မလေးရှားလေကြောင်းလိုင်းမှ ခရီးသည် တင် လေယာဉ်တစ်စင်းသည် ယူကရိန်းနိုင်ငံ အတွင်း ရုရှားနယ်စပ်အနီး မြေပြင်မှ ဒုံးကျည်ဖြင့် ပစ်ခတ်ခံရမှုကြောင့်
ပျက်ကျသွားကြောင်း သိရှိရသည်။ မလေးရှားလေကြောင်းမှ Boeing-777 လေယာဉ်သည်
ခရီးစဉ် MH17 အဖြစ် ပျံသန်းသွားစဉ်
ယူကရိန်းလေကြောင်း ပိုင်နက် အတွင်းရောက်ရှိပြီးနောက်
အဆက်အသွယ်ပြတ်တောက်သွားကြောင်း
မလေးရှားလေကြောင်းလိုင်းက အတည်ပြုခဲ့သည်။ပျက်ကျသွားသည့် လေယာဉ်ပေါ်တွင် ခရီးသည် ၂၈၀ ဦးနှင့် လေယာဉ်အမှုထမ်း ၁၅ ဦး လိုက်ပါသွားကြောင်း ယူကရိန်းပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားသည်။ အဆိုပါလေယာဉ်သည် နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့မှ မလေးရှားနိုင်ငံမြို့တော် ကွာလာလမ်ပူသို့ ပျံသန်းလာစဉ် ဒုံးကျည်ဖြင့် ပစ်ခတ်ခံရပြီး ပျက်ကျခဲ့ခြင်းဖြစ်သည်။
No comments:
Post a Comment