ယမကာတွေပါဝင်တဲ့ ကမ္ဘာ့ရှေးအကျဆုံးပုလင်းတစ်လုံးကို ဘောလ်တစ် ပင်လယ်အောက်ခြေက ပြန်လည်ဆယ်ယူလာတဲ့ သဘောင်္ပျက်ကြီး ထဲမှာ ရှာဖွေတွေ့ရှိခဲ့ပြီး သိပ္ပံ ပညာရှင်တွေရဲ့ အဆိုအရတော့ ပုလင်းကြီးထဲက အရက်တွေက ယခုအချိန်ထိ ဘေးကင်းစွာ သောက် သုံးနိုင်သေး တယ်လို့ သိရပါတယ်။
စစ်ဆေးမှုတွေ ပြုလုပ်ပြီးချိန်မှာတော့ အကောင်းဆုံးတွင်းထွက်ရေတစ်မျိုးဖြစ်တဲ့ မူလ “ဆယ်လ်တာ” ရေ များပါဝင်နေပြီး အသေးစိတ်ထိ ထပ်မံ ခွဲခြားစိတ်ဖြာကြည့်လိုက်တဲ့အခါမှာတော့ ဗော့ဒ်ကာ (သို့မဟုတ်) ဂျင် အမျိုးအစား ယမကာတွေကို ၁၄ ရာခိုင်နှုန်းလောက်ထိ ရောနှောပါဝင်နေ တာတွေ့ရပါတယ်။
“ဆယ်လ်တာ” အမျိုးအစားတွင်း ထွက်ရေဟာ လွန်ခဲ့သောနှစ်ပေါင်း ၁၀၀၀ခန့်က ဂျာမနီ နိုင်ငံ မှာရှိတဲ့ တောနတ်စ်တောင်တန်းဒေသမှာ ပထမဆုံး တွေ့ရှိခဲ့တဲ့ အရည်အသွေးမြင့် ကာဗွန်ဒိုင်အောက်ဆိုဒ် ပါဝင်တဲ့ ရေတစ်မျိုးဖြစ်ပြီး ခွန်အားနဲ့ကျန်းမာရေးအတွက် သင့်တော်ပါတယ်။
Ref:dailymail.co.uk
Trend Myanmar
No comments:
Post a Comment