Wednesday, August 27, 2014

၂၀၁၃ခုနှစ် အကောင်းဆုံး ကစားသမား ဆုကို ရန်ကုန် ယူနိုက်တက် တိုက်စစ်မှူး ဆီဇာရရှိ

 Photo: ၂၀၁၃ခုနှစ် အကောင်းဆုံး ကစားသမား ဆုကို ရန်ကုန် ယူနိုက်တက် တိုက်စစ်မှူး ဆီဇာရရှိ
Wednesday, August 27, 2014

 ၂၀၁၃ မြန်မာ နေရှင်နယ်လိဂ် ဆုပေးပွဲနှင့် အကောင်းဆုံး ကစားသမားဆု ပေးအပ်ပွဲကို သြဂုတ်လ ၂၆ ရက် ညက သုဝဏ္ဏ ကွင်းတွင် ကျင်းပခဲ့ရာ ၂၀၁၃ခုနှစ် မြန်မာ နေရှင်နယ်လိဂ် အကောင်းဆုံး ကစားသမား ဆုကို ရန်ကုန် ယူနိုက်တက်မှ ဘရာဇီး တိုက်စစ်မှူး ဆီဇာက ရရှိ သွားခဲ့သည်။
ယင်းဆုပေးပွဲတွင် မြန်မာနေရှင်နယ်လိဂ် ချန်ပီယံ ဖြစ်ခဲ့သော ရန်ကုန် ယူနိုက်တက် အသင်းကို ဆုကြေး သိန်း ၁,၀၀၀၊ ဒုတိယဆု ရရှိသော နေပြည်တော် အသင်းကို ဆုကြေးသိန်း ၇၅၀ နှင့် တတိယဆု ရရှိခဲ့ သော ကမ္ဘောဇ အသင်းကို သိန်း ၅၀၀ ချီးမြှင့် ခဲ့သည်။ ကမ္ဘောဇ အသင်းမှာ အသန့်ရှင်းဆုံး အသင်းဆုကို လည်း ဆွတ်ခူး ရရှိခဲ့သည်။ ထို့အပြင် ၂၀၁၃ ခုနှစ် ရှုံးထွက် ပြိုင်ပွဲတွင် ချန်ပီယံဆုရရှိခဲ့သော ကမ္ဘောဇ အသင်းကို ဆုကြေးသိန်း ၂၀၀ နှင့် ဒုတိယ ဆုရရှိခဲ့သော မကွေး အသင်းကို ဆုကြေးသိန်း ၁၀၀ ချီးမြှင့်ပေး ခဲ့သည်။

၂၀၁၃ခုနှစ် မြန်မာ နေရှင်နယ်လိဂ် အကောင်းဆုံး ကစားသမားဆု ချီးမြှင့်ရာတွင် ဆန်ကာတင် (၃)ဦး အဖြစ် ရန်ကုန် အသင်းမှ ဘရာဇီး တိုက်စစ်မှူး ဆီဇာ ရတနာပုံ အသင်းမှ ဇော်မင်းထွန်းနှင့် ဧရာဝတီအသင်း မှ နန္ဒလင်းကျော်ချစ်တို့က ရွေးချယ်ခြင်း ခံခဲ့ရပြီး အကောင်းဆုံး ကစားသမားအဖြစ် ဆီဇာက ရွေးချယ်ခြင်း ခံခဲ့ရကာ ဆုကြေးငွေ အမေရိကန် ဒေါ်လာ ၂၀၀၀ ရရှိ ခဲ့သည်။ ဒုတိယ အကောင်းဆုံး ကစားသမား အဖြစ် ဇော်မင်းထွန်းက ရွေးချယ်ခြင်း ခံခဲ့ရပြီး ဆုကြေးငွေ အမေရိကန် ဒေါ်လာ ၁၅၀၀ ၊ တတိယ အကောင်းဆုံး ကစားသမားအဖြစ် နန္ဒလင်းကျော်ချစ်က ရွေးချယ်ခြင်းခံခဲ့ရပြီး ဆုကြေးငွေ အမေရိကန် ဒေါ်လာ ၁,၀၀၀ ရရှိခဲ့သည်။

ထို့အပြင် အကောင်းဆုံး လူငယ် ကစားသမား ဆုကိုလည်း ရွေးချယ်ခဲ့ရာတွင် အကောင်းဆုံး လူငယ်ဆုကို နေပြည်တော် အသင်းမှ အောင်ကျော်နိုင်၊ ဒုတိယ ဆုကို မကွေးအသင်းမှ နန္ဒကျော်၊ တတိယဆုကို ရန်ကုန် အသင်းမှ ကောင်းဆက်နိုင် တို့က ရရှိသွားခဲ့သည်။ ဆုကြေးငွေ အဖြစ် ပထမဆုရရှိခဲ့သူကို ငွေကျပ် ငါးသိန်း၊ ဒုတိယဆု ရရှိသူကို လေးသိန်း၊ တတိယ ရရှိသူကို ငွေကျပ် သုံးသိန်း ချီးမြှင့်ခဲ့သည်။

ထို့နောက် မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သော ချင်းယူနိုက်တက်အသင်းကို ဆုကြေး သိန်း ၁၅၀ ၊ ဒုတိယ ရရှိသော GFA အသင်းကို ဆုကြေး ၁၀၀၊ တတိယရရှိသော ယူ-၁၉ အသင်းကို ဆုကြေး သိန်း ၅၀ ချီးမြှင့်ခဲ့သည်။ ဂိုးသွင်း အများဆုံးကစားသမားဆုများကို ချီးမြှင့်ရာတွင် မြန်မာနေရှင်နယ်လိဂ်၌ ရန်ကုန် တိုက်စစ်မှူး ဆီဇာက သွင်းဂိုး ၂၀ ဖြင့် ဆုကြေး သိန်း ၂၀၊ မြန်မာနေရှင်နယ်လိဂ် လူငယ်ပြိုင်ပွဲ၌ ရတနာပုံတိုက်စစ်မှူး ဇင်မင်းထွန်းက ၁၆ ဂိုးဖြင့် ငါးသိန်း၊ မြန်မာနေရှင် နယ်လိဂ်-၂ ပြိုင်ပွဲတွင် ချင်းတိုက်စစ် မှူး ကိသ်က ၁၅ ဂိုးဖြင့် ဆုကြေး ဆယ်သိန်း ရခဲ့သည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ချီးမြှင့်သည့် ယင်းဆုများကို ဆုရွေးချယ်ရေးအဖွဲ့နှင့် မြန်မာနေရှင်နယ်လိဂ် ကလပ် အသင်းများမှ နည်းပြများက မဲပေးရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
mizzima

No comments:

Post a Comment