Monday, August 25, 2014

နေတိုးနဲ့ ကျော်ကျော်ဗို နှစ်ယောက်ပေါင်း ထူထောင်လိုက်တဲ့ ‘‘ပုံပြင်စာအုပ်’’

Photo: နေတိုးနဲ့ ကျော်ကျော်ဗို နှစ်ယောက်ပေါင်း ထူထောင်လိုက်တဲ့ ‘‘ပုံပြင်စာအုပ်’’
Monday, August 25, 2014

 ပြည်သူများအတွက် ဖျော်ဖြေရေးလုပ်ငန်းများ လုပ် ကိုင်သွားမည့်  "Story  Book Entertainment" ကို    သရုပ် ဆောင် နေတိုးနှင့် ကျော်ကျော်ဗို တို့ နှစ်ဦးပေါင်းတည်ထောင်လိုက်ကြောင်း သတင်းရရှိသည်။

‘‘နေတိုးနဲ့ အစ်ကိုစဉ်းစား ထားတာ ကြာပြီလေ။ အခုမှ အ ကောင်အထည်ဖော်ဖြစ်တာပေါ့။ ကိုယ်ဖန်တီးချင်တဲ့ အနုပညာ လေးတွေ၊ ကိုယ်ဖျော်ဖြေချင်တဲ့ ဟာလေးတွေကို နာမည်တစ်ခုနဲ့ ဖန်တီးဖြစ်တာပါပဲ။ အဓိက ဘာ လုပ်မလဲဆိုတော့ ရုပ်ရှင်တွေရိုက် မယ်။ အဆင့်မြင့်ဗီဒီယိုကားတွေ ရိုက်မယ်။ စင်တွေမှာ အန်တာ တိန်းမန့်လုပ်တဲ့ဟာလေးတွေ လုပ်မယ်။ ဖျော်ဖြေမှုနဲ့ ပတ်သက် တာအကုန်လုပ်တယ်။ မာလ်တီမီဒီယာပေါ့’’ဟု ကျော်ကျော်ဗိုက ပြောသည်။

၎င်းတို့နှစ်ဦးက "Story Book Entertainment"တည်ထောင်သူ များဖြစ်ပြီး ယင်းလုပ်ငန်းတွင် တစ်ခြားသော အနုပညာရှင်များလည်း ပါဝင်ပူးပေါင်း    အားဖြည့်ထား ကြောင်း ကျော်ကျော်ဗိုက ပြော သည်။

"Story Book Enterta-inment" အနေဖြင့် ဇူလိုင်လက ဧရာဝတီတိုင်းဒေသကြီး ပညာရေးဖောင်ဒေးရှင်း ရန်ပုံငွေပွဲ သုခုမအနုပညာဖျော်ဖြေပွဲကို စီစဉ်ပေးခဲ့ပြီး အနုပညာရှင်များနှင့် ပရိသတ်များတွေ့ဆုံနိုင်မည့် အစီအစဉ်ကိုလည်း အကောင်အ ထည်ဖော်နေကာ နောက်ထပ် ဖျော်ဖြေရေးအစီအစဉ်များ လုပ် ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် အနုပညာရှင်များဖြစ်သော တင်မောင်ဆန်းမင်း ၀င်း၊ ဟန်ဇာမိုးဝင်း၊ မင်းသွေး၊ အားတီ၊ ၀ါဆိုမိုးဦးတို့ ငါးဦးထဲမှ တစ်ဦးဦးကို    တွေ့ဆုံလိုသော ပရိသတ်များအား "Story Book Entertainment" ဖေ့စ်ဘွတ်တွင် ဖိတ်ခေါ်နေသည်။ အနုပညာရှင် တစ်ဦးကို ပရိသတ် ၃၀ နှုန်းဖြင့် သြဂုတ်လ   ၃၁   ရက်တွင် တော်ဝင်ဂါးဒင်းဟိုတယ်၌ တွေ့ ဆုံကြမည်ဖြစ်ပြီး ယင်းမြင်ကွင်း များကို  စက်တင်ဘာလလယ် လောက်တွင် မြ၀တီရုပ်သံလိုင်း၌ ပြသပေးသွားမည်ဖြစ်ကြောင်း ကျော်ကျော်ဗိုက ပြောသည်။

‘‘အဓိက ကိုကျော်ကျော်ဗို တို့ အလုပ်လုပ်တယ်ဆိုတာ အန် တာတိန်းမန့်တစ်ခုကို စုစုစည်း စည်းနဲ့ တကယ်ကွာလတီကောင်းကောင်းနဲ့ ဖျော်ဖြေတင်ဆက်ချင် တာကို  ဖန်တီးလို့ရအောင် ဒါ လေးကို စပြီးထူထောင်ဖြစ်လိုက် တာပေါ့။ ဒီအပေါ်မှာ တကယ့်ကို အန်တာတိန်းမန့်ကောင်းတစ်ခု ဖြစ်အောင် ဖန်တီးမယ်၊  စိတ်ကူး မယ်၊ ပုံဖော်မယ်။ ဒီအတွက် ကြောင့် ဒါလေးလုပ်ဖြစ်တာ။ ပရိ သတ်တွေ မြင်ကွင်းရှေ့ကိုလည်း အစ်ကိုတို့ ဖန်တီးထားတဲ့ အနု ပညာတွေ စီစဉ်ထားတဲ့အနုပညာ ပုံရိပ်တွေက အဆက်မပြတ် ရောက်လာတော့မှာပါ’’ဟု ကျော် ကျော်ဗိုက ပြောသည်။

"Story Book Enterta-inment" နှင့် နိုင်ငံတကာ အဆင့်မီ ကင်မရာများ ငှားရမ်းသော "ACE Digital Warehouse" တို့သည် ကျော်ကျော်ဗိုနှင့်    နေတိုးတို့၏ အနုပညာလုပ်ငန်း ပူးပေါင်းလုပ် ကိုင်မှုများဖြစ်သည်။
www.7daydaily
 ပြည်သူများအတွက် ဖျော်ဖြေရေးလုပ်ငန်းများ လုပ် ကိုင်သွားမည့်  "Story  Book Entertainment" ကို သရုပ် ဆောင် နေတိုးနှင့် ကျော်ကျော်ဗို တို့ နှစ်ဦးပေါင်းတည်ထောင်လိုက်ကြောင်း သတင်းရရှိသည်။‘‘နေတိုးနဲ့ အစ်ကိုစဉ်းစား ထားတာ ကြာပြီလေ။ အခုမှ အ ကောင်အထည်ဖော်ဖြစ်တာပေါ့။ ကိုယ်ဖန်တီးချင်တဲ့ အနုပညာ လေးတွေ၊ ကိုယ်ဖျော်ဖြေချင်တဲ့ ဟာလေးတွေကို နာမည်တစ်ခုနဲ့ ဖန်တီးဖြစ်တာပါပဲ။ အဓိက ဘာ လုပ်မလဲဆိုတော့ ရုပ်ရှင်တွေရိုက် မယ်။ အဆင့်မြင့်ဗီဒီယိုကားတွေ ရိုက်မယ်။ စင်တွေမှာ အန်တာ တိန်းမန့်လုပ်တဲ့ဟာလေးတွေ လုပ်မယ်။ ဖျော်ဖြေမှုနဲ့ ပတ်သက် တာအကုန်လုပ်တယ်။ မာလ်တီမီဒီယာပေါ့’’ဟု ကျော်ကျော်ဗိုက ပြောသည်။
၎င်းတို့နှစ်ဦးက "Story Book Entertainment"တည်ထောင်သူ များဖြစ်ပြီး ယင်းလုပ်ငန်းတွင် တစ်ခြားသော အနုပညာရှင်များလည်း ပါဝင်ပူးပေါင်း    အားဖြည့်ထား ကြောင်း ကျော်ကျော်ဗိုက ပြော သည်။"Story Book Enterta-inment" အနေဖြင့် ဇူလိုင်လက ဧရာဝတီတိုင်းဒေသကြီး ပညာရေးဖောင်ဒေးရှင်း ရန်ပုံငွေပွဲ သုခုမအနုပညာဖျော်ဖြေပွဲကို စီစဉ်ပေးခဲ့ပြီး အနုပညာရှင်များနှင့် ပရိသတ်များတွေ့ဆုံနိုင်မည့် အစီအစဉ်ကိုလည်း အကောင်အ ထည်ဖော်နေကာ နောက်ထပ် ဖျော်ဖြေရေးအစီအစဉ်များ လုပ် ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် အနုပညာရှင်များဖြစ်သော တင်မောင်ဆန်းမင်း ၀င်း၊ ဟန်ဇာမိုးဝင်း၊ မင်းသွေး၊ အားတီ၊ ၀ါဆိုမိုးဦးတို့ ငါးဦးထဲမှ တစ်ဦးဦးကို    တွေ့ဆုံလိုသော ပရိသတ်များအား "Story Book Entertainment" ဖေ့စ်ဘွတ်တွင် ဖိတ်ခေါ်နေသည်။ အနုပညာရှင် တစ်ဦးကို ပရိသတ် ၃၀ နှုန်းဖြင့် သြဂုတ်လ   ၃၁   ရက်တွင် တော်ဝင်ဂါးဒင်းဟိုတယ်၌ တွေ့ ဆုံကြမည်ဖြစ်ပြီး ယင်းမြင်ကွင်း များကို  စက်တင်ဘာလလယ် လောက်တွင် မြ၀တီရုပ်သံလိုင်း၌ ပြသပေးသွားမည်ဖြစ်ကြောင်း ကျော်ကျော်ဗိုက ပြောသည်။
‘‘အဓိက ကိုကျော်ကျော်ဗို တို့ အလုပ်လုပ်တယ်ဆိုတာ အန် တာတိန်းမန့်တစ်ခုကို စုစုစည်း စည်းနဲ့ တကယ်ကွာလတီကောင်းကောင်းနဲ့ ဖျော်ဖြေတင်ဆက်ချင် တာကို  ဖန်တီးလို့ရအောင် ဒါ လေးကို စပြီးထူထောင်ဖြစ်လိုက် တာပေါ့။ ဒီအပေါ်မှာ တကယ့်ကို အန်တာတိန်းမန့်ကောင်းတစ်ခု ဖြစ်အောင် ဖန်တီးမယ်၊  စိတ်ကူး မယ်၊ ပုံဖော်မယ်။ ဒီအတွက် ကြောင့် ဒါလေးလုပ်ဖြစ်တာ။ ပရိ သတ်တွေ မြင်ကွင်းရှေ့ကိုလည်း အစ်ကိုတို့ ဖန်တီးထားတဲ့ အနု ပညာတွေ စီစဉ်ထားတဲ့အနုပညာ ပုံရိပ်တွေက အဆက်မပြတ် ရောက်လာတော့မှာပါ’’ဟု ကျော် ကျော်ဗိုက ပြောသည်။
"Story Book Enterta-inment" နှင့် နိုင်ငံတကာ အဆင့်မီ ကင်မရာများ ငှားရမ်းသော "ACE Digital Warehouse" တို့သည် ကျော်ကျော်ဗိုနှင့်    နေတိုးတို့၏ အနုပညာလုပ်ငန်း ပူးပေါင်းလုပ် ကိုင်မှုများဖြစ်သည်။
www.7daydaily

No comments:

Post a Comment