Tuesday, August 19, 2014

မန္တလေးမြို့ ငြိမ်းချမ်းမှုထိန်းသိမ်းရေး ကော်မတီ ဖျက်သိမ်း၊ အသစ်ပြန်ဖွဲ့စည်း

မန္တလေးမြို့ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး   ကော်မတီကို တရားဝင်ဖျက်သိမ်းခဲ့ပြီး သုံးလ သက်တမ်းရှိ ကော်မတီသစ်တစ် ရပ် ဖွဲ့စည်းခဲ့ကြောင်း သတင်းရရှိ သည်။
ဇူလိုင် ၂ ရက်က မန္တလေး မြို့တွင် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက် မြို့ခံ လူမှုရေးစိတ်ဝင်စားသူအများစု ဖြင့် ဖွဲ့စည်းခဲ့သည့် မန္တလေးမြို့ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးကော်မ တီကို အပြီးတိုင်ဖျက်သိမ်းကြောင်း သြဂုတ် ၁၈ ရက်တွင် မိုးကောင်း ကျောင်း တိုက် အတွင်း    ပြုလုပ် သည့်  အစည်းအဝေး၌  ထုတ် ပြန်ခဲ့ပြီး ထိုနေ့မှာပင် သုံးလသက် တမ်းရှိသည့် မန္တလေးမြို့ ငြိမ်းချမ်း မှုထိန်းသိမ်းရေးကော် မတီ သစ် အား ပြန်လည်ဖွဲ့စည်းခဲ့ကြောင်း ကော်မတီဝင်  ဦးမင်းထက်ငြိမ်း ချမ်းက ပြောသည်။

 ‘‘ကော်မတီအဟောင်းကို ကာဖျူးရုပ်သိမ်းရင် တစ်ခါတည်း ဖျက်သိမ်းဖို့ စီစဉ်ခဲ့ပေမယ့် အခုမှ ဖျက်ရတာ။ အရင်ကော်မတီက ထက် ပိုလုပ်နိုင်မယ့်သူတွေနဲ့ ကော်မတီအသစ်ပြန်ဖွဲ့စည်းတဲ့ သဘောပါပဲ’’ ဟု ဦးမင်းထက် ငြိမ်းချမ်းက ပြောသည်။

ကော်မတီအဟောင်းအား ပဋိပက္ခဖြစ်ပွားနေစဉ်အတွင်း ရှိ သမျှလူအင်အားနှင့် အမြန်ဖွဲ့ စည်းခဲ့ရသောကြောင့် ကော်မတီ သက်တမ်းကိုလည်း တိတိကျကျ သတ်မှတ်   မထားနိုင်ခဲ့သဖြင့် ကော်မတီအသစ်ကို     သုံးလ သက်တမ်းဖြင့် ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း သိရသည်။ သက် တမ်းပြည့် ပါက ထပ်မံသက်တမ်း တိုးမည်၊ မတိုးမည်ကိုမူ အစည်း အဝေး ပြန်လည်ပြုလုပ်ပြီးမှသာ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း အ ဆိုပါကော်မတီ သစ်မှ သတင်းရရှိ သည်။

ကော်မတီနှင့် ထိတွေ့ဆက် ဆံခဲ့သော နိုင်ငံတကာအဖွဲ့အ စည်းများ၊ ပြည်တွင်းအဖွဲ့အစည်း များအနေဖြင့် မန္တလေးမြို့ ငြိမ်း ချမ်းမှု အတွက်    ကော်မတီကို ဆက်လက်ရှိစေချင်ကြောင်း အ ကြံပြုချက်များအရ ယခုကဲ့သို့ ကော်မတီသစ်     ထပ်မံဖွဲ့စည်း ရခြင်းဖြစ်ကြောင်း ဦးမင်းထက် ငြိမ်းချမ်းက ဆိုသည်။

7Day DAILY

No comments:

Post a Comment