Monday, August 11, 2014

အကိုက်အခဲပျောက်ဆေးနှင့် ပိုးသတ်ဆေး မှားသောက်သဖြင့် အမျိုးသားတစ်ဦး သေဆုံး

အကိုက်အခဲ ပျောက်ဆေးနှင့် ပိုးသတ်ဆေး မှားသောက်မိသဖြင့် အမျိုးသားတစ်ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု သြဂုတ် ၉ ရက်၊ နံနက် ၆ နာရီခန့်က တောင်တွင်းကြီး မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု သက်ဆိုင်ရာမြို့မရဲစခန်းက သတင်းထုတ်ပြန်ထားသည်။ သေဆုံးသူမှာ မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ မကျီးပွင့်ကျေးရွာတွင် နေထိုင်သည့် အသက် ၂၀အရွယ် ကိုမင်းမင်းကိုဆိုသူဖြစ်ပြီး ၎င်းသည် သြဂုတ် ၈ရက် ည ၉နာရီအချိန်ခန့်က ဗိုက်အောင့်သဖြင့် ဆေးသောက်ရာတွင် နှမ်းခင်းဖျန်းသည့် ငါးနှစ်ကောင် ပိုးသတ်ဆေးကို အကိုက် အခဲ ပျောက်ဆေးဟု ထင်ကာ သောက်ခဲ့မိသည်။ထိုသို့ သောက်ခဲ့မိသဖြင့် ကိုမင်းမင်းကိုတွင် နှုတ်ခမ်းနှင့် ခြေသည်းလက်သည်း များ ပြာနှမ်းလာပြီး၊ ပါးစပ်မှအမြှုပ်များထွက်ကာ တောင်တွင်းကြီးမြို့ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိချိန်တွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။အဆိုပါဖြစ်စဉ်နှင့် စပ်လျဉ်း၍ တောင်တွင်းကြီး မြို့မရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် (၁၆/၂၀၁၄) ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
Mizzima

No comments:

Post a Comment