Wednesday, August 6, 2014

မန္တလေးတက္ကသိုလ်တွင် ယခုပညာသင်နှစ်အတွက် တစ်ဘာသာလျှင် ၇၅ ဦးအထိ တိုးချဲ့ခေါ်ယူနိုင်ရန် အဆိုပြုထား

မန္တလေး တက္ကသိုလ်တွင် ယခုပညာသင်နှစ် အတွက် တစ်ဘာသာလျှင် ၇၅ ဦး အထိ တိုးချဲ့ခေါ်ယူနိုင်ရန် အဆိုပြု ထားကြောင်း သိရသည်။ ၂၀၁၄ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်သော ကျောင်း သားကျောင်းသူများ အတွက် ပညာ ရေး ဝန်ကြီးဌာနမှ (ဝိဇ္ဇာချွန်/ သိပ္ပံချွန်) ရွေး ချယ် ၍ အထူးပြုစုပျိုးထောင် လေ့ကျင့်ရေး အစီအစဉ်အဖြစ်၂၀၁၃ -၂၀၁၄ ပညာသင်နှစ်မှစတင်ခေါ်ယူ ခဲ့ရာ ယခုနှစ်အတွက် ဘာသာရပ် ၂၁ခုအတွက် တစ်ဘာသာလျှင် ၇၅ ဦး ခေါ်ယူခွင့်ပေးရန် ပညာရေးဝန် ကြီးဌာနသို့ အဆိုပြုထားကြောင်း မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ထံမှ သိရသည်။''ဒီနှစ်ကျောင်းသားခေါ်မှာက မနှစ်ကထက်တော့ မနိမ့်လောက်ပါ ဘူး။ ဒီနှစ်မှာ မြန်မာမှုဘာသာက ထပ်တိုးလာတာရယ်၊ တစ်ဘာသာ ၇၅ ဦးခေါ်ဖို့ပြောထားတာရယ် ကြောင့် ကျောင်းသားအရေအတွက် မနှစ်ကထက်ပိုများနိုင်ပါတယ်။ ရမရ တော့ မသိသေးပါဘူး''ဟုမန္တလေး တက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာ မောင်သင်းက ပြောသည်။

မန္တလေးတက္ကသိုလ်ဝင်ခွင့် သတ်မှတ်ချက်များမှာ ယခင်နှစ်က အတိုင်း မပြောင်းလဲဘဲ ခေါ်ယူမည် ဖြစ်ပြီး ယမန်နှစ်က ခေါ် ယူခဲ့သော ကျောင်း သားကျောင်းသူ ၅၄၆ ဦးထဲ မှ သတ်မှတ်အရည်အချင်းများဖြစ် သည့်ဝိဇ္ဇာ/သိပ္ပံဘာသာရပ်အလိုက် ဘာသာရပ် အနိမ့်ဆုံးရမှတ်နှင့် စုစု ပေါင်းအမြင့်ဆုံးရမှတ် နှစ်ချက်စလုံး နှင့် ကိုက်ညီသော ကျောင်း သား ကျောင်းသူ ၁၄၄ဦး ကို၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် ဝိဇ္ဇာချွန်ဆု/ သိပ္ပံချွန်ဆုအဖြစ် တစ်လလျှင် ကျပ် တစ်သိန်းနှုန်းဖြင့် ၁၀ လချီးမြှင့်ပေး ခဲ့ကြောင်း သိရသည်။
မန္တလေးတက္ကသိုလ်မှ ယခင် နှစ် ကခေါ်ယူခဲ့သော ကျောင်း သား ကျောင်းသူများ ကို ထိုင်းနိုင်ငံမှ နား လည်မှုစာချွန်လွှာ လက် မှတ်ရေး ထိုး ထားသောတက္ကသိုလ် သို့ သင်ကြား ရေးဆိုင်ရာများ လေ့လာရန်အတွက် ယခုလတွင်စေလွှတ်ခဲ့ပြီး၊ ထိုင်းတက္က သိုလ်မှ ကျောင်းသားများကလည်း မန္တလေးတက္ကသိုလ်တွင် လာရောက် ကာ သင်ကြားသင်ယူမှုများပြုလုပ် မည်ဖြစ်ကြောင်း သိရသည်။
''ဒီလို ကျောင်းသားတွေကို ဖလှယ်ပြီးတော့ နိုင်ငံတကာအတွေ့ အကြုံတွေ ကို ပေးတယ်ဆိုတာက အရင်လူဟောင်းတွေ အနားယူရင် ဆရာတို့နေရာတွေမှာ ဝင်ရောက်လာ မယ့်သူတွေကို ပိုမိုမွေးမြူထားချင်လို့ လူစွမ်းအားအရင်းအမြစ်တွေ ကို နောင်၁ဝနှစ် ၁၅နှစ်အတွက် အခုက တည်းက ပိုလေ့ကျင့်ပေးနေ တာလို့ ပြောလို့ ရ တယ်''ဟုယင်းကဆိုသည်။
ယခုနှစ်အတွက် မန္တလေးတက္က သိုလ်ကျောင်းသားကျောင်းသူဦးရေ ကို တိုးမြှင့်ခေါ် ယူရခြင်းမှာ မန္တလေး တက္ကသိုလ်နှင့် နိုင်ငံတကာတက္ကသိုလ် များ နားလည်မှုစာချွန်လွှာလက်မှတ် ရေးထိုးထားသည့် တက္ကသိုလ်များ တွင် များများရောက်ရှိစေ နိုင်ရန်အ တွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိ ရသည်။ ယခင်နှစ်က ရန်ကုန်တက္က သိုလ်နှင့် မန္တလေးတက္ကသိုလ်နှစ်ခု တွင် ကျောင်း သားကျောင်းသူ စုစု ပေါင်း၁၂၆၂ဦးဝင်ခွင့်ရရှိခဲ့ပြီး ပညာ ချွန်ဆု ၂၈ဝဦးရရှိ ခဲ့ကြောင်း သိရ သည်။
ATK

No comments:

Post a Comment