Thursday, August 28, 2014

ရွှေတံဆိပ်ရရင် ထိုင်းဘောလုံးအသင်းကို ဆုငွေ ဘတ်သန်း ၅၀ ချီးမြှင့်မည်

 Photo: ရွှေတံဆိပ်ရရင် ထိုင်းဘောလုံးအသင်းကို ဆုငွေ ဘတ်သန်း ၅၀ ချီးမြှင့်မည်
Thursday, August 28, 2014

တောင်ကိုးရီးယားနိုင်ငံ အင်ချွန်မြို့မှာ ကျင်းပမယ့် အာရှအားကစားပြိုင်ပွဲမှာ ထိုင်းလက်ရွေးစင် ဘောလုံးအသင်းက ရွှေတံဆိပ် ဆွတ်ခူးနိုင်မယ်ဆိုရင် ဆုကြေးငွေ အမြောက်အမြား ချီးမြင့်ခံရမှာ ဖြစ်ပါတယ်။
ဘောလုံးအသင်း က ရွှေတံဆိပ်ရခဲ့ မယ်ဆိုရင် ဘတ် သန်း ၅၀ ချီးမြှင့်မယ်လို့ ထိုင်း ဘောလုံးအသင်း မန်နေဂျာ ကေဆန် ဂျရီယာဝပ်ဝန် က ပြောပါတယ်။

ထိုင်းဟာ အာရှအားကစား ပြိုင်ပွဲမှာ တခါမှ ရွှေတံဆိပ်ဆု ရယူနိုင်ခဲ့ခြင်းမရှိသလို ၁၉၉၀၊ ၁၉၉၈ နဲ့ ၂၀၀၂ မှာ ဆီမီးဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့ပါတယ်။

ဒီနှစ် အာရှ အားကစားပြိုင်ပွဲတွေကို စက်တင်ဘာ ၁၉ ကနေ အောက်တိုဘာ ၄ ရက်နေ့ အထိ ကျင်းပမှာလည်း ဖြစ်ပါတယ်။

ထိုင်းဟာ အသက် ၂၃ နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲမှာ အင်ဒိုနီးရှား၊ မော်လဒိုက်နဲ့ အရှေ့တီမောအသင်းတွေနဲ့ အတူ ကျရောက်နေတာ ဖြစ်ပါတယ်။

စက်တင်ဘာ ၁၀ ရက် အင်ချွန်ကို မသွားခင်မှာ မြန်မာ၊ ဖူးခတ်ကလပ်၊ ကာတာ အသင်းတွေနဲ့ ခြေစမ်း ကစားမှာ ဖြစ်ပါတယ်။
ဒီဗွီဘီ
တောင်ကိုးရီးယားနိုင်ငံ အင်ချွန်မြို့မှာ ကျင်းပမယ့် အာရှအားကစားပြိုင်ပွဲမှာ ထိုင်းလက်ရွေးစင် ဘောလုံးအသင်းက ရွှေတံဆိပ် ဆွတ်ခူးနိုင်မယ်ဆိုရင် ဆုကြေးငွေ အမြောက်အမြား ချီးမြင့်ခံရမှာ ဖြစ်ပါတယ်။
ဘောလုံးအသင်း က ရွှေတံဆိပ်ရခဲ့ မယ်ဆိုရင် ဘတ် သန်း ၅၀ ချီးမြှင့်မယ်လို့ ထိုင်း ဘောလုံးအသင်း မန်နေဂျာ ကေဆန် ဂျရီယာဝပ်ဝန် က ပြောပါတယ်။ထိုင်းဟာ အာရှအားကစား ပြိုင်ပွဲမှာ တခါမှ ရွှေတံဆိပ်ဆု ရယူနိုင်ခဲ့ခြင်းမရှိသလို ၁၉၉၀၊ ၁၉၉၈ နဲ့ ၂၀၀၂ မှာ ဆီမီးဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့ပါတယ်။ဒီနှစ် အာရှ အားကစားပြိုင်ပွဲတွေကို စက်တင်ဘာ ၁၉ ကနေ အောက်တိုဘာ ၄ ရက်နေ့ အထိ ကျင်းပမှာလည်း ဖြစ်ပါတယ်။
ထိုင်းဟာ အသက် ၂၃ နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲမှာ အင်ဒိုနီးရှား၊ မော်လဒိုက်နဲ့ အရှေ့တီမောအသင်းတွေနဲ့ အတူ ကျရောက်နေတာ ဖြစ်ပါတယ်။စက်တင်ဘာ ၁၀ ရက် အင်ချွန်ကို မသွားခင်မှာ မြန်မာ၊ ဖူးခတ်ကလပ်၊ ကာတာ အသင်းတွေနဲ့ ခြေစမ်း ကစားမှာ ဖြစ်ပါတယ်။
ဒီဗွီဘီ

No comments:

Post a Comment