Monday, August 18, 2014

ယူကရိန်းသူပုန်များကို သံချပ်ကာကားများနှင့် တိုက်ခိုက်ရေးသမားများ ရုရှားထောက်ပံ့

Photo: ယူကရိန်းသူပုန်များကို သံချပ်ကာကားများနှင့် တိုက်ခိုက်ရေးသမားများ ရုရှားထောက်ပံ့
Monday, August 18, 2014

ရုရှားက လေ့ကျင့် သင်တန်းပေးထားသော တိုက်ခိုက်ရေးသမားများနှင့် သံချပ်ကာကား အသစ်များကို ယူကရိန်းသူပုန်များ လက်ခံရရှိထားပြီး ယူကရိန်း အစိုးရတပ်ဖွဲ့ကို တန်ပြန်ထိုးစစ် ဆင်နွှဲရန် စီစဉ်နေကြောင်း ခွဲထွက်ရေး သူပုန်ခေါင်းဆောင် တစ်ဦး၏ ပြောကြားချက်ကို ကိုးကားပြီး Reuters သတင်းတွင် ဖော်ပြထားသည်။
တင့်ကားအစင်း ၃၀ အပါအဝင် သံချပ်ကာ ကားစီးရေ ၁၅၀ ခန့်ကို ယူကရိန်းသူပုန်များ စတင် လက်ခံရရှိနေပြီဟု ခွဲထွက်ရေး ကြေညာထားသော ဒိုးနတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် အလက်ဇန်းဒါး ဇတ်ဟာချန်ကိုက ပြောကြားလိုက်ပြီး ရုရှားတွင် လေးလတာ စစ်သင်တန်း တက်ရောက်ထားသော တိုက်ခိုက်ရေးသမား ၁၂၀၀ ခန့်လည်း ယူကရိန်းသို့ စတင် ရောက်ရှိလာပြီဟု ပြောကြားလိုက်သည်။
“တကယ့်အရေးကြီးတဲ့ အချိန်မှာ သူတို့ ရောက်ရှိ ပူးပေါင်းလာတာပါ” ဟု ၎င်းက သောကြာနေ့တွင် ထုတ်ပြန်လိုက်သော ဗီဒီယိုတွင် ပြောကြားထားသည်။
သို့သော်လည်း သံချပ်ကာ ကားများကို မည်သည့်နေရာမှ ရရှိကြောင်းကို သူပုန်ဝန်ကြီးချုပ်က ရှင်းလင်း ပြောကြားသွားခြင်း မရှိပေ။
ယူကရိန်းသူပုန်များကို လက်နက်နှင့် ရန်ပုံငွေများ ထောက်ပံ့လျက် ရှိသည်ဟု ရုရှားနိုင်ငံအပေါ် အနောက်နိုင်ငံများက စွပ်စွဲထားသော်လည်း ရုရှားက ယင်းစွပ်စွဲချက်များကို ငြင်းဆိုထားသည်။
ထို့အပြင် ရုရှားလိုလားသော ခွဲထွက်ရေးသူပုန်များမှာ လေးလတာ ကြာမြင့်လာပြီ ဖြစ်သော တိုက်ပွဲတွင် အရေးနိမ့်လာခြင်းကြောင့် ရုရှားက ဝင်ရောက်စွက်ဖက်မှု လုပ်ဆောင်လာမည်ကို ကီယက်နှင့် အနောက်နိုင်ငံများက စိုးရိမ်လျက်ရှိသည်။
ယူကရိန်းနယ်မြေတွင်းသို့ ရုရှားသံချပ်ကာ ယာဉ်တန်း သောကြာနေ့ ညတွင် ဝင်ရောက်လာသည်ဟု ယူကရိန်းစစ်တပ်က ပြောကြားခဲ့ခြင်းကြောင့် အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းတွင် စိုးရိမ်မှု တိုးပွားလာခဲ့သဖြင့် ကမ္ဘာ့ရှယ်ယာ ဈေးကွက်တွင် ရှယ်ယာများ ထုတ်ရောင်းမှု ပေါ်ပေါက်ခဲ့သည်။“
ယင်းကဲ့သို့ သတင်းများ ထွက်ပေါ်နေခြင်းကြောင့် ခွဲထွက်ရေး သူပုန်များထံသို့ လက်နက်များ ပေးပို့နေမှုကို ရပ်တန့်ရမည်ဖြစ်ကာ အပစ်အခတ်ရပ်စဲမှု ရရှိရေး လုပ်ဆောင်ရမည်ဟု ဂျာမနီ ချန်ဆယ်လာမာကယ်နှင့် ယူကရိန်းသမ္မတ ပိုရိုရှန်ကိုတို့ နှစ်ဦးက ပူးတွဲ တောင်းဆိုလိုက်သည်။
ထို့အပြင် ယူကရိန်း တပ်ဖွဲ့ဝင်များကို စစ်ရေး အကူအညီပေးရန် ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး ကလင်ကင်က နေတိုးစစ်အုပ်စုကို တောင်းဆိုလျက် ရှိသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စစ်ရေးရှုံးနိမ့်မှုများ ကြုံတွေ့နေရသော ယူကရိန်း သူပုန်များက တန်ပြန်ထိုးစစ်ကြီး တစ်ရပ်ဆင်နွှဲမည်ဟု ထုတ်ဖော် ပြောကြားနေသော်လည်း လက်ရှိအချိန်ထိ မည်သည့်ထိုးစစ်မှ ထွက်ပေါ်လာခြင်း မရှိသေးပေ။
The Voice Weekly 
 ရုရှားက လေ့ကျင့် သင်တန်းပေးထားသော တိုက်ခိုက်ရေးသမားများနှင့် သံချပ်ကာကား အသစ်များကို ယူကရိန်းသူပုန်များ လက်ခံရရှိထားပြီး ယူကရိန်း အစိုးရတပ်ဖွဲ့ကို တန်ပြန်ထိုးစစ် ဆင်နွှဲရန် စီစဉ်နေကြောင်း ခွဲထွက်ရေး သူပုန်ခေါင်းဆောင် တစ်ဦး၏ ပြောကြားချက်ကို ကိုးကားပြီး Reuters သတင်းတွင် ဖော်ပြထားသည်။
တင့်ကားအစင်း ၃၀ အပါအဝင် သံချပ်ကာ ကားစီးရေ ၁၅၀ ခန့်ကို ယူကရိန်းသူပုန်များ စတင်လက်ခံရရှိနေပြီဟုခွဲထွက်ရေး ကြေညာထားသော ဒိုးနတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ်အလက်ဇန်းဒါးဇတ်ဟာချန်ကိုက ပြောကြားလိုက်ပြီးရုရှားတွင် လေးလတာစစ်သင်တန်းတက်ရောက် ထားသော တိုက်ခိုက်ရေးသမား ၁၂၀၀ ခန့်လည်း ယူကရိန်းသို့ စတင် ရောက်ရှိလာပြီဟု ပြောကြားလိုက်သည်။ “တကယ့်အရေးကြီးတဲ့ အချိန်မှာ သူတို့ ရောက်ရှိ ပူးပေါင်းလာတာပါ” ဟု ၎င်းက သောကြာနေ့တွင် ထုတ်ပြန်လိုက်သော ဗီဒီယိုတွင် ပြောကြားထားသည်။
သို့သော်လည်း သံချပ်ကာ ကားများကို မည်သည့်နေရာမှ ရရှိကြောင်းကို သူပုန်ဝန်ကြီးချုပ်က ရှင်းလင်း ပြောကြားသွားခြင်း မရှိပေ။
ယူကရိန်းသူပုန်များကို လက်နက်နှင့် ရန်ပုံငွေများ ထောက်ပံ့လျက် ရှိသည်ဟု ရုရှားနိုင်ငံအပေါ် အနောက်နိုင်ငံများက စွပ်စွဲထားသော်လည်း ရုရှားက ယင်းစွပ်စွဲချက်များကို ငြင်းဆိုထားသည်။ ထို့အပြင် ရုရှားလိုလားသော ခွဲထွက်ရေးသူပုန်များမှာ လေးလတာ ကြာမြင့်လာပြီ ဖြစ်သော တိုက်ပွဲတွင် အရေးနိမ့်လာခြင်းကြောင့် ရုရှားက ဝင်ရောက်စွက်ဖက်မှု လုပ်ဆောင်လာမည်ကို ကီယက်နှင့် အနောက်နိုင်ငံများက စိုးရိမ်လျက်ရှိသည်။ ယူကရိန်းနယ်မြေတွင်းသို့ ရုရှားသံချပ်ကာ ယာဉ်တန်း သောကြာနေ့ ညတွင် ဝင်ရောက်လာသည်ဟု ယူကရိန်းစစ်တပ်က ပြောကြားခဲ့ခြင်းကြောင့် အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းတွင် စိုးရိမ်မှု တိုးပွားလာခဲ့သဖြင့် ကမ္ဘာ့ရှယ်ယာ ဈေးကွက်တွင် ရှယ်ယာများ ထုတ်ရောင်းမှု ပေါ်ပေါက်ခဲ့သည်။“ ယင်းကဲ့သို့ သတင်းများ ထွက်ပေါ်နေခြင်းကြောင့် ခွဲထွက်ရေး သူပုန်များထံသို့ လက်နက်များ ပေးပို့နေမှုကို ရပ်တန့်ရမည်ဖြစ်ကာ အပစ်အခတ်ရပ်စဲမှု ရရှိရေး လုပ်ဆောင်ရမည်ဟု ဂျာမနီ ချန်ဆယ်လာမာကယ်နှင့် ယူကရိန်းသမ္မတ ပိုရိုရှန်ကိုတို့ နှစ်ဦးက ပူးတွဲ တောင်းဆိုလိုက်သည်။ ထို့အပြင် ယူကရိန်း တပ်ဖွဲ့ဝင်များကို စစ်ရေး အကူအညီပေးရန် ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး ကလင်ကင်က နေတိုးစစ်အုပ်စုကို တောင်းဆိုလျက် ရှိသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စစ်ရေးရှုံးနိမ့်မှုများ ကြုံတွေ့နေရသော ယူကရိန်း သူပုန်များက တန်ပြန်ထိုးစစ်ကြီး တစ်ရပ်ဆင်နွှဲမည်ဟု ထုတ်ဖော် ပြောကြားနေသော်လည်း လက်ရှိအချိန်ထိ မည်သည့်ထိုးစစ်မှ ထွက်ပေါ်လာခြင်း မရှိသေးပေ။
The Voice Weekly

No comments:

Post a Comment