Tuesday, August 19, 2014

အမျိုးသားလွှတ်တော်တွင် ကျင့်သုံးမည့် ပီအာရ်စနစ် ကော်မရှင်ဆုံးဖြတ်

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းများအ တွက် ကိုယ်စားလှယ်လောင်းသို့ အသိပေးရမည့် ပီအာရ်စနစ် (Open List) ကို မြန်မာနိုင်ငံတွင် ကျင့်သုံးရန် အမျိုးသားလွှတ် တော် ပီအာရ် အကောင်အထည်ဖော်ရေးကော်မရှင်က သြဂုတ် ၁၈ ရက်တွင် ဆုံးဖြတ်လိုက်ကြောင်း သတင်းရရှိသည်။‘‘ပီအာရ်ကို တိုင်းဒေသကြီး ရော၊ ပြည်နယ်တွေရော အား လုံးသုံးမယ်။ Open List သုံး မယ်။ ဒါပေမဲ့ မဲဆန္ဒနယ်ပြန် လည်သတ်မှတ်ဖို့ ကိစ္စကတော့ တော်တော်ဆွေးနွေးရဦးမှာပါ’’ဟု ယင်းကော်မရှင်အဖွဲ့ဝင် တစ်ဦး ဖြစ်သူ ရခိုင်အမျိုးသားပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဦးအုန်းတင်ကပြောသည်။ပီအာရ်စနစ်ကို တိုင်းရင်း သားနိုင်ငံရေးပါတီများက ကန့် ကွက်ထားပြီး အထူးသဖြင့် တိုင်းရင်းသား ဒေသများတွင်ကျင့်သုံး ခြင်းမပြုရန် တိုင်းရင်းသားလွှတ် တော်ကိုယ်စားလှယ်များက ထုတ်ဖော်ပြောကြားထားသည်။ ပီအာရ်စနစ်ကျင့်သုံးရာတွင် ရွေးကောက်ပွဲ၌ နိုင်ငံရေးပါတီ များကိုသာ မဲပေးရပြီး နိုင်ငံရေး ပါတီများက ၎င်းတို့၏ ကိုယ်စား လှယ်လောင်းများ အမည်စာရင်း ကို ထုတ်ဖော်ခြင်းမရှိသည့် စနစ် (Close List) နှင့် ကိုယ်စားလှယ် လောင်းများ၏ အမည်စာရင်းကို ထုတ်ပြန်ရသည့်စနစ်(Open List)တို့တွင် မြန်မာနိုင်ငံနှင့် ကိုက်ညီ နိုင်မည့် စနစ်ကိုရွေးချယ်ခဲ့ခြင်း ဖြစ်သည်ဟု ကော်မရှင်အဖွဲ့ဝင် အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဦးဖုန်းမြင့်အောင်က ဆို သည်။
အမျိုးသား လွှတ်တော် ပီအာရ် အကောင်အထည်ဖော် ရေးကော်မရှင်က ရွေးချယ်ထား သည့် ပီအာရ်ပုံစံကို လွှတ်တော် သို့ အစီရင်ခံစာတင် သွင်းမည်ဖြစ်ကာ လွှတ်တော်တွင် အတည်ပြု နိုင်ရေးအတွက် လွှတ်တော်ကိုယ် စားလှယ်များက ယင်းပုံစံအား ထပ်မံဆွေးနွေးသွားမည်ဖြစ် သည် ဟု ၎င်းကပြောသည်။မြန်မာနိုင်ငံတွင် ပီအာရ် စနစ် ပြောင်းလဲကျင့်သုံးရန်နှင့် ပတ်သက်ပြီး ပီအာရ် စနစ်ကို လက်ရှိရွေးကောက်ပွဲနေရာ တွင် အစားထိုးကျင့်သုံးရန် သင့်၊မသင့် နှင့် ပီအာရ်ကျင့်သုံးခြင်းသည် ဖွဲ့ စည်းပုံအခြေခံဥပဒေနှင့် ညီ၊ မညီ တို့ကို ဦးစားပေးစဉ်းစားရမည် ဟု နိုင်ငံရေးဆောင်းပါးများ ရေးသား နေသူ ဒေါက်တာ ရန်မျိုးသိမ်းကပြောသည်။‘‘အခုလို ပီအာရ်ပုံစံကို ဆုံး ဖြတ်လိုက်တာက ကော်မရှင် အဆင့်ပဲရှိသေးတယ်။ သူကအမျိုးသားလွှတ်တော်ကိုတင်ပြဦး မယ်။ နောက်ပြည်ထောင်စု လွှတ်တော်မှာ နောက်ဆုံး ဆုံးဖြတ်ဖို့ လိုသေးတယ်။ အဲဒီအဆင့်တွေ ကျန်ပါသေးတယ်’’ဟု ၎င်းကဆို သည်။
ပြီးခဲ့သည့် ဇွန်လအတွင်းက ကျင်းပပြုလုပ်ခဲ့သော အမျိုးသား လွှတ်တော် အစည်းအဝေးတွင် လာမည့် ရွေးကောက်ပွဲများတွင် အမျိုးသား လွှတ်တော်၌ အချိုးကျကိုယ်စားပြုရွေးကောက်ပွဲစနစ် (ပီအာရ်) ကို ပြောင်းလဲကျင့်သုံး ရန် တိုက်တွန်းကြောင်း အဆိုကို အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီ(NDF) မှ အမျိုးသားလွှတ် တော်ကိုယ်စားလှယ်ဒေါ်ခင်ဝိုင်း ကြည်ကတင်သွင်းခဲ့သည်။
ယင်းနောက် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင် မြင့်က အမျိုးသားလွှတ်တော် ပီအာရ်အကောင်အထည်ဖော်ရေးကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းပေးခဲ့သည်။ သို့သော်အဆိုပါကော်မရှင်တွင် ပါဝင်သော အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စားလှယ်များနှင့် တိုင်းရင်း သားနိုင်ငံရေးပါတီများမှ လွှတ် တော်ကိုယ်စားလှယ် အချို့တို့သည် ပီအာရ်စနစ်ကို ကန့်ကွက်သည့်အနေဖြင့်အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ခဲ့ကြ သည်။
7Day Daily

No comments:

Post a Comment