Friday, August 22, 2014

ဓားစာခံများ ကိုကယ်ရန် ကြိုးပမ်းသော်လည်း မအောင်မြင်ခဲ့

 Photo: ဓားစာခံများ ကိုကယ်ရန် ကြိုးပမ်းသော်လည်း မအောင်မြင်ခဲ့
Friday, August 22, 2014

ဆီးရီးယားတွင် ဖမ်းဆီးခံခဲ့ရသော ဂျာနယ်လစ် ဂျိမ်းဖိုလေနှင့် အခြား အမေရိကန် ဓားစာခံများကို ကယ် တင်ရန် ယခုနွေရာသီက အမေရိကန်စစ်တပ်က ကြိုးစားခဲ့မှုကြောင့် တာဝန်ရှိသူတစ်ဦးကပြောပြီး ကယ် ဆယ်ရေးမှာ မအောင်မမြင် ဖြစ်သွားခဲ့ရကြောင်း ပင်တဂွန်က ပြောသည်ဟု သြဂုတ် ၂၁ ရက်က ရိုက်တာ သတင်းတစ်ရပ် တွင် ဖော်ပြထားသည်။

အသက် ၄၀ ရှိပြီဖြစ်သော ဖိုလေကို အစ်္စလာမ်မစ်နိုင်ငံတော် သောင်းကျန်းမှု များ ခေါင်းဖြတ်သတ်သည့် ဗီဒီယိုဖိုင် အင်တာနက်တွင် သြဂုတ် ၁၉ ရက်က ထွက်ပေါ်ခဲ့သည်။ ယင်း ခေါင်းဖြတ် ကွက်မျက်မှုအပေါ် သမ္မတအိုဘားမားက သြဂုတ် ၂၀ တွင် အပြင်းအထန် ရှုတ်ချကာ နိုင်ငံသားများကို ကာကွယ်ရန် အမေရိ ကန်အနေဖြင့် လုပ်ရလိမ့်မည်ဟု ပြောဆိုသည်။

အရေးနိမ့်ခဲ့သည် ကယ်ဆယ်ရေး လုပ်ငန်းကို လေကြောင်းနှင့် ခြေလျင်တပ်များဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ် ပြီး ISIL အဖွဲ့၏ အချုပ်အနှောင် ခံနေရသူများ ရှိရာကို ဦးတည်ထားခဲ့ခြင်းဖြစ်ကြောင်း စစ်သွေးကြွအုပ်စု ကို နည်မည်တစ်မျိုးဖြင့် ပြောင်းလဲအသုံးပြုကာ ပင်တဂွန်က သတင်း ထုတ်ပြန်သည်။

“ကံမကောင်းအကြောင်းမလှ ဖြစ်ရတာက ပတ်မှတ်ထားခဲ့တဲ့ နေရာမှာ ဓားစာခံများ ရှိမနေတာကြောင့် စစ်ဆင်ရေးက မအောင်မြင် ဖြစ်သွားခဲ့တယ်” ဟု ဖော်ပြသည်။ ယင်းစစ်ဆင်ရေးကို မည်သည့်အချိန်က ပြုလုပ်ခဲ့သည်ကို တာဝန်ရှိသူများက အတိအကျ မပြုသော်လည်း အနည်းဆုံး လွန်ခဲ့သော သီတင်းပတ်များ အတွင်းမှာ လုပ်ဆောင်ခဲ့ခြင်း မဟုတ်ဟု ပြောသည်။

Mizzima - News in Burmese
ဆီးရီးယားတွင် ဖမ်းဆီးခံခဲ့ရသော ဂျာနယ်လစ် ဂျိမ်းဖိုလေနှင့် အခြား အမေရိကန် ဓားစာခံများကို ကယ် တင်ရန် ယခုနွေရာသီက အမေရိကန် စစ်တပ်က ကြိုးစားခဲ့မှုကြောင့် တာဝန်ရှိသူတစ်ဦးကပြောပြီး ကယ် ဆယ်ရေးမှာ မအောင်မမြင် ဖြစ်သွားခဲ့ရကြောင်း ပင်တဂွန် က ပြော သည်ဟု သြဂုတ် ၂၁ ရက်က ရိုက်တာ သတင်းတစ်ရပ် တွင် ဖော်ပြထားသည်။

အသက် ၄၀ ရှိပြီဖြစ်သော ဖိုလေကို အစ်္စလာမ်မစ်နိုင်ငံတော် သောင်းကျန်းမှု များ ခေါင်းဖြတ်သတ်သည့် ဗီဒီယိုဖိုင် အင်တာနက်တွင် သြဂုတ် ၁၉ ရက်က ထွက်ပေါ်ခဲ့သည်။ ယင်း ခေါင်းဖြတ် ကွက်မျက်မှုအပေါ် သမ္မတအိုဘားမားက သြဂုတ် ၂၀ တွင် အပြင်းအထန် ရှုတ်ချကာ နိုင်ငံသား များ ကို ကာကွယ်ရန် အမေရိ ကန်အနေဖြင့် လုပ်ရလိမ့်မည်ဟု ပြောဆိုသည်။

အရေးနိမ့်ခဲ့သည် ကယ်ဆယ်ရေး လုပ်ငန်းကို လေကြောင်းနှင့် ခြေလျင်တပ်များဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ် ပြီး ISIL အဖွဲ့၏ အချုပ်အနှောင် ခံနေရသူများ ရှိရာကို ဦးတည်ထားခဲ့ခြင်းဖြစ်ကြောင်း စစ်သွေးကြွအုပ်စု ကို နည်မည်တစ်မျိုးဖြင့် ပြောင်းလဲအသုံးပြုကာ ပင်တဂွန်က သတင်း ထုတ်ပြန်သည်။

“ကံမကောင်းအကြောင်းမလှ ဖြစ်ရတာက ပတ်မှတ်ထားခဲ့တဲ့ နေရာမှာ ဓားစာခံများ ရှိမနေတာကြောင့် စစ်ဆင်ရေးက မအောင်မြင် ဖြစ်သွား ခဲ့တယ်” ဟု ဖော်ပြသည်။ ယင်းစစ်ဆင်ရေးကို မည်သည့်အချိန်က ပြုလုပ်ခဲ့သည်ကို တာဝန်ရှိသူများက အတိအကျ မပြုသော်လည်း အနည်းဆုံး လွန်ခဲ့သော သီတင်းပတ်များ အတွင်းမှာ လုပ်ဆောင်ခဲ့ခြင်း မဟုတ်ဟု ပြောသည်။

Mizzima - News in Burmese

No comments:

Post a Comment