Tuesday, August 12, 2014

မြို့သာစီမံကိန်းတွင် မြေယာလျော်ကြေးငွေအပြင် မြေကွက်များပါ ဂရန်ပေါက်ချပေးမည်

မန္တလေး တိုင်းဒေသကြီး မြင်းခြံခရိုင် မြို့သာ စက်မှုဥယျာဉ်စီမံကိန်း ဖော်ဆောင် ရာမှ မြေယာသိမ်းဆည်းခံခဲ့ရသော တောင်သူများအား လျော်ကြေးငွေ အပြင် ယင်းစီမံကိန်းဧရိယာဝင်းအ တွင်း၌ ပေ ၆ဝx၈ဝ မြေကွက်များကို ဂရန်အမည်ပေါက်ချထားပေးမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန မှ သိရသည်။
''မြို့သာစီမံကိန်းမှာ တောင်သူ တွေကို မြေယာအတွက် လျော်ကြေး ပေးနေတာက ပြဿနာရှိလို့ ခေတ္တ ရပ်ထားရာကနေ သြဂုတ် ၁ရက်က စပြီး လျော်ကြေးတွေ ပြန်ပေးနေ တယ်။ လျော်ကြေးယူထားသူ အိမ် ထောင်စုတစ်စုကို ပေ ၆ဝ x၈ဝ မြေကွက်တစ်ကွက်စီ ပေးသွားမှာဖြစ် တယ်။ စာရင်းကောက်ယူတာကို သြဂုတ်လနောက်ဆုံးလုပ်သွားမယ်'' ဟု တိုင်းဒေသကြီးလျှပ်စစ်နှင့် စက် မှုလက်မှုဝန်ကြီးဦးကျော်မြင့်က ပြော သည်။မြို့သာစက်မှုဥယျာဉ်စီမံကိန်းတွင်ပါဝင်သည့် ဧက တစ်သောင်း ကျော်မှပေးအပ်ခဲ့သည့် လျော်ကြေး ငွေကို လယ်မြေပိုင်သူ ရာခိုင်နှုန်း ၉ဝ ခန့်ရယူထားပြီးဖြစ်ကြောင်း၊ အစိုးရ ပိုင်မြေဖြစ်သည့် ပလပ်မြေနှင့် စား ကျက်များမြေပေါ်တွင် လုပ်ကိုင်နေ သည့် တောင်သူရာခိုင်နှုန်း ၈ဝတို့ကို လည်း ကရုဏာကြေး ငွေကျပ် ငါးသိန်း စီ ပေးအပ်ပြီးဖြစ်ကြောင်း၊ တောင်သူ ၁၃ဝ ကျော်မှာ မြို့သာစက်မှုဥယျာဉ် စီမံကိန်းတွင် အစုရှယ်ယာထည့် သွင်းထားကြောင်း သိရသည်။

''လျော်ကြေးပေးတဲ့ကိစ္စများနဲ့ ပတ်သက်လို့ ကျေးရွာနေအိမ်တွေမှာ အသိပေးစာတွေ ဖြန့်ဝေထားပါ တယ်။ လျော်ကြေးပေးနေတာနဲ့ မြေ ကွက်ပေးနေတာတွေကို အားလုံးသိ အောင်လုပ်နေတာ့ပါ။ စားကျက်မြေ နဲ့ ပလပ်မြေတွေကိုလဲ လျော်ကြေးပေး နေတယ်။ ဘယ်လိုပဲအကျပ်ကိုင်နေ ပါစေ ကာလပေါက်ဈေးအတိုင်းတော့ ပေးမရပါဘူး'' ဟု ယင်းကဆက်လက် ပြောကြားသည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပလပ်မြေနှင့် စားကျက်မြေ များမှာ နိုင်ငံတော်သို့ သီးစားခွန်များ ပေးဆောင်ရခြင်းရှိသော်လည်း လုပ် ကိုင်သူပိုင်ဆိုင်သည့်မြေမဟုတ်သော ကြောင့် ကရုဏာကြေးကိုသာပေးအပ် မည်ဖြစ်ပြီး လယ်မြေ၊ ယာမြေ၊ ကိုင်း ကျွန်းမြေလုပ်ကိုင်သူများက အထောက် အထားခိုင်လုံစွာတင်ပြနိုင်ပါက တစ် ဧကလျှင် ငွေကျပ် သိန်း ၂ဝ ပေးမည် ဖြစ်ကြောင်း သိရသည်။
နိုင်ငံပိုင်ဖြစ်သည့် ပလပ်မြေ နှင့် စားကျက်မြေများပေါ်တွင် နေ ထိုင် လုပ်ကိုင်သူများ အနေဖြင့် ယခု ကဲ့သို့ ကရုဏာကြေးပေးအပ်နေသည် ကို လက်ခံရယူရန်လိုအပ်ကြောင်း၊ သတ်မှတ်ကာလအတွင်း ရယူလက် ခံခြင်းမရှိလျှင် ထပ်မံပေးအပ်သွား ရန်အစီအစဉ်မရှိတော့ကြောင်းနှင့် ကရုဏာကြေးလက်ခံခြင်းမရှိဘဲ အ ဆိုပါ မြေကွက်များနှင့် ပတ်သက်၍ စီမံကိန်းလုပ်ဆောင်စဉ် ပြဿနာတစ် စုံတစ်ရာရှာဖွေပါက တည်ဆဲဥပဒေ အရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

Yangon Media Group

No comments:

Post a Comment