Saturday, August 9, 2014

ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများကို စိစစ်ရာတွင် မြန်မာက ကူညီမည်

ထိုင်းနိုင်ငံရောက် မြန်မာအ လုပ်သမားများအား နိုင်ငံသားဖြစ် ကြောင်း အတည်ပြုရေးတွင်အပြည့် အဝပူးပေါင်း ဆောင် ရွက်သွားမည် ဟု မြန်မာ အစိုးရက ကတိပေးပြော ကြားခဲ့သည်။ မြန်မာအလုပ်သမား ဌာနအရာရှိ ဦးမျိုးအောင်က မြန် မာနိုင်ငံအနေဖြင့် မြန်မာ အ လုပ် သမားများ အတည်ပြုရေးကို အရှိန် မြှင့်တင်ဆောင်ရွက်သွား မည်ဟု ပြောကြားခဲ့သည်။
ထို့အပြင် မြန်မာ အစိုးရက မြဝတီ၊ တာချီလိတ်နှင့် ကော့သောင်းတို့တွင်လည်း အတည် ပြုပေးသည့် စင်တာများကို ဖွင့်လှစ် ပေးခဲ့သည်။
မြန်မာနိုင်ငံတွင် တိုင်းရင်း သားလူမျိုးစုပေါင်း ၁၃၅ မျိုးကျော် ရှိပြီး မည်သည့်တိုင်းရင်းသားဆို သည်ကိုမခွဲခြားဘဲ မြန်မာအလုပ် သမားအားလုံးကို တစ်ပြေးညီဆောင် ရွက်ပေးမည်ဟုလည်း ဦးမျိုးအောင် က မကြာသေးမီက ဘန်ကောက် မြို့တွင် ထိုင်းကိုယ် စားလှယ်အဖွဲ့ နှင့် ပြုလုပ် ခဲ့သော ရွှေ့ပြောင်း လုပ် သားစီမံခန့်ခွဲရေးဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။ ထိုဆွေးနွေးပွဲ တွင် မြန်မာ အလုပ်သမားများကို မှတ်ပုံတင်ခြင်းပြုလုပ်ပြီးနောက် နိုင်ငံ သားဖြစ်ကြောင်း အတည်ပြု ရေးလုပ်ငန်းစဉ်များအတွက် ကြိုတင် ပြင်ဆင် မှုများကိုလည်း ဆွေးနွေးခဲ့ သည်ဟု ထိုင်းအလုပ်သမားဌာန၏ အတွင်းရေးမှူးချုပ် ဆူမက်မာ ဟို ဆော့က ပြောသည်။

ထိုင်းနိုင်ငံမှနေ့ချင်းပြီး ဝန် ဆောင်မှုစင်တာများတွင် ထိုင်းနိုင် ငံရောက် မြန်မာ အလုပ်သမားများ နှင့် ၎င်းတို့၏ မိသားစုဝင် စုစုပေါင်း ၂၀၃,၂၁၆ ဦးကို မှတ်ပုံ တင်ခဲ့ပြီးဖြစ် သည်။ ထို့အပြင်ထိုင်းအလုပ်သမား ဌာနမှ နိုင်ငံတွင်းရှိ ရွှေ့ပြောင်း အ လုပ်သမား များကို နိုင်ငံသားဖြစ် ကြောင်း အတည်ပြုရန် ၎င်းတို့၏ မူလနိုင်ငံ များနှင့်လည်း ဆွေးနွေး သွားမည်ဖြစ်သည်။
ထိုအကြောင်း အရာနှင့်ပတ်သက်၍ မြန်မာနိုင်ငံ က ရှင်းလင်းသော အဖြေတစ်ခု ကို ပေးခဲ့ပြီးဖြစ်သည်ဟုလည်း ဆူမက် က ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံ ၏ ငြိမ်ချမ်းရေးနှင့် ငြိမ်ဝပ်ပိပြား ရေးကောင်စီ (NCPO)က ကမ္ဘော ဒီး ယားရွှေ့ပြောင်း လုပ် သားများအား မှတ်ပုံတင်ခြင်းကို လာမည့်အောက် တိုဘာ ၃၁ ရက်နေ့ အထိ ဆက် လက်ပြုလုပ်ပေးရန် ချန်ဘာကူရီ နှင့် ဆာကာအိုကဲ့သို့ နယ်စပ်ဒေ သ များမှ ဝန်ဆောင်မှုစင်တာများကို ညွှန်ကြားထားသည်။
ထိုင်းအလုပ်သမားဌာနမှ ထိုင်း နိုင်ငံတစ်ဝန်းလုံးရှိ ခရိုင် ၅၃ ခု တွင် နေ့ချင်းပြီး ဝန်ဆောင်မှု စင်တာ များကို ဖွင့်လှစ်ထားပြီး ယခုအထိ ရွှေ့ပြောင်းလုပ်သား ၄၄၄,၀၉ရ နှင့် မှီခိုသူ ၄၈,၅၄၁ ဦးကို မှတ်ပုံတင် ခဲ့ပြီးဖြစ်သည်။

Yangon Media Group

No comments:

Post a Comment