Wednesday, July 30, 2014

တရုတ်က မြို့ကြီးလေးမြို့ရှိ Microsoft ရုံးခန်းများကို ၀င်ရောက်စီးနင်းကာ စုံစမ်းစစ်ဆေးမှု စတင်ပြုလုပ်

အမေရိကန် နည်းပညာ ကုမ္ပဏီကြီး မိုက္ကရိုဆော့ဖ် (Microsoft) ကို တရုတ်က စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်ပြီး အရာရှိများက တရုတ်မြို့ကြီးလေးမြို့ရှိ Microsoft ရုံးခန်းများသို့ ဇူလိုင် ၂၉ ရက်က စီးနင်းရှာဖွေ မငများပြုလုပ်ခဲ့သည်။နိုင်ငံတော် စက်မှုလုပ်ငန်းနှင့် ကူးသန်းရောင်းဝယ်ရေး အုပ်ချုပ်ရေးအဖွဲ့က ၄င်း၏ စုံစမ်းစစ်ဆေးရေးမှူးများကို ပေကျင်း၊ ရှန်ဟိုင်း၊ ကွမ်ကျိုး၊ ချန်တူးမြို့များရှိ Microsoft ရုံးများသို့ စေလွှတ်ခဲ့ကြောင်း South China Morning Post က အစီရင်ခံခဲ့သည်။အဘယ်ကြောင့် ယင်းသို့ စစ်ဆေးသည်ကို ရှင်းလင်းစွာမသိရသေးပေ။ ကုမ္ပဏီ စစ်ဆေးခံရကြောင်း Microsoft China မှ ပြောခွင့်ရ အမျိုးသမီး ဂျုန်းလီက အတည်ပြုခဲ့ပြီး အစိုးရနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဟု ပြောကြားခဲ့သည်။
Ref: South China Morning Post

No comments:

Post a Comment