Tuesday, August 19, 2014

ဆီးရီးယား ဓာတုလက်နက်များအား ဖျက်ဆီးမှု ပြီးဆုံး

 Photo: ဆီးရီးယား ဓာတုလက်နက်များအား ဖျက်ဆီးမှု ပြီးဆုံး
Tuesday, August 19, 2014

ဆီးရီးယားတွင် သြဂုတ် ၁၈ က ဓာတုလက်နက်များ ဖျက်ဆီးမှု ပြီးဆုံးခြင်းအပေါ် အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ချီးမွမ်းပြောကြား လိုက်ပြီး ဆီးရီးယားအစိုးရအနေဖြင့် ၎င်း၏ ကတိက၀တ်အ တိုင်း ဆက်လက်လုပ်ဆောင်မှု ရှိ၊မရှိ ကို စောင့်ကြည့်သွားမည်ဟု ပြောကြားသည်။
“ဆီးရီးယားနိုင်ငံက ဓာတုလက်နက်အမြောက်အများကို ဖျက်ဆီးခဲ့မှုကြောင့် ဒီလက်နက်တွေပျံ့နှံမှုကို ထိန်းချုပ်ဖို့ ကျွန်တော်တို့အား လုံး ရဲ့ ဆောင်ရွက်နေမှုမှာ အရေးပါတဲ့ အောင်မြင်မှုတစ်ခုဖြစ်ပါတယ်” ဟု အိုဘားမားက ပြောကြားခဲ့သည်။
အဆိုပါ လက်နက်များကို မေရိကန်ရေတပ်စစ်သင်္ဘောက မြေထဲပင်လယ်အတွင်း ဖျက်ဆီးပစ်ခဲ့ကြောင်း သိရသည်။

ဆီးရီးယားမြို့တော် ဒမတ်စကတ်အနီး ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှုကြောင့် လူပေါင်း ၁၄၀၀ ခန့် သေဆုံးခဲ့ရမှုအပေါ် ကမ္ဘာ့နိုင်ငံများက ကန့်ကွက်ရှုတ်ချမှုများ လုပ်ဆောင်ခဲ့သောကြောင့် သမ္မတဘာရှာအာဆတ်အစိုးရက ၎င်းတို့ပိုင်ဆိုင်ထားသည့် ဓာတုလက်နက်များကို ဖျက်ဆီးပစ်ရန် သဘောတူညီခဲ့ခြင်းဖြစ်သည်။
Ref:AFP

No comments:

Post a Comment