Saturday, August 9, 2014

မြွေဆိပ်ဖြေဆေးထုတ်ရန် မြွေပွေး၊ မြွေဟောက်အကောင်တစ်ထောင် ၀ယ်မည်


မြွေဆိပ်ဖြေဆေးထုတ် လုပ်ရန်အဆိပ်ပြင်းသောမြွေများ ဖြစ်သည့် မြွေပွေးနှင့် မြွေဟောက် အကောင်တစ်ထောင်ကို အမှတ် (၁)ဆေးဝါးစက်ရုံက ၀ယ်ယူမည် ဖြစ်သည်။
ဝယ်ယူမည့်မြွေများမှာ တစ် ကောင်လျှင်ငါးဆယ်ကျပ်သား နှင့် အထက်ရှိရန် လိုအပ်ပြီးတစ်ကောင် သုံးထောင်ကျပ်ဖြင့် ၀ယ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
လိုအပ်နေသောအကောင် ရေတစ်ထောင်တွင် မြွေပွေးအ ကောင်ရှစ်ရာနှင့် မြွေဟောက်အ ကောင်နှစ်ရာဝယ်ယူမည်ဖြစ်ရာ ရောင်းချလိုသူများမှာ စက်ရုံသို့ လာရောက်ပို့ဆောင်ရန် လိုအပ် ပြီး လက်ငင်းငွေချေစနစ်ဖြင့် ၀ယ်ယူသွားမည်ဖြစ်သည်။
ရောင်းချလိုသူများသည် အမှတ်(၁)ဆေးဝါးစက်ရုံ(ရန်ကုန်) အင်းစိန်မြို့နယ်တွင်ရှိသောဆေး ၀ါးစက်ရုံလမ်း၊ ကြို့ကုန်း အ နောက်ရပ်ကွက်သို့ပို့ဆောင်ပေးရ မည်ဖြစ်သည်။


၂၀၁၃-၂၀၁၄ ခုနှစ်တွင် စက်မှုဝန်ကြီးဌာနက မြွေဆိပ်ဖြေဆေးအလုံးရေ ငါးသောင်းကျော်ထိ ထုတ်လုပ်နိုင်ခဲ့သည့်အပြင် မြန်မာနိုင်ငံတွင်တစ်နှစ်လျှင် မြွေဆိပ်ဖြေဆေးပျမ်းမျှ အလုံးရေခုနစ်သောင်းခန့် လိုအပ်နေသေးသည်။
ယခုနှစ်တွင် မြွေဆိပ်ဖြေ ဆေးအလုံးရေ ခြောက်သောင်း ကျော်ထုတ်လုပ်သွားရန်လည်း လျာထားသည်။
ကျန်းမာရေးဝန်ကြီးဌာန၏ စာရင်းဇယားများအရ ၂၀၁၁ခုနှစ် တွင် မြွေကိုက်ခံရမှုကြောင့်သေဆုံးသူ ၂၅၃ဦးထိရှိနေသေးသည်။ မြန်မာနိုင်ငံတွင် မြွေကိုက်ခံရမှု၏ ၉၀ ရာခိုင်နှုန်းခန့်သည် မြွေပွေးကိုက်ခံရခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် ပြည် တွင်းမှ ထုတ်လုပ်သောမြွေဆိပ် ဖြေဆေးမလုံလောက်သော်လည်း အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့မှ မြွေဆိပ် ဖြေဆေးကိုအသုံးမပြုရန် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့WHO က ထုတ် ပြန်ကြေညာထားသည်။
မြန်မာနိုင်ငံတွင် မြွေဆိပ်ဖြေ ဆေးကို မြင်း၏သွေးမှထုတ်နေ ခြင်းဖြစ်ပြီး သိုး၏သွေးရည်ကြည် ကိုအသုံးပြု၍ ထုတ်လုပ်သောမြွေ ဆိပ်ဖြေဆေးကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီမှစတင် ထုတ်လုပ်ဖြန့်ဖြူးခဲ့သည်။
7Day Daily

No comments:

Post a Comment