Tuesday, July 1, 2014

KIA အဖွဲ့မှ ပြန်ပေးဆွဲ ငွေတောင်းမှုကြောင့် ဆင်းရဲသားဒေသခံများ အခက်ကြုံ

Photo: KIA အဖွဲ့မှ ပြန်ပေးဆွဲ ငွေတောင်းမှုကြောင့် ဆင်းရဲသားဒေသခံများ အခက်ကြုံ
Tuesday, July 01, 2014

ကချင်ပြည်နယ်၊ ဟိုပင်မြို့နယ်ရှိ ကျေးရွာများ၌ နေထိုင်သော ဆင်းရဲသားဒေသခံများအား KIA အဖွဲ့မှ ဇွန် ၂၇ ရက်နေ့တွင် ဖမ်းဆီးသွားပြီး ငွေဖြင့်လာရွေးရန် ပြောကြားမှုကြောင့် အခက်ကြုံနေရကြောင်း ယင်းဒေသခံများ ထံမှ သိရသည်။

“ ဖမ်းသွားတုန်းက ၃ ယောက်၊ အခု ဒေါ်ဂျာဘောက် က ပြန်လွတ်လာပြီ၊ သူ့မိသားစုက ငွေပေးနိုင်တယ်လေ၊ ကျန်တဲ့ ကောင်လေး ၂ ယောက်က ငွေမပေးနိုင်တော့ ပြန်မလွတ်လာသေးဘူး ” ဟု ကြာကြီးကွင်း ရွာသား တစ်ဦးက ပြောသည်။

KIA အဖွဲ့မှ ဖမ်းဆီးသွားသော ဒေသခံများမှာ ကြာကြီးကွင်းကျေးရွာနေ ဒေါ်ဂျာဘောက်နှင့် မောင်စိုးတင့်ကြိုင်၊ ရှမ်းကုန်းကျေးရွာနေ ဖိုးရှမ်းတို့ ဖြစ်ကြောင်း သိရသည်။

“ စိုးတင့်ကြိုင်နဲ့ ဖိုးရှမ်းက လယ်စာရင်းငှား လုပ်နေကြတာပါ၊ သူတို့ကို ဖမ်းသွားပြီး ငွေတောင်းတော့ ဘယ်က ငွေနဲ့ ပေးမလဲ၊ ဒေသခံတွေအပေါ် အနိုင်ကျင့်တာများနေပြီ၊ ဒီဒေသမှာ အဲဒီကောင်တွေ မရှိမှ နားအေးမယ် ထင်ပါတယ် ” ဟု ဦးစိုင်းထိန် က ဆိုသည်။

အဆိုပါ လူငယ်(၂)ဦးသည် နမ့်စွန်းရွာနေ ဦးလဒွဲဆီ ၌ လယ်စာရင်းငှားလုပ်နေကြသူများဖြစ်ကြောင်း၊ KIA အဖွဲ့ မှ တောင်းသောငွေမှာ ပမာဏ များလွန်း၍ အလုပ်ရှင်လည်း မတတ်နိုင်သလို မိဘဆွေမျိုးသားချင်းများလည်း အခက်ကြုံနေကြောင်း သိရသည်။

“ ဒေါ်ဂျာဘောက် က ၁၅ သိန်းပေးပြီး ပြန်လွတ်လာတာလို့ ပြောတယ်၊ စိုးတင့်ကြိုင်နဲ့ ဖိုးရှမ်းအတွက် စိုက်ပေး နိုင်တဲ့ငွေ မရှိတော့ ပြန်မရွေးနိုင်ဘူး ဖြစ်နေတယ်၊ KIA တပ်ရင်း(၅)က ခေါင်းဆောင်ကိုသွားတွေ့ပြီး တောင်းပန် မယ်လုပ်တော့ အတွေ့မခံဘူး၊ ဒီလိုနဲ့ပဲ KIA တပ်ထဲပါသွားဦးမှာပါပဲ ” ဟု စိုးတင့်ကြိုင်နှင့် ဆွေမျိုးတော်စပ်သူ တစ်ဦးက ပြောသည်။

KIA အဖွဲ့သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များတွင် အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ငြိမ်းချမ်းရေး သဘောတူညီမှု လက်မှတ်မရေးထိုးနိုင်သောအဖွဲ့ ဖြစ်ပြီး၊ ဆင်းရဲသားဒေသခံများအပေါ် ပြန်ပေးဆွဲ ငွေတောင်းမှုများက KIA ၏ ပုံရိပ်ကို ကျဆင်းစေကြောင်း ပြည်နယ်လွှတ်တော်အမတ်တစ်ဦးက ပြောကြားသွားသည်။

ညီသစ်(မြစ်ကြီးနား)

ဓာတ်ပုံ အင်တာနက်
ကချင်ပြည်နယ်၊ ဟိုပင်မြို့နယ်ရှိ ကျေးရွာများ၌ နေထိုင်သော ဆင်းရဲသားဒေသခံများအား KIA အဖွဲ့မှ ဇွန် ၂၇ ရက်နေ့တွင် ဖမ်းဆီးသွားပြီး ငွေဖြင့်လာရွေးရန် ပြောကြားမှုကြောင့် အခက်ကြုံနေရကြောင်း ယင်းဒေသခံများ ထံမှ သိရသည်။

“ ဖမ်းသွားတုန်းက ၃ ယောက်၊ အခု ဒေါ်ဂျာဘောက် က ပြန်လွတ်လာပြီ၊ သူ့မိသားစုက ငွေပေးနိုင် တယ်လေ၊ ကျန်တဲ့ ကောင်လေး ၂ ယောက်က ငွေမပေးနိုင်တော့ ပြန်မလွတ်လာသေးဘူး ” ဟု ကြာကြီးကွင်း ရွာသား တစ်ဦးက ပြောသည်။

KIA အဖွဲ့မှ ဖမ်းဆီးသွားသော ဒေသခံများမှာ ကြာကြီးကွင်းကျေးရွာနေ ဒေါ်ဂျာဘောက်နှင့် မောင်စိုးတင့်ကြိုင် ၊ ရှမ်းကုန်းကျေးရွာနေ ဖိုးရှမ်းတို့ ဖြစ်ကြောင်း သိရသည်။

“ စိုးတင့်ကြိုင်နဲ့ ဖိုးရှမ်းက လယ်စာရင်းငှား လုပ်နေကြတာပါ၊ သူတို့ကို ဖမ်းသွားပြီး ငွေတောင်းတော့ ဘယ်က ငွေနဲ့ ပေးမလဲ၊ ဒေသခံတွေအပေါ် အနိုင်ကျင့်တာများနေပြီ၊ ဒီဒေသမှာ အဲဒီကောင်တွေ မရှိမှ နားအေးမယ် ထင်ပါတယ် ” ဟု ဦးစိုင်းထိန် က ဆိုသည်။

အဆိုပါ လူငယ်(၂)ဦးသည် နမ့်စွန်းရွာနေ ဦးလဒွဲဆီ ၌ လယ်စာရင်းငှားလုပ်နေကြသူများဖြစ်ကြောင်း၊ KIA အဖွဲ့ မှ တောင်းသောငွေမှာ ပမာဏ များလွန်း၍ အလုပ်ရှင်လည်း မတတ်နိုင်သလို မိဘဆွေမျိုးသားချင်းများလည်း အခက်ကြုံနေကြောင်း သိရသည်။

“ ဒေါ်ဂျာဘောက် က ၁၅ သိန်းပေးပြီး ပြန်လွတ်လာတာလို့ ပြောတယ်၊ စိုးတင့်ကြိုင်နဲ့ ဖိုးရှမ်းအတွက် စိုက်ပေး နိုင်တဲ့ငွေ မရှိတော့ ပြန်မရွေးနိုင်ဘူး ဖြစ်နေတယ်၊ KIA တပ်ရင်း(၅)က ခေါင်းဆောင်ကိုသွားတွေ့ပြီး တောင်းပန် မယ်လုပ်တော့ အတွေ့မခံဘူး၊ ဒီလိုနဲ့ပဲ KIA တပ်ထဲပါသွားဦးမှာပါပဲ ” ဟု စိုးတင့်ကြိုင်နှင့် ဆွေမျိုးတော်စပ်သူ တစ်ဦးက ပြောသည်။

KIA အဖွဲ့သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များတွင် အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ငြိမ်းချမ်းရေး သဘောတူညီမှု လက်မှတ်မရေးထိုးနိုင်သောအဖွဲ့ ဖြစ်ပြီး၊ ဆင်းရဲသားဒေသခံများအပေါ် ပြန်ပေးဆွဲ ငွေတောင်းမှုများက KIA ၏ ပုံရိပ်ကို ကျဆင်းစေကြောင်း ပြည်နယ်လွှတ်တော်အမတ်တစ်ဦးက ပြောကြားသွားသည်။

ညီသစ်(မြစ်ကြီးနား)

ဓာတ်ပုံ အင်တာနက်

No comments:

Post a Comment