောက်ထိ ကြီးလာ စရာမရှိဘူး’’ ဟု ဦးဉာဏ်ဝင်းက ပြောသည်။
ထို့အပြင် အာဏာပိုင်များအနေဖြင့် ပဋိပက္ခ ဖြစ်ပွားပါက ပြည်သူလူထု၏ အသက်အိုးအိမ် လုံခြုံရေး ပိုမိုဦးစားပေးသင့်ပြီး ကာကွယ်ရေးအတွက် ဟန့်တားသည့် အလေ့အထများကို ပြုပြင်သင့်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ကြေညာသည်။
၂၀၁၂ ခုနှစ် ဇွန်လတွင် ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သည့် အမျိုးသမီးငယ်တစ်ဦး အဓမ္မကျင့် သတ်ခံရမှုမှ စတင်ခဲ့သော လူမျိုး ရေး၊ ဘာသာရေး ပဋိပက္ခများ သည် နိုင်ငံအလယ်ပိုင်း မိတ္ထီလာ မြို့နှင့် ရှမ်းပြည်နယ်၊ ရန်ကုန်မြို့၊ ပဲခူးတိုင်းအတွင်းမှ မြို့များသို့ပါ ကူးစက်ပျံ့နှံ့ခဲ့သည်။
အဆိုပါဖြစ်စဉ်များတွင် အ စိုးရ၏ အရေးယူမှုအားနည်းသော ကြောင့် မလိုလားအပ်ဘဲ ပြဿ နာများ ပိုမိုကြီးထွားသည်ဟု အ များစုက ပြောကြားသော်လည်း လူထုထောက်ခံမှု အပြည့်အ၀ ရရှိထားသော အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ပါတီက မည်သို့မှ မှတ်ချက်မပေးခဲ့ပေ။
ပိုမိုကြီးထွားလာသော ပဋိ ပက္ခများကြောင့် အမျိုးသားဒီမိုက ရေစီ အဖွဲ့ချုပ်ပါတီ၏ ရပ်တည် ချက်ကို ရခိုင်တိုင်းရင်းသားအချို့ က ဆန့်ကျင်ခဲ့ကြပြီး ရခိုင်ပြည် နယ်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ ပါတီဆိုင်းဘုတ်အချို့ ဖြုတ်ချခံခဲ့ရကာ ဒေါ်အောင်ဆန်းစုကြည်ကို ရခိုင်တိုင်းရင်းသားများက ကန့်ကွက်ခဲ့ကြသည်။
ယခု မန္တလေးမြို့ဖြစ်စဉ်ကို ကန့်ကွက်ကြေညာခြင်းအပေါ် ပါ တီပြောရေးဆိုခွင့်ရှိသူအား မေး မြန်းရာ ‘‘လက်တွေ့ကိုပဲ ကြည့်ပါ တယ်။ အတိတ်က ကိစ္စတွေကို ပြန်မပြောချင်တော့ပါဘူး’’ ဟု ဦးဉာဏ်ဝင်းက ပြန်လည်ဖြေကြားခဲ့သည်။

No comments:

Post a Comment