-ငွေချေး ယူ၍ ဆင်းရဲမှုလျှော့ချပေးရန်နည်း လမ်းမှာ အမှန်တကယ်ထိရောက်မှု မရှိဟု ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဒေါ်ခင်မွှေးလွင်က ပြည်သူ့လွှတ် တော်တွင် တင်ပြခဲ့သည်။
ဇူလိုင် ၂၂ရက်တွင် ကျင်းပ သော ပြည်သူ့လွှတ်တော် ဒသမပုံမှန် အစည်းအဝေးတွင် မင်းကင်းမဲဆန္ဒ နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါ်ခင်မွှေးလွင်မှ ဆင်းရဲနွမ်း ပါးမှုလျှော့ရန် ဒေသနှင့် ကိုက်ညီ သော နည်းလမ်းသစ်များဖြင့် စီမံချက် ချဆောင်ရွက်ရန်နှင့် အလုပ်အကိုင် ရှားပါးခြင်း အကြောင်းရင်း ပြန်လည် ဖော်ထုတ်၍ ကုစားနိုင်မည့်နည်းလမ်း ရှိမရှိ စပ်လျဉ်းသောမေးမြန်း မှုတွင် ယင်းသို့ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
''ငွေချေးယူ၍ ဆင်းရဲမှုလျှော့ ချပေးရန်နည်းလမ်းမှာလဲ တကယ် လက်တွေ့မှာ အသိပညာပေးခြင်းတွေပါ ပူးတွဲမဆောင်ရွက်နိုင်တဲ့အတွက် ပြန်ဆပ်ရတဲ့အခါမှာ ဒုက္ခများရခြင်း၊ လယ်ယာမြေအာမခံမရှိတဲ့ လက်လုပ် လက်စား ဗာဟီရသမားတွေကို အာ မခံမရှိလို့ ချေးငှားခွင့်မရရှိခြင်းတွေ ရှိနေတဲ့အတွက်လဲ အမှန်တကယ် ထိရောက်တယ်လို့မယူဆရပါဘူး''ဟုဇူလိုင် ၂၂ရက်တွင် ကျင်းပ သော ပြည်သူ့လွှတ်တော် ဒသမပုံမှန် အစည်းအဝေးတွင် မင်းကင်းမဲဆန္ဒ နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါ်ခင်မွှေးလွင်မှ ဆင်းရဲနွမ်း ပါးမှုလျှော့ရန် ဒေသနှင့် ကိုက်ညီ သော နည်းလမ်းသစ်များဖြင့် စီမံချက် ချဆောင်ရွက်ရန်နှင့် အလုပ်အကိုင် ရှားပါးခြင်း အကြောင်းရင်း ပြန်လည် ဖော်ထုတ်၍ ကုစားနိုင်မည့်နည်းလမ်း ရှိမရှိ စပ်လျဉ်းသောမေးမြန်း မှုတွင် ယင်းသို့ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ဒေါ်ခင်မွှေးလွင်က ပြောကြားသည်။
ယင်းမေးမြန်းမှုအပေါ် မွေးမြူ ရေး ရေလုပ်ငန်းနှင့် ကျေးလက်ဒေ သဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မှ ပြန်လည်ဖြေကြားမှုများတွင် ''ကျွန် တော်တို့ဝန်ကြီးဌာနအနေနဲ့ မြစိမ်း ရောင်စီမံကိန်းကို တိုင်းနဲ့ပြည်နယ် ၁၄ခု၊ နေပြည်တော်ကောင်စီနယ် မြေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတစ် ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ငါး ခုနှင့် ခရိုင် ၄၇ခုမှာရှိတဲ့ ကျေးရွာ ၂၁၅ဝမှာ နိုင်ငံတော် ဘတ်ဂျက်နှင့်အကောင်အထည်ဖော်ဆောင်ရွက် ပေး သွားမှာဖြစ်ကြောင်း၊ ပြည်သူ ဗဟိုပြုတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဦးစားပေးအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာမှာ ကမ္ဘာ့ဘဏ် အထောက်အပံ့ဖြင့် အမေရိကန်ဒေါ် လာသန်း ၈ဝဖြင့် လူထုအခြေပြုဖွံ့ ဖြိုးရေးစီမံကိန်းကို မြို့နယ် ၁၅မြို့ နယ်မှာ ဆောင်ရွက်ပေးသွားမှာဖြစ် ပါကြောင်း၊ အလားတူပဲ ဘဏ္ဍာ ရေးနှစ်အလိုက်ရရှိတဲ့ ဘတ်ဂျက် ငွေကိုလဲ ထိရောက်စွာနဲ့အကျိုး ရှိရှိ သက်ဆိုင်ရာ ဒေသအဖွဲ့အစည်း များနဲ့ ညှိနှိုင်းဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ဒေသနဲ့ကိုက်ညီဆီလျော် တဲ့နည်းလမ်းဖြင့် ဆောင်ရွက်နေတဲ့ စီမံကိန်းဖြစ်တဲ့ လူထုအခြေပြုဖွံ့ဖြိုး ရေး အမျိုးသား စီမံကိန်းနဲ့ မြစိမ်းရောင် စီမံကိန်းလုပ်ငန်းများကို ဘဏ္ဍာရေး အရင်းအမြစ်များ စဉ်ဆက်မပြတ်ရ ရှိရေးစီစဉ်ဆောင် ရွက်ပြီးတိုးချဲ့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်'' ဟု ဖြေကြားခဲ့သည်။
MH
Yangon Media Group
No comments:
Post a Comment