Thursday, August 14, 2014

နိုင်ငံတော်သို့ အခွန်မဆောင်ဘဲ တိုင်းပြည်ဝင်ငွေများကိုလိမ်ညာယူထားသည်ဟု သက်သေအထောက်အထားများ ရှိပါက မိမိကိုတရားစွဲဆိုနိုင်ဟု ထူးကုမ္ပဏီဥက္ကဋ္ဌဦးတေဇပြောကြား

မိမိအား နိုင်ငံတော်အတွက် အခွန်မဆောင်ဘဲ တိုင်းပြည်ဝင်ငွေများကို လိမ်ညာယူထားသည်ဟု သက်သေအထောက် အထားများရှိပါက တရားစွဲဆိုနိုင်ကြောင်း ထူးကုမ္ပဏီဥက္ကဋ္ဌ ဦးတေဇက ပြောကြားလိုက်သည်။သြဂုတ် ၁၂ရက်က ရန်ကုန်မြို့ရှိ အမျိုးသားကဇာတ်ရုံတွင်ပြု လုပ်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၏ (၂၃)ကြိမ်မြောက် နှစ်ပတ် လည်အသင်းသားစုံညီအစည်းအဝေးအခမ်းအနားတွင် ဦးတေဇက မီဒီ ယာများကို ယင်းကဲ့သို့ပြောကြားလိုက်ခြင်းဖြစ်သည်။
ဦးတေဇက ''အခွန်မဆောင်ဘူးဆိုရင်လဲ တရားရုံးတင်ပါ။ ကိုယ် တိုင်လိုက်ရှင်းပေးမယ်''ဟု ဆိုသည်။လက်ရှိတွင် တိုင်းပြည်တွင် ဖြစ်ပျက်လျက်ရှိသောပြဿ နာမှာ စီးပွားရေး မတည်ငြိမ်ခြင်းကြောင့်ဖြစ်ကြောင်း ယင်းကမှတ်ချက်ပေးသည်။
လက်ရှိတွင် ဦးတေဇပိုင် အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်မှ အစု ရှယ်ယာများကို ယခင်ဗိုလ်ချုပ်ကြီး ဦးနေဝင်း၏ မိသားစုထံ ရောင်းချခဲ့ ခြင်းကြောင့် ဝေဖန်မှုများ ခံနေရကြောင်း သိရသည်။
Democracytoday

No comments:

Post a Comment