Tuesday, August 12, 2014

ကန့်ဘလူ တပ်သိမ်းမြေအချို့ မူလတောင်သူများ ပြန်ရတော့မည်

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ဖုတ်ကုန်းအုပ်စု ထောက်ရှာအိုင်ရွာတ၀ိုက်က တပ်သိမ်း ယာမြေတွေပြန် ရရှိရေးအတွက် တိုင်းမှူး ဗိုလ်ချုပ်မင်းနောင်နဲ့ ဆွေးနွေးခဲ့ပြီး သဘောတူညီချက်တွေ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကြံစိုက်ပျိုးရေး တပ်အတွက် ၁၉၉၉ ခုနှစ် က သိမ်းယူခဲ့တာဖြစ်ပြီး ပြန်ရဖို့အတွက် ထွန်တုံး တိုက်ပွဲပြုလုပ်ခဲ့တဲ့ လယ်သမားတွေကို တရားစွဲဆိုတာတွေလည်း ရှိခဲ့ပါတယ်။သိမ်းဆည်းမြေ ဧက ၃ ထောင်ကျော်ရှိပေမယ့် အကုန်ပြန်ရမှာတော့ မဟုတ်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။လွှဲပြောင်းပေးလာတဲ့ ယာမြေတွေထဲမှာ မိမိ ဘိုးဘွားပိုင် ကိုသာ လက်ခံပြီး တခြားတောင်သူ ဓါးမဦးကျ ယာမြေကို လက်မခံဘူးလို့ အချင်းချင်း ညှိနှိုင်းသဘောတူထားတယ်လို့လဲ ဒေသခံတွေက ပြောပါတယ်။
DVB TV News

No comments:

Post a Comment