Monday, August 4, 2014

လုပ်ငန်းခွင်အတွင်း မတော်တဆဖြစ်၍ သေဆုံးသူအတွက် မြန်မာ-ယန်စီကုမ္ပဏီမှ လျော်ကြေးသိန်း၂ဝဝပေး

လက်ပံတောင်းကြေးနီ စီမံကိန်း လုပ်ကိုင်နေသော မြန်မာ-ယန်စီကုမ္ပဏီတွင် မေလပိုင်းအတွင်း ဖြစ်ပေါ်ခဲ့သည့် တန် ၁ဝဝ ကားကြီးမှ စူဇူကီး ဒယ်ဘယ်ကတ် ကားလေးအား တက်ကြိတ်ခဲ့ရာ ဒယ်ဘယ်ကတ်ကားတွင်ပါသည့် အလုပ်သမား ကိုမင်းမင်းစိုး သေဆုံးခဲ့မှုကို လျော်ကြေး သိန်း၂ဝဝ ပေးလိုက်သည်။ယန်စီကုမ္ပဏီကသေဆုံးသူအတွက် လျော်ကြေးပေးရာတွင် ကျန်ရစ်သူမိသားစုနှင့် ညှိနှိုင်းဆောင်ရွက်ရာ အဆင်မပြေဖြစ်ခဲ့ပြီး သြဂုတ် ၃ ရက်ကမှ မြန်မာကျပ် သိန်း၂၀၀ ဖြင့် သဘောတူညီမှု ရရှိခဲ့သည်ဟု မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ ချုပ် (MTUF) ဗဟိုအကြံပေး ဦးရန်နိုင်ထွေးက ပြောသည်။"အကောင်းဆုံးရလာဒ်ကတော့ ယန်စီကော့ပါးလိမိတက်အနေနဲ့  နောက်နောင်မှာ မိမိတို့ ယန်စီအလုပ်သမားများအား ယခုကဲ့သို့ မဖြစ်စေအောင် လုံခြုံဘေးကင်းတဲ့ လုပ်ငန်းခွင်အဖြစ် ကာကွယ်စောင့်ရှောက်ပါမယ်လို့ ဝန်ခံကတိပြုသွားတာပါပဲ"ဟု MTUF ဗဟိုအကြံပေး ဦးရန်နိုင်ထွေးက မဇ္ဈိမကို ပြောသည်။ယန်စီကုမ္ပဏီအနေဖြင့် စတင်ညှိနှိုင်းခဲ့စဉ်က ယခုကဲ့သို့ အလုပ်သမားများ ဘေးအန္တရာယ်ထပ်မံမဖြစ်ပွားစေရန် ဂရုစိုက်မည်ဟုသော ကတိကိုမပေးကြောင်း၊ လျော်ကြေး သာပေးမည်ဟု ဆိုခဲ့သည်။ သို့သော် ဇနီးဖြစ်သူက လက်မခံခဲ့ပေ။
စီမံကိန်းတွင် သေဆုံးခဲ့သည့် ကိုမင်းမင်းစိုး၏ ဇနီးဖြစ်သူအား ယန်စီကုမ္ပဏီမှ အလုပ်သမားဝန်ကြီးဌာနနှင့် ၎င်းင်းအလုပ်လုပ်ကိုင်နေသည့် ကျန်းမာရေးဝန်ကြီးဌာန အစရှိသည်တို့မှ အကြိမ်ကြိမ်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီးနောက် သြဂုတ် ၃ ရက်တွင် ယခုကဲ့သို့ပြေလည်မှု ရရှိခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ယန်စီကုမ္ပဏီအတွင်း အလုပ်သမားများမှာ မြန်မာလုပ်သားနှင့် တရုတ် လုပ်သားများ ခွဲခြားဆက်ဆံခံနေခြင်း လစာရရှိမှုမတူညီခြင်း အမြဲတမ်း ဝန်ထမ်းများ အဖြစ် ခန့်ထားခြင်း မပြုသည့် အပေါ် သြဂုတ် ၁ ရက်ကအလုပ်သမား ၅ဝဝ နီးပါး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
mizzimaburmese.

No comments:

Post a Comment