Wednesday, July 23, 2014

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ၏ ညီလာခံအတွက် NCCT အဖွဲ့ဝင် ကိုယ်စားလှယ်များ လိုင်ဇာ၌ အကြိုဆွေးနွေး

Photo: တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ၏ ညီလာခံအတွက် NCCT အဖွဲ့ဝင် ကိုယ်စားလှယ်များ လိုင်ဇာ၌ အကြိုဆွေးနွေး
Wednesday, July 23, 2014

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ၏ ညီလာခံအတွက် ပြင်ဆင်သည့် ဆွေးနွေးမှုကို NCCT အဖွဲ့ဝင် ကိုယ်စားလှယ်များ လိုင်ဇာ၌ ဇူလိုင် ၂၂ ရက်တွင် စတင်ပြုလုပ်နေကြောင်း သတင်းရရှိသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ဌာနချုပ်တည်ရှိရာ လိုင်ဇာဒေသတွင် ဇူလိုင် ၂၄ ရက်မှ စတင်ပြုလုပ်မည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ ထိပ်သီးညီလာခံ၌ အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့အကြား ဆောင်ရွက်နေသည့် နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေး ညှိနှိုင်းမှု အခြေအနေအား တင်ပြရန်တို့နှင့် ပတ်သက်ပြီး NCCT အဖွဲ့မှ ကြိုတင်ညှိနှိုင်း ဆွေးနွေးနေခြင်းဖြစ်ကြောင်း သိရသည်။

NCCT အဖွဲ့၏ ဆွေးနွေးမှုနှင့်ပတ်သက်ပြီး NCCT အဖွဲ့ ဒုတိယအဖွဲ့ခေါင်းဆောင်(၂)၊ ကေအိုင်အိုအဖွဲ့မှ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်အား ဇူလိုင် ၂၂ ရက်တွင် တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ဗိုလ်ချုပ်ဂွမ်မော်က “အစည်းအဝေးအတွက် ပြင်ဆင်တဲ့အနေနဲ့ ကျွန်တော်တို့ လုပ်ငန်းကိစ္စတွေကို ဆွေးနွေးနေတာပါ” ဟု ပြောကြားသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့မှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော NCCT အဖွဲ့၏ လုပ်ဆောင်မှုများ၊ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး ညှိနှိုင်းသည့်နေရာတွင် ကြုံတွေ့ရသည့် NCCT အဖွဲ့ မဆုံးဖြတ်နိုင်သည့် ကိစ္စများကို လိုင်ဇာထိပ်သီးညီလာခံတွင် တင်ပြရန်အတွက် NCCT အဖွဲ့ဝင်များက တာဝန်ခွဲဝေရေးဆွေးနွေးမှု ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်ရေးအတွက် UPWC နှင့် NCCT တို့ ပူးပေါင်းရေးဆွဲထားသည့် အပစ်ရပ်စဲရေးမူကြမ်းတွင် ညှိနှိုင်းရန် အချက်အလက် ရာခိုင်နှုန်း ၃ဝ သာ ကျန်ရှိတော့ကြောင်းနှင့် လိုင်ဇာထိပ်သီးခေါင်းဆောင်များ ညီလာခံတွင် ယင်းညှိနှိုင်းရန်ကျန်သည့် အချက်များကိုသာ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

လိုင်ဇာညီလာခံသို့ တက်ရောက်မည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ သွားလာရေးကိစ္စများကို Myanmar Peace Center မှ တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ပေးနေသကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များ မြစ်ကြီးနားမြို့မှ လိုင်ဇာအထိ သွားလာရေးကို မြစ်ကြီးနားမြို့အခြေစိုက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) က ကချင်ပြည်နယ်အစိုးရအဖွဲ့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့နှင့် ညှိနှိုင်းဆောင်ရွက် ကူညီပေးလျက်ရှိသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များသည် ထိပ်သီးညီလာခံမတိုင်မီ ကြိုတင်ညှိနှိုင်း ဆောင်ရွက်မှုများ ပြုလုပ်ရန် ဇူလိုင် ၂၁ ရက် မွန်းလွဲ ၁ နာရီတွင် မြစ်ကြီးနားမြို့မှ လိုင်ဇာသို့ မော်တော်ယာဉ်များဖြင့် ထွက်ခွာသွားခဲ့ခြင်းဖြစ်ပြီး ယနေ့ (ဇူလိုင် ၂၃ ရက်) တွင်လည်း ကျန်ရှိနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့မှ ကိုယ်စားလှယ်များ မြစ်ကြီးနားမှ လိုင်ဇာသို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

Eleven
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ် သီးခေါင်းဆောင်များ၏ ညီလာခံအတွက် ပြင်ဆင် သည့် ဆွေးနွေးမှုကို NCCT အဖွဲ့ဝင် ကိုယ်စားလှယ်များ လိုင်ဇာ၌ ဇူလိုင် ၂၂ ရက်တွင် စတင်ပြုလုပ်နေကြောင်း သတင်းရရှိသည်။
ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို)
ဌာနချုပ်တည်ရှိရာ လိုင်ဇာဒေသတွင် ဇူလိုင် ၂၄ ရက်မှ စတင်ပြုလုပ်မည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ ထိပ်သီးညီလာခံ၌ အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့အကြား ဆောင်ရွက်နေသည့် နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေး ညှိနှိုင်းမှု အခြေအနေအား တင်ပြရန်တို့နှင့် ပတ်သက်ပြီး NCCT အဖွဲ့မှ ကြိုတင်ညှိနှိုင်း ဆွေးနွေးနေခြင်းဖြစ်ကြောင်း သိရသည်။

NCCT အဖွဲ့၏ ဆွေးနွေးမှုနှင့်ပတ်သက်ပြီး NCCT အဖွဲ့ ဒုတိယအဖွဲ့ခေါင်းဆောင်(၂)၊ ကေအိုင်အိုအဖွဲ့မှ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်အား ဇူလိုင် ၂၂ ရက်တွင် တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ဗိုလ်ချုပ်ဂွမ်မော်က “အစည်းအဝေးအတွက် ပြင်ဆင်တဲ့အနေနဲ့ ကျွန်တော်တို့ လုပ်ငန်းကိစ္စတွေကို ဆွေးနွေးနေတာပါ” ဟု ပြောကြားသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့မှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော NCCT အဖွဲ့၏ လုပ်ဆောင်မှုများ၊ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး ညှိနှိုင်းသည့်နေရာတွင် ကြုံတွေ့ရသည့် NCCT အဖွဲ့ မဆုံးဖြတ်နိုင်သည့် ကိစ္စများကို လိုင်ဇာထိပ်သီးညီလာခံတွင် တင်ပြရန်အတွက် NCCT အဖွဲ့ဝင်များက တာဝန်ခွဲဝေရေးဆွေးနွေးမှု ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်ရေးအတွက် UPWC နှင့် NCCT တို့ ပူးပေါင်းရေးဆွဲထားသည့် အပစ်ရပ်စဲရေးမူကြမ်းတွင် ညှိနှိုင်းရန် အချက်အလက် ရာခိုင်နှုန်း ၃ဝ သာ ကျန်ရှိတော့ကြောင်းနှင့် လိုင်ဇာထိပ်သီးခေါင်းဆောင်များ ညီလာခံတွင် ယင်းညှိနှိုင်းရန်ကျန်သည့် အချက်များကိုသာ ဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။

လိုင်ဇာညီလာခံသို့ တက်ရောက်မည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ သွားလာရေးကိစ္စများကို Myanmar Peace Center မှ တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ပေးနေသကဲ့သို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များ မြစ်ကြီးနားမြို့မှ လိုင်ဇာအထိ သွားလာရေးကို မြစ်ကြီးနား မြို့အခြေစိုက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) က ကချင်ပြည်နယ် အစိုးရအဖွဲ့၊ မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်တို့နှင့် ညှိနှိုင်းဆောင်ရွက် ကူညီပေးလျက်ရှိသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များသည် ထိပ်သီးညီလာခံမတိုင်မီ ကြိုတင်ညှိနှိုင်း ဆောင်ရွက်မှုများ ပြုလုပ်ရန် ဇူလိုင် ၂၁ ရက် မွန်းလွဲ ၁ နာရီတွင် မြစ်ကြီးနားမြို့မှ လိုင်ဇာသို့ မော်တော်ယာဉ်များဖြင့် ထွက်ခွာသွားခဲ့ခြင်းဖြစ်ပြီး ယနေ့ (ဇူလိုင် ၂၃ ရက်) တွင်လည်း ကျန်ရှိနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့မှ ကိုယ်စားလှယ်များ မြစ်ကြီးနားမှ လိုင်ဇာသို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

Eleven

No comments:

Post a Comment