Friday, July 18, 2014

Typhoon Rammasun ရဲ့ ရှေ့ဆက်ရမယ့်ခရီးအမှန်

(၂၀-၇-၀၁၄)ရက်ညနေ(၃)နာရီခန့်မှာ မြန်မာပြည် အရှေ့မြောက်ပိုင်းအနှီး ချဉ်းကပ်လာနိုင်ပါတယ်။
Typhoon Rammasun ဟာ ဖိလစ်ပိုင်နိုင်ငံ လူဇုန်ကျွန်း။ မြို့တော်မနီလာကို တစ်နာရီ(၁၂၅) မိုင်နှုန်းနဲ့ ၀င်ရောက်တိုက်ခတ်ပြီးတဲ့နောက် အားလျော့ကျ သွားခဲ့သေးပေမယ့် တောင်တရုတ် ပင်လယ်ပြင်ရဲ့ ရေပြင်ကျယ်ပေါ် ပြန်ဝင်လာတဲ့ အခါမှာတော့ အားတွေပြန်ပျိုး လာတဲ့ပြီး၊ အခုတော့ တစ်နာရီမိုင်(၁၄၀) နှုန်း တိုက်ခတ်နေတဲ့ Category V အဆင့်ရှိတဲ့ မုန်တိုင်းကြီးဖြစ်နေပြန်ပါပြီ။
စနေနေ့ (၁၉-၇-၂၀၁၄)ရက် နံနက်ပိုင်းအချိန်မှာ တရုတ်နိုင်ငံ။ ဟိုင်နန်ကျွန်းကို စတင်ဖြတ်ကျော် မယ်လို့
ခန့်မှန်းထားပါတယ်။ ဖြတ်ကျော်စဉ်မှာ category V ကနေ Category IV အဆင့်ကို ကျဆင်းသွားမယ်လို့ ခန့်မှန်းထားပါတယ်။ အထိခိုက်အပျက်အစီး ကတော့ များပါလိမ့်ဦးမယ်။
ကမ်းကိုဖြတ်ကျော်ပြီးတဲ့နောက် ကုန်းတွင်းပိုင်းမှာ အနောက်မြောက်ယွန်းယွန်းကို ဆက်လက်ေ၇ွ့ပြီးတဲ့နောက် တဖြည်းဖြည်းတော့ အားလျော့လာပါလိမ့်မယ်။ ဒါပေမယ့် ရုတ်တရက်တော့ အားလျော့ကျမသွားဘဲ (၂၀-၉-၂၀၁၄)ရက် တနင်္ဂနွေနေ့ ညနေပိုင်းမှာ မြန်မာနိုင်ငံအရှေ့မြောက်ပိုင်း အနီးကို ချဉ်းကပ်လာပါလိမ့်မယ်။
ဒီတော့ မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေကို တနင်္ဂနွေနေ့ညကစပြီး မိုးတွေ ပေးပါတော့မယ်။
တစ်နည်းပြောရရင်တော့ မြန်မာနိုင်ငံဖက်ကို အရှေ့ဖက်က တိုင်ဖွန်းအကြွင်းအကျန်တွေ ဇူလိုင်အလယ်မှ စတင်ပြီးရတော့မယ် ဆိုပါတော့။ ဒါဟာလည်း ဒီနှစ် ၂၀၁၄ ခုနှစ်အတွင်း ဖြစ်လာမယ့် အယ်လ်နီညိုရာသီဥတုဖြစ် လာနိုင်မှု လျော့ကျလာတာနဲ့ ဆက်စပ်မှုရှိနေနိုင်ပါတယ်။
ဘာဘဲပြောပြော လက်ရှိအခြေအနေအရတော့
(၁) ၂၀၁၄ ခုနှစ်မျာ အားကောင်းတဲ့အယ်လ်နီညိုဖြစ်နိုင်မှုတွေ လျော့နည်းလာတယ်။
(၂) ပစိဖိတ်ဒေသမှာ မုန်တိုင်းတွေ ဆက်တိုက်ဖြစ်လာမယ်။
(၃) တိုင်းဖွန်းတွေရဲ့အကြွင်းအကျန်တွေ မြန်မာနိုင်ငံဖက်ရောက်ဖို့ အခြေအနေပိုလာမယ်။
(၄) မြန်မာနိုင်ငံအလယ်ပိုင်းမှာ မိုးပိုမိုရလာနိုင်ပါတယ်။
(၅) အောက်ပိုင်းဒေသတွေအတွက်တော့ ရေဖုံးလွှမ်းခံရမှု အလားအလာတွေ ပိုမြင့်တက် လာနိုင်ပါတယ်။
B ဟာ C နဲ့ ချိတ်မိပြီ ပေါ့ဗျာ။
ဒေါက်တာထွန်းလွင်
၁၈-၇-၂၀၁၄
နံနက် (၉း၀၈)နာရီ

့Yangon Media Group

No comments:

Post a Comment