Monday, August 11, 2014

ဒိုးနက်စ်ခ်ရှိ သူပုန်အခြေစိုက်စခန်းကို ယူကရိန်းစစ်တပ် လက်နက်ကြီးများဖြင့် ပစ်ခတ်

Photo: ဒိုးနက်စ်ခ်ရှိ သူပုန်အခြေစိုက်စခန်းကို ယူကရိန်းစစ်တပ် လက်နက်ကြီးများဖြင့် ပစ်ခတ်
Monday, August 11, 2014

ယူကရိန်း စစ်တပ်သည် ဒိုးနက်စ်ခ်မြို့ရှိ သူပုန်တပ်ဖွဲ့များ၏ အဓိက အခြေစိုက် စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း သတင်းရရှိသည်။
ယူကရိန်း အရှေ့ပိုင်း ဒေသတွင် စစ်ရေးအရ အတန်ငယ် အသာစီး ရရှိလာသည့် ယူကရိန်းတပ်များသည် ရုရှားက ကျောထောက်နောက်ခံ ပြုထားသည့် သူပုန်များအပေါ် ထိုးစစ်အရှိန်အဟုန် မြှင့်တင်လာနိုင်ခဲ့သည်။ ယူကရိန်း စစ်တပ်၏ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ဒိုးနက်စ်ခ်တွင် အဆောက်အအုံအချို့ ပြိုကျ ပျက်စီးခဲ့သော်လည်း အသေအပျောက် အရေအတွက် သတင်းပေးပို့မှု နည်းပါးကြောင်း သိရသည်။
စစ်တပ်၏ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက သူပုန်များသည် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် တုန်လှုပ်ခြောက်ခြားနေပြီဟု ပြောကြားခဲ့သည်။ စစ်ဖြစ်နေသည့် ဒေသအတွင်း လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့များ ပေးပို့မည့် အစီအစဉ်ကို ခွင့်ပြုရန်မူ ယူကရိန်း အစိုးရက အင်တင်တင် ရှိနေဆဲ ဖြစ်သည်။
ဧပြီလကတည်းက ယူကရိန်း အရှေ့ပိုင်းတွင် သူပုန်တပ်များနှင့် စစ်တပ်တို့ကြား တိုက်ခိုက်မှုများ စတင်လာခဲ့ရာ အနည်းဆုံး လူ(၁၅၀၀)ကျော်မျှ အသက်ဆုံးရှုံးခဲ့ပြီး ဖြစ်သည်။ သူပုန်တပ်များက နိုင်ငံအရှေ့ပိုင်း ဒေသများကို ထိန်းချုပ်ပြီး ယူကရိန်းမှ ခွဲထွက်ကြောင်း ကြေညာခဲ့ကြသည်။
ရုရှားသည် အဆိုပါ ဒေသသို့ လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့များ ပေးပို့မည်ဟု လေသံလွှင့်ထားသည်။ ယူကရိန်း သမ္မတ ပက်ထရို ပိုရိုရှန်ကိုကမူ ယင်းကိစ္စကို နိုင်ငံတကာ အသိုက်အဝန်းက တာဝန်ယူပြီး လက်နက်ကိုင် မဟုတ်သည့် အဖွဲ့အစည်းများကို စေလွှတ်မှသာ လက်ခံမည်ဟု ပြောကြားထားသည်။
ဒိုးနက်စ်ခ် ဒေသခံများ အနေဖြင့်မူ အကျပ်အတည်းကြားတွင် ရုန်းကန်နေရပြီး ဗုံးခိုကျင်းများထဲတွင် ခိုအောင်းနေရကြောင်း သိရသည်။ “တကယ့်ကို စစ်ဖြစ်နေတဲ့ အခြေအနေမျိုးပါ။ မြို့ထဲမှာ သွားနေဖို့တော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ပြီးခဲ့တဲ့ တစ်ပတ်လုံး မြေအောက်ခန်းထဲမှာပဲ အိပ်ခဲ့ရပါတယ်”ဟု အသက်(၄၈)နှစ်ရှိ ရှေ့နေ အိုင်နာ ဒရိုဘိင်ရှက်ဗ်စကာယာက ဆိုသည်။
AP သတင်းဌာနက ဩဂုတ်(၁၀)ရက်မှ စတင်ကာ ယူကရိန်းတပ်များ၏ လက်နက်ကြီး ပစ်ခတ်မှုသည် ပိုမို အရှိန်မြင့်တက်လာကြောင်း ဖော်ပြခဲ့သည်။ စစ်ဘက် ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက “ရန်သူတွေရဲ့ စစ်ဘက်ဆိုင်ရာ လက်နက်ကိရိယာ တော်တော်များများကို ဖျက်ဆီးနိုင်ခဲ့တယ်။ ရန်သူတပ်သားတွေ သေကြတယ်။ အဲဒီ အကြမ်းဖက်သမားတွေဟာ အခုဆိုရင် အရမ်းတုန်လှုပ် ခြောက်ခြားနေကြပါပြီ”ဟု AP သို့ ပြောကြားခဲ့သည်။ ဒိုးနက်စ်ခ်တွင် တိုက်ပွဲများ မဖြစ်မီက လူဦးရေ (၁)သန်းကျော် နေထိုင်သော်လည်း ယခုအခါ လူ(၃)သိန်းမျှ နေရပ်ကို စွန့်ခွာသွားပြီ ဖြစ်သည်။
သူပုန်တပ်များ၏ အဓိက ခြေကုပ်ယူထားရာ အခြားမြို့ တစ်မြို့ဖြစ်သည့် လူဟန့်စ်ခ်တွင်လည်း လျှပ်စစ်မီး ပြတ်တောက်နေသည်မှာ သီတင်း(၁)ပတ်ကျော်မျှ ရှိလာပြီး သူပုန်တပ်များအတွက် ရိက္ခာပြတ်လပ်မှုများနှင့်လည်း ကြုံနေရကြောင်း သိရှိရသည်။
_Ref: BBC
 ယူကရိန်း စစ်တပ်သည် ဒိုးနက်စ်ခ်မြို့ရှိ သူပုန်တပ်ဖွဲ့များ၏ အဓိက အခြေစိုက် စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း သတင်းရရှိသည်။ယူကရိန်း အရှေ့ပိုင်း ဒေသတွင် စစ်ရေးအရ အတန်ငယ် အသာစီး ရရှိလာသည့် ယူကရိန်းတပ်များသည် ရုရှားက ကျောထောက်နောက်ခံ ပြုထားသည့် သူပုန်များအပေါ် ထိုးစစ်အရှိန်အဟုန် မြှင့်တင်လာနိုင်ခဲ့သည်။ ယူကရိန်း စစ်တပ်၏ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ဒိုးနက်စ်ခ်တွင် အဆောက်အအုံအချို့ ပြိုကျ ပျက်စီးခဲ့သော်လည်း အသေအပျောက် အရေအတွက် သတင်းပေးပို့မှု နည်းပါးကြောင်း သိရသည်။စစ်တပ်၏ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက သူပုန်များသည် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် တုန်လှုပ်ခြောက်ခြားနေပြီဟု ပြောကြားခဲ့သည်။ စစ်ဖြစ်နေသည့် ဒေသအတွင်း လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့များ ပေးပို့မည့် အစီအစဉ်ကို ခွင့်ပြုရန်မူ ယူကရိန်း အစိုးရက အင်တင်တင် ရှိနေဆဲ ဖြစ်သည်။

ဧပြီလကတည်းက ယူကရိန်း အရှေ့ပိုင်းတွင် သူပုန်တပ်များနှင့် စစ်တပ်တို့ကြား တိုက်ခိုက်မှုများ စတင်လာခဲ့ရာ အနည်းဆုံး လူ(၁၅၀၀)ကျော်မျှ အသက်ဆုံးရှုံးခဲ့ပြီး ဖြစ်သည်။ သူပုန်တပ်များက နိုင်ငံအရှေ့ပိုင်း ဒေသများကို ထိန်းချုပ်ပြီး ယူကရိန်းမှ ခွဲထွက်ကြောင်း ကြေညာခဲ့ကြသည်။
ရုရှားသည် အဆိုပါ ဒေသသို့ လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့များ ပေးပို့မည်ဟု လေသံလွှင့်ထားသည်။ ယူကရိန်း သမ္မတ ပက်ထရို ပိုရိုရှန်ကိုကမူ ယင်းကိစ္စကို နိုင်ငံတကာ အသိုက်အဝန်းက တာဝန်ယူပြီး လက်နက်ကိုင် မဟုတ်သည့် အဖွဲ့အစည်းများကို စေလွှတ်မှသာ လက်ခံမည်ဟု ပြောကြားထားသည်။
ဒိုးနက်စ်ခ် ဒေသခံများ အနေဖြင့်မူ အကျပ်အတည်းကြားတွင် ရုန်းကန်နေရပြီး ဗုံးခိုကျင်းများထဲတွင် ခိုအောင်းနေရကြောင်း သိရသည်။ “တကယ့်ကို စစ်ဖြစ်နေတဲ့ အခြေအနေမျိုးပါ။ မြို့ထဲမှာ သွားနေဖို့တော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ပြီးခဲ့တဲ့ တစ်ပတ်လုံး မြေအောက်ခန်းထဲမှာပဲ အိပ်ခဲ့ရပါတယ်”ဟု အသက်(၄၈)နှစ်ရှိ ရှေ့နေ အိုင်နာ ဒရိုဘိင်ရှက်ဗ်စကာယာက ဆိုသည်။
AP သတင်းဌာနက ဩဂုတ်(၁၀)ရက်မှ စတင်ကာ ယူကရိန်းတပ်များ၏ လက်နက်ကြီး ပစ်ခတ်မှုသည် ပိုမို အရှိန်မြင့်တက်လာကြောင်း ဖော်ပြခဲ့သည်။ စစ်ဘက် ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက “ရန်သူတွေရဲ့ စစ်ဘက်ဆိုင်ရာ လက်နက်ကိရိယာ တော်တော်များများကို ဖျက်ဆီးနိုင်ခဲ့တယ်။ ရန်သူတပ်သားတွေ သေကြတယ်။ အဲဒီ အကြမ်းဖက်သမားတွေဟာ အခုဆိုရင် အရမ်းတုန်လှုပ် ခြောက်ခြားနေကြပါပြီ”ဟု AP သို့ ပြောကြားခဲ့သည်။ ဒိုးနက်စ်ခ်တွင် တိုက်ပွဲများ မဖြစ်မီက လူဦးရေ (၁)သန်းကျော် နေထိုင်သော်လည်း ယခုအခါ လူ(၃)သိန်းမျှ နေရပ်ကို စွန့်ခွာသွားပြီ ဖြစ်သည်။
သူပုန်တပ်များ၏ အဓိက ခြေကုပ်ယူထားရာ အခြားမြို့ တစ်မြို့ဖြစ်သည့် လူဟန့်စ်ခ်တွင်လည်း လျှပ်စစ်မီး ပြတ်တောက်နေသည်မှာ သီတင်း(၁)ပတ်ကျော်မျှ ရှိလာပြီး သူပုန်တပ်များအတွက် ရိက္ခာပြတ်လပ်မှုများနှင့်လည်း ကြုံနေရကြောင်း သိရှိရသည်။
_Ref: BBC

No comments:

Post a Comment