Sunday, July 20, 2014

အွန်လိုင်းအချက်အလက်ခိုးယူမှုများ ကာကွယ်နိုင်ရန် ကမ္ဘောဇဘဏ်က RSA ကို ရွေးချယ်

ရန်ကုန်၊ ဇူလိုင် ၁၈- အွန်လိုင်းအချက်အ လက်ခိုးယူမှုနှင့် ဆိုက်ဘာရာဇဝတ်မှုများမှ ကာကွယ်ပေးနိုင်ရန်အတွက် ကမ္ဘောဇဘဏ် အနေဖြင့် EMC (NYSE,EMC) ၏လုံခြုံ ရေးဆိုင်ရာဌာနခွဲဖြစ်သည့်ျွှဗ၏ လုံခြုံ ရေးဆိုင်ရာအထောက်အထားစိစစ်မှုနှင့် လိမ် လည်မှုတိုက်ဖျက်ရေး အဓိကဖြေရှင်းဆောင် ရွက်မှုနည်းလမ်းများအား ရွေးချယ်လိုက် ကြောင်း ကမ္ဘောဇဘဏ်သတင်းနှင့်ပြန်ကြား ရေးနည်းပညာဌာနမှ UTPALBORA က ပြောသည်။
ကမ္ဘောဇဘဏ်သည် လက်ရှိအ ချိန်တွင် ကြုံတွေ့နိုင်သော ခြိမ်းခြောက်မှုများ ကိုသာမက အနာဂတ်တွင်ကြုံတွေ့လာနိုင်သည့် ခြိမ်းခြောက် မှုများအတွက်ပါ ပြည့်စုံ သော လုံခြုံမှုကို ထောက်ပံ့ပေးနိုင်ရန်အတွက် RSA ၏အဓိကဖြေရှင်းမှု Solutions များ ဖြစ်သည့် RSA Adaptive Authentication / RSA SecureID နှင့် RSA Fraud Action Service များကို ပေါင်းစပ်ချိန်ညှိ သုံးစွဲသွားမည်ဖြစ်သည်။

''လက်ရှိအချိန်ဟာ မြန်မာနိုင်ငံ ရဲ့ စီးပွားရေးအရှိန်အဟုန် မြင့်တက်လာ တာနဲ့အမျှ အွန်လိုင်းဘဏ်လုပ်ငန်းဆိုင်ရာ လိုအပ်ချက်တွေလဲ ပိုမိုမြင့် တက် လာပါတယ်။ ဒါကြောင့် သုံးစွဲသူဖောက်သည်တွေကို အကာအကွယ်ပေးနိုင်ဖို့အတွက် ခိုင်မာတောင့် တင်းတဲ့၊ လိုက်လျော ညီထွေ ပြုပြင်နိုင်တဲ့ လုံခြုံရေးဆိုင်ရာ အထောက်အထား စိစစ်မှု စနစ်တွေ လိုအပ်လာပါတယ်''ဟု UTPALBORA က ပြောသည်။

System Integration Specialist ကုမ္ပဏီတစ်ခုဖြစ်သည့် Myanmar Millennium Group (MMG) နှင့်အတူလက်တွဲ၍ အွန် လိုင်းခြိမ်း ခြောက်မှု များအား ဖြစ်လာမှ တုံ့ပြန်ခြင်းထက် မဖြစ်ခင်က ကြိုတင်ကာကွယ်နိုင်သည့် အ ခြေအနေကို ဖန်တီးယူသော ချဉ်းကပ်ဖြေ ရှင်းမှု နည်းလမ်းများဖြင့် လုပ်ကိုင်ဆောင် ရွက်သွားမည်ဟု သိရသည်။

RSA Authentication နှင့် Anti Fraud Solutions များကို အသုံးပြုခြင်း အားဖြင့် ကမ္ဘောဇဘဏ်သည် ထောက်လှမ်း ရရှိသော ခြိမ်းခြောက်မှုအခြေအနေ၊ ဝင် ရောက်ခဲ့သော အရင်းအမြစ်များနှင့် ယင်း ကို လျော့ကျစေရန်အတွက် အရေးယူရန် လိုအပ်သော သင့်တော်သည့်အခြေအနေ အတိုင်းအတာတို့ကို လုံခြုံမှုနှင့် လွယ်ကူစွာ အသုံးပြုနိုင်မှုတို့ကို ချိန်ညှိ၍ ပိုမိုကောင်းမွန် စွာ ဆုံးဖြတ်နိုင်မည်ဖြစ်သည်။

RSA အွန်လိုင်းလိမ်လည်မှုတိုက် ဖျက်ထိန်းချုပ်ရေးစင်တာ၏ အညွှန်းအရ အရှေ့တောင်အာရှတစ်ခုတည်းမှာပင် လွန် ခဲ့သည့် တစ်နှစ်အတွင်း အွန်လိုင်းအချက် အလက်ခိုးယူမှု တိုးတက်နှုန်း ၃၁ ရာခိုင် နှုန်းရှိခဲ့ကြောင်း သိရသည်။

Yangon Media Group

No comments:

Post a Comment