Monday, August 25, 2014

ကျောင်းဝင်ခွင့် ပြဿ နာရှိခဲ့သော ရန်ကင်းတီတီစီ ကျောင်းအုပ်ဆရာမကြီးကို ဘားအံသို့ပြောင်းရွှေ့မိန်းထုတ်ပြန်

 ကျောင်းဝင်ခွင့်လက်ခံမှု ပြဿ     နာဖြစ်ပေါ်ခဲ့သော ရန်ကင်း မြို့နယ်ရှိ စံပြလေ့ကျင့်ရေး အလယ်တန်းကျောင်း (ရန်ကင်း၊ တီတီစီ) ကျောင်းအုပ်ဆရာမကြီးကို ကရင်ပြည်နယ် ဘားအံမြို့ရှိ ပညာရေးကောလိပ်သို့ ပြောင်းရွှေ့လိုက်သည်။

အဆိုပါကျောင်းတွင် မိသားစုအလိုက် တက်ရောက်ခဲ့သော အမျိုးသမီးတစ်ဦးက ၎င်း၏သမီးကို ကျောင်းအပ်နှံရာတွင် ဝန်ကြီးလက်မှတ်မပါ၍ ငြင်းပယ်ခံခဲ့ရကြောင်း ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြခဲ့ပြီး ပညာရေးဝန်ကြီးဌာနက မေလအတွင်းက စစ်ဆေးခဲ့သည်။

ရန်ကုန်ပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဦးဆောင်သော အဖွဲ့က ယင်းကိစ္စကို စစ်ဆေးခဲ့ပြီးနောက် ကျောင်းဝင်ခွင့် ငြင်းပယ်ခံရသော ကျောင်းသား အချို့ကို ပြန်လည်လက်ခံခဲ့ပြီး သုံးလအကြာတွင် ကျောင်းအုပ်ဆရာမကြီးကို နေရာပြောင်းရွှေ့လိုက်ခြင်း ဖြစ်သည်။


‘‘ဒီလ ၂၁ ရက်က ပြောင်းရွှေ့မိန့် ထွက်လာတာပါ။ ဘာလို့ ပြောင်းရွှေ့ရတာတော့ ပါမလာပါဘူး။ ကျောင်းဝင်ခွင့်အတွက် ဆရာမကြီးအပါအဝင် အားလုံးခြောက်ဦး ရွေးချယ်ရတာပါ။ အားလုံးက မှန်မှန်ကန်ကန်ပဲ။ မဟုတ်တာ ဘာမှမလုပ်ခဲ့ပါဘူး’’ ဟု ကျောင်းအုပ်ဆရာမကြီးက ပြောသည်။

ပြည်ထောင်စု အစိုးရနှင့် တိုင်းဒေသကြီး  အစိုးရများမှ ဝန်ကြီးများ၏ လက်မှတ်ပါလာ သော ကျောင်းသားများ နယ် ကျော်အပ်နှံပါကလည်း ဝင်ခွင့် လက်ခံရမှုအပေါ် မေးမြန်းခြင်းကို ကျောင်းအုပ်ဆရာမကြီးကဖြေဆို ရန် ငြင်းဆိုခဲ့သည်။

ကျောင်းဝင်ခွင့် သတ်မှတ်ချက်များနှင့် ပြည့်စုံသော သမီးငယ်ကို သူငယ်တန်း အပ်နှံရာ ငြင်းပယ်ခံခဲ့ရသော်လည်း နယ် ကျော်အပ်နှံသောကလေးများက ကျောင်းဝင်ခွင့်ရရှိနေ၍ ကျောင်း ရုံးခန်းသို့ ဝင်ရောက်မေးမြန်းရာ ဝန်ကြီးများ၏ လက်မှတ်ကြောင့် ဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်ဟု ရင်ဖွင့်ခဲ့သော မိခင်ဖြစ်သူက ဖေ့စ်ဘွတ်ခ်တွင် ရေးသားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံရှိ အခြေခံပညာ ကျောင်းများတွင် ကျောင်းသား၊ ဆရာ အချိုးမမျှတခြင်း၊ သင် ထောက်ကူပစ္စည်း ပံ့ပိုးနိုင်မှု အား နည်းခြင်းတို့ကြောင့်  ငွေကြေး ပြည့်စုံသူများ၊ အာဏာပိုင်များ နှင့် နီးစပ်သူများက မြို့ပေါ်ရှိ နာမည်ကြီးကျောင်းများတွင် မိမိတို့၏ရင်သွေး ကျောင်းဝင်ခွင့်ရရှိရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းနေကြသည်။

 အစိုးရသစ်  တက်လာပြီးနောက်  ၂၀၁၁  တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရက ရန်ကုန်မြို့တွင်း လာဘ်စားမှု အများဆုံး ကျောင်း ၁၉ ကျောင်း ထုတ်ပြန်ခဲ့ရာ အဆိုပါ စံပြလေ့ကျင့်ရေးအလယ်တန်းကျောင်းလည်း ပါဝင်ခဲ့သည်။
7daydaily

No comments:

Post a Comment