Tuesday, July 8, 2014

PR စနစ်သည် တိုင်းရင်းသားပြည်သူများ၏ အကျိုးစီးပွားကို ဖော်ဆောင်နိုင်ခြင်းမရှိဘဲ ပါတီအချို့အတွက်သာ အကျိုးရှိနိုင်သောကြောင့် ကျင့်သုံးရန်မသင့်ဟု NLD နှင့် တိုင်းရင်းသားပါတီများ ပူးတွဲသဘောထားထုတ်ပြန်

Photo: PR စနစ်သည် တိုင်းရင်းသားပြည်သူများ၏ အကျိုးစီးပွားကို ဖော်ဆောင်နိုင်ခြင်းမရှိဘဲ ပါတီအချို့အတွက်သာ အကျိုးရှိနိုင်သောကြောင့် ကျင့်သုံးရန်မသင့်ဟု NLD နှင့် တိုင်းရင်းသားပါတီများ ပူးတွဲသဘောထားထုတ်ပြန်
Tuesday, July 8, 2014

ကိုယ်စားပြုအချိုးကျစနစ် (PR စနစ်) သည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး၏ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး၏ အကျိုးစီးပွားကို ဖော်ဆောင်နိုင်ခြင်းမရှိဘဲ ပါတီအချို့အတွက်သာ အကျိုးရှိနိုင်သောကြောင့် PR စနစ်ကို မြန်မာနိုင်ငံ ရွေးကောက်ပွဲတွင် ပြောင်းလဲကျင့်သုံးရန် မသင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် မိတ်ဖက်တိုင်းရင်းသား ပါတီများက ဇူလိုင် ၇ ရက်တွင် ပူးတွဲသဘောထား ကြေညာချက်တစ်စောင်ကို တညီတညွတ်တည်း သဘောတူညီကြောင်း ထုတ်ပြန်ခဲ့သည်။

အဆိုပါကြေညာချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသားပါတီ၊ ဇိုမီးကွန်ဂရက် ဒီမိုကရေစီပါတီ၊ ရှမ်းပြည်ကိုးကန့် ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီပါတီတို့မှ ပူးပေါင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ၁၉၉၈ ခုနှစ်က ဖွဲ့စည်းခဲ့သော ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) အဖွဲ့ဝင် တိုင်းရင်းသားနိုင်ငံရေးပါတီများမှ ခေါင်းဆောင်များဖြစ်သည့် ဦးအေးသာအောင်၊ ဦးခွန်ထွန်းဦး၊ ဦးနိုင်ငွေသိမ်းစသည်တို့ အပါအဝင် တိုင်းရင်းသားခေါင်းဆောင်များသည် ဇူလိုင် ၅ ရက်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးချုပ်၌ တွေ့ဆုံ၍ ၂ဝဝ၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ PR စနစ်ကို မြန်မာနိုင်ငံတွင် ကျင့်သုံး သင့်မသင့်၊ အမျိုးသားအကျိုးစီး ပွားအတွက် လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးကိစ္စ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ နောက်ဆုံးထုတ်ပြန်ရန် ပြင်ဆင်ထားသော ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေများ၊ လုပ်ငန်းလမ်းညွှန်များနှင့် ပတ်သက်သည့် ကိစ္စများကို ဆွေးနွေးခဲ့ပြီး ယခုကဲ့သို့ ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကြေညာချက်တွင် ၂ဝဝ၈ ဖွဲ့ စည်းပုံအခြေခံဥပဒေသည် စစ်မှန်သော ပြည်ထောင်စုနိုင်ငံ ထူထောင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားများ၏ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို ဖော်ဆောင်နိုင်ခြင်း မရှိသဖြင့် ပြင်ဆင်သင့်ကြောင်း နှင့် PR စနစ်သည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး၏ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး၏ အကျိုးစီးပွားကို ဖော်ဆောင်နိုင်ခြင်းမရှိဘဲ ပါတီအချို့အတွက်သာ အကျိုးရှိနိုင်သောကြောင့် PR စနစ်ကို မြန်မာနိုင်ငံ ရွေးကောက်ပွဲတွင် ပြောင်းလဲကျင့်သုံးရန် မသင့်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးတွင် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးခြင်းဖြင့် မြန်မာနိုင်ငံ၏ ပစ္စုပ္ပန်နှင့်အနာဂတ် အရေးတို့တွင် ကြီးစွာအကျိုးဖြစ်ထွန်းနိုင်ကြောင်း သုံးသပ်ချက်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ နောက်ဆုံးထုတ်ပြန်ရန် ရည်ရွယ်ထားသော ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေများ၊ လုပ်ငန်းလမ်းညွှန်ပါ များစွာသောအချက်များသည် ဒီမိုကရေစီရေးနှင့် နိုင်ငံရေးပါတီများ၏ လုပ်ပိုင်ခွင့်နှင့် အခွင့်အရေးများကို ကန့်သတ်ချုပ်ချယ်ထားသည့် အချက်များဖြစ်နေသည့်အပြင် လွတ်လပ်၍ တရားမျှတမှုမရှိကြောင်း သုံးသပ်မိသဖြင့် ပြန်လည်ပြင်ဆင် ပေးသင့်ကြောင်းကိုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးအေးသာအောင်က “PR စနစ်ကို မြန်မာနိုင်ငံမှာ ကျင့်သုံးဖို့မသင့်ဘူးဆိုပြီး ဆွေးနွေးဆုံးဖြတ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံရဲ့ လက်ရှိရွေးကောက်ပွဲစနစ်ဟာ ဖဆပလခေတ်ကလည်း ကျင့်သုံးခဲ့ပြီးပြီ။ ကိုးဆယ်ရွေးကောက်ပွဲမှာလည်း ကျင့်သုံးခဲ့ပြီးပြီ။ ၂ဝ၁ဝ မှာလည်း ကျင်သုံးခဲ့တယ်။ ကြားဖြတ်ရွေးကောက်ပွဲမှာလည်း ကျင့်သုံးခဲ့တယ်။ တစ်စုံတစ်ရာ ဘာမှပြဿနာရှိတာကို မတွေ့ရဘူး။PR စနစ်ကို ကျင့်သုံးခြင်းအားဖြင့် မြန်မာပြည်အတွက်ရော ပြည်သူတွေအတွက်ပါ တစ်စုံတစ်ရာ အကျိုးရနိုင်စရာ မရှိဘူး။ အထူးသဖြင့် တိုင်ရင်းသားပါတီများ အနေနဲ့ အကျိုးယုတ်စရာတွေရှိတယ်” ဟု ပြောကြားသည်။

“အပြောင်းအလဲကာလမှာ တကယ်ပြောင်းလဲဖို့ ကြိုးစားရမှာက ဒီမိုကရေစီစနစ်ထွန်းကားဖို့ ပြီးတော့ ပြည်တွင်းစစ်ရပ်ဖို့၊ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ဖို့၊ ဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်ဖို့ ဒါတွေအတွက်ပဲ ပြောင်းလဲဖို့ ကြိုးပမ်းသင့်တယ်။ ရွေးကောက်ပွဲစနစ်ဟောင်းကနေ ရွေးကောက်ပွဲစနစ်သစ်ကို ပြောင်းလဲကျင့်သုံးဖို့ ကြိုးပမ်းစရာမလိုဘူးလို့ သုံးသပ်ပါတယ်။ ဒါ့အပြင် ဒီ PR စနစ်ကို တင်လာတာက ကြားဖြတ်ရွေး ကောက်ပွဲမှာ NLD က အပြတ်အသတ်နိုင်လိုက်တော့ ပါတီတစ်ခုက သူတို့ပါတီရွေးကောက်ပွဲမှာ အနိုင်မရနိုင်ဘူးလို့ စိုးရိမ်စိတ်တွေ ဝင်လာတဲ့အတွက်ကြောင့် ဒီ PR စနစ်ကို တင်သွင်းလာတာဖြစ်တယ်။ ဒါကြောင့် ပါတီတစ်ခုရဲ့ အကျိုးအတွက်ပဲ တင်သွင်းလာတာဖြစ်တယ်။ တိုင်းပြည်အတွက် ပြည်သူအတွက်ဘာမှ အကျိုးရှိနိုင်မှာမဟုတ်တဲ့ အတွက်ကြောင့် ဒီ PR စနစ်ကို ကျင့်သုံးဖို့မသင့်ဘူးလို့ ဆွေးနွေးဆုံးဖြတ်ခဲ့ပါတယ်” ဟု ၎င်းကပြောကြားသည်။ 

NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအေးသာအောင်၊ ဦးခွန်ထွန်းဦး၊ ဦးနိုင်ငွေသိမ်းစသည့် တိုင်းရင်းသားနိုင်ငံရေး ပါတီများမှ ခေါင်းဆောင်များ ဇူလိုင် ၅ ရက်က တွေ့ဆုံနေစဉ် (ဓာတ်ပုံ-NLD)
Eleven Media Group
ကိုယ်စားပြုအချိုးကျစနစ် (PR စနစ်) သည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး၏ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး၏ အကျိုးစီးပွားကို ဖော်ဆောင်နိုင်ခြင်းမရှိဘဲ ပါတီအချို့အတွက်သာ အကျိုးရှိနိုင်သောကြောင့် PR စနစ်ကို မြန်မာနိုင်ငံ ရွေးကောက်ပွဲတွင် ပြောင်းလဲကျင့်သုံးရန် မသင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
(NLD) နှင့် မိတ်ဖက်တိုင်းရင်းသား ပါတီများက ဇူလိုင် ၇ ရက်တွင် ပူးတွဲ သဘော ထား ကြေညာ ချက်တစ်စောင်ကို တညီတညွတ်တည်း သဘောတူညီကြောင်း ထုတ်ပြန်ခဲ့သည်။

အဆိုပါကြေညာချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသားပါတီ၊ ဇိုမီးကွန်ဂရက် ဒီမိုကရေစီပါတီ၊ ရှမ်းပြည်ကိုးကန့် ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီပါတီတို့မှ ပူးပေါင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ၁၉၉၈ ခုနှစ်က ဖွဲ့စည်းခဲ့သော ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) အဖွဲ့ဝင် တိုင်းရင်းသားနိုင်ငံရေးပါတီများမှ ခေါင်းဆောင်များဖြစ်သည့် ဦးအေးသာအောင်၊ ဦးခွန်ထွန်းဦး၊ ဦးနိုင်ငွေသိမ်းစသည်တို့ အပါအဝင် တိုင်းရင်းသားခေါင်းဆောင်များသည် ဇူလိုင် ၅ ရက်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးချုပ်၌ တွေ့ဆုံ၍ ၂ဝဝ၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ PR စနစ်ကို မြန်မာနိုင်ငံတွင် ကျင့်သုံး သင့်မသင့်၊ အမျိုးသားအကျိုးစီး ပွားအတွက် လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးကိစ္စ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ နောက်ဆုံးထုတ်ပြန်ရန် ပြင်ဆင်ထားသော ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေများ၊ လုပ်ငန်းလမ်းညွှန်များနှင့် ပတ်သက်သည့် ကိစ္စများကို ဆွေးနွေးခဲ့ပြီး ယခုကဲ့သို့ ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကြေညာချက်တွင် ၂ဝဝ၈ ဖွဲ့ စည်းပုံအခြေခံဥပဒေသည် စစ်မှန်သော ပြည်ထောင်စုနိုင်ငံ ထူထောင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားများ၏ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို ဖော်ဆောင်နိုင်ခြင်း မရှိသဖြင့် ပြင်ဆင်သင့်ကြောင်း နှင့် PR စနစ်သည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး၏ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး၏ အကျိုးစီးပွားကို ဖော်ဆောင်နိုင်ခြင်းမရှိဘဲ ပါတီအချို့အတွက်သာ အကျိုးရှိနိုင်သောကြောင့် PR စနစ်ကို မြန်မာနိုင်ငံ ရွေးကောက်ပွဲတွင် ပြောင်းလဲကျင့်သုံးရန် မသင့်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးတွင် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးခြင်းဖြင့် မြန်မာနိုင်ငံ၏ ပစ္စုပ္ပန်နှင့်အနာဂတ် အရေးတို့တွင် ကြီးစွာအကျိုးဖြစ်ထွန်းနိုင်ကြောင်း သုံးသပ်ချက်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ နောက်ဆုံးထုတ်ပြန်ရန် ရည်ရွယ်ထားသော ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေများ၊ လုပ်ငန်းလမ်းညွှန်ပါ များစွာသောအချက်များသည် ဒီမိုကရေစီရေးနှင့် နိုင်ငံရေးပါတီများ၏ လုပ်ပိုင်ခွင့်နှင့် အခွင့်အရေးများကို ကန့်သတ်ချုပ်ချယ်ထားသည့် အချက်များဖြစ်နေသည့်အပြင် လွတ်လပ်၍ တရားမျှတမှုမရှိကြောင်း သုံးသပ်မိသဖြင့် ပြန်လည်ပြင်ဆင် ပေးသင့်ကြောင်းကိုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးအေးသာအောင်က “PR စနစ်ကို မြန်မာနိုင်ငံမှာ ကျင့်သုံးဖို့မသင့်ဘူးဆိုပြီး ဆွေးနွေးဆုံးဖြတ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံရဲ့ လက်ရှိရွေးကောက်ပွဲစနစ်ဟာ ဖဆပလခေတ်ကလည်း ကျင့်သုံးခဲ့ပြီးပြီ။ ကိုးဆယ်ရွေးကောက်ပွဲမှာလည်း ကျင့်သုံးခဲ့ပြီးပြီ။ ၂ဝ၁ဝ မှာလည်း ကျင်သုံးခဲ့တယ်။ ကြားဖြတ်ရွေးကောက်ပွဲမှာလည်း ကျင့်သုံးခဲ့တယ်။ တစ်စုံတစ်ရာ ဘာမှပြဿနာရှိတာကို မတွေ့ရဘူး။PR စနစ်ကို ကျင့်သုံးခြင်းအားဖြင့် မြန်မာပြည်အတွက်ရော ပြည်သူတွေအတွက်ပါ တစ်စုံတစ်ရာ အကျိုးရနိုင်စရာ မရှိဘူး။ အထူးသဖြင့် တိုင်ရင်းသားပါတီများ အနေနဲ့ အကျိုးယုတ်စရာတွေရှိတယ်” ဟု ပြောကြားသည်။

“အပြောင်းအလဲကာလမှာ တကယ်ပြောင်းလဲဖို့ ကြိုးစားရမှာက ဒီမိုကရေစီစနစ်ထွန်းကားဖို့ ပြီးတော့ ပြည်တွင်းစစ်ရပ်ဖို့၊ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ဖို့၊ ဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်ဖို့ ဒါတွေအတွက်ပဲ ပြောင်းလဲဖို့ ကြိုးပမ်းသင့်တယ်။ ရွေးကောက်ပွဲစနစ်ဟောင်းကနေ ရွေးကောက်ပွဲစနစ်သစ်ကို ပြောင်းလဲကျင့်သုံးဖို့ ကြိုးပမ်းစရာမလိုဘူးလို့ သုံးသပ်ပါတယ်။ ဒါ့အပြင် ဒီ PR စနစ်ကို တင်လာတာက ကြားဖြတ်ရွေး ကောက်ပွဲမှာ NLD က အပြတ်အသတ်နိုင်လိုက်တော့ ပါတီတစ်ခုက သူတို့ပါတီရွေးကောက်ပွဲမှာ အနိုင်မရနိုင်ဘူးလို့ စိုးရိမ်စိတ်တွေ ဝင်လာတဲ့အတွက်ကြောင့် ဒီ PR စနစ်ကို တင်သွင်းလာတာဖြစ်တယ်။ ဒါကြောင့် ပါတီတစ်ခုရဲ့ အကျိုးအတွက်ပဲ တင်သွင်းလာတာဖြစ်တယ်။ တိုင်းပြည်အတွက် ပြည်သူအတွက်ဘာမှ အကျိုးရှိနိုင်မှာမဟုတ်တဲ့ အတွက်ကြောင့် ဒီ PR စနစ်ကို ကျင့်သုံးဖို့မသင့်ဘူးလို့ ဆွေးနွေးဆုံးဖြတ်ခဲ့ပါတယ်” ဟု ၎င်းကပြောကြားသည်။

NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအေးသာအောင်၊ ဦးခွန်ထွန်းဦး၊ ဦးနိုင်ငွေသိမ်းစသည့် တိုင်းရင်းသားနိုင်ငံရေး ပါတီများမှ ခေါင်းဆောင်များ ဇူလိုင် ၅ ရက်က တွေ့ဆုံနေစဉ် (ဓာတ်ပုံ-NLD)
Eleven Media Group

No comments:

Post a Comment