Tuesday, August 19, 2014

ရှင် ဂျာနယ် မျက်နှာဖုံးနှင့် ပတ်သက်ပြီး ကိုယ့်လိပ်ပြာ ကိုယ်လုံသည်ဟု မေထွဋ်ခေါင်ဆို
Tuesday, August 19, 2014


သြဂုတ် ၁၄ ရက် ၊ အမှတ် ၁၁ ၊ အတွဲ၂ ထုတ် ရှင် ဂျာနယ် မျက်နှာဖုံးတွင်ပါသည့်ပုံသည် ကိုယ့် လိပ်ပြာကိုယ် လုံခြင်းကြောင့် ယင်းမျက်နှာဖုံးနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ ထပ်မံပြောဆိုလိုခြင်း မရှိဟု မေထွဋ်ခေါင်က မဇ္စျိမကိုပြောသည်။ ယင်းဂျာနယ်၏ မျက်နှာဖုံးတွင် သရုပ်ဆောင် မေထွဋ်ခေါင် ဝတ်ဆင်ထားသည့် အဝတ်အစားသည် အတွင်းပိုင်းကို ပိုမိုထင်ရှားအောင် အပြင်မှ အပါးစ အမဲရောင်ကို အပေါ်၌ ထပ်မံဝတ်ဆင်ထားခြင်းဖြစ်သည်။


“ အဲဒါက ဂျာနယ်က အကျီင်္အဆန်း လေးကို စီစဉ်ပေးတယ်။အဲဒါကို ကြည့်ပြီးတော့ အစ်မက အော် ပုံစံလေး ဆန်းတယ်။ လန်းတယ် ဆိုပြီး ရိုက်လိုက်တာပါ။ ပေါ်ပြူလာ ဖြစ်အောင်လို့၊ ဘာလို့တော့ မရှိပါဘူး။ ဒီအတိုင်းဘဲ ပုံမှန်လေး ပေါ့ပေါ့ပါးပါးလေးဘဲ ရိုက်ဖြစ်လိုက်တာပါ။ မထင်မှတ်ဘဲ အဲဒီပုံက လူအရမ်း စိတ်ဝင်စားသွားတယ်။ အဲဒီအပေါ်မှာ ဘာမှ မတုန့်ပြန်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အလုပ်တစ်ခု လုပ်ပြီဆိုရင် အကောင်းအဆိုးက ဒွန်တွဲမှာဘဲလေ။ အနုပညာကို ဖန်တီးလိုက်တာဘဲရှိတယ်။ လိုက်ပြီး ခံစားနေတာ မဟုတ်ဘူးလေ။ အနုပညာ ဆန်ဆန် လုပ်လိုက်တဲ့ အပေါ်မှာ ပြောတာကို ဘာမှမခံစားဘူး။ မှန်တဲ့လူတွေလည်းဝေဖန်ပါ။ ရပါတယ် နားလည်ပါတယ်။ အနုပညာ လုပ်တာ ကိုယ့်လိပ်ပြာ ကိုယ်သန့်တယ်။ အဲဒီအတွက် ဘယ်သူ့ ကိုမှ မတုန့်ပြန်ပါဘူး” ဟု ၎င်းကသည်။

၎င်းအနေဖြင့် မော်ဒယ်ပိုင်းမှ သရုပ်ဆောင်ပိုင်းကို ရောက်ရှိလာသူဖြစ်သည်။ မော်ဒယ်တစ်ယောက်သည် အဝတ်အစား တစ်ခုကိုကြည့်ပြီး ဝတ်စား ဆင်ယင်မှု လိုက်ဖက်စေရန်အတွက် မိတ်ကပ်ဆရာ၊ ကင်မရာဆရာနှင့် ရှုတင်တစ်ခု၏ တင်စားသည့် ခေါင်းစဉ် အပေါ် မူတည်ပြီး အနုပညာကို ဖန်တီးရသည် ဟုပြောသည်။

Sexy Post ရိုက်ကူးသည်နှင့် ပတ်သက်ပြီး မေထွဋ်ခေါင်က “sexy ဆိုတာ အကျီကြီး အတင်းချွတ်လိုက်မှ မဟုတ်ဘူး။ နှုတ်ခမ်း အမူအယာ ၊ မျက်လုံးအမူအယာ ၊ အိုက်တင် အမူအယာ စတဲ့ အမူအယာတွေနဲ့ ဖော်ပြလို့ ရပါတယ်။ ဒီလို ဝတ်စား ဆင်ယင်မှုမျိုးကို အပြင်မှာလည်း သွားလာဝတ်စားကြပါတယ် ”ဟု ၎င်းကပြောသည်။

မော်ဒယ် သရုပ်ဆောင် မေထွဋ်ခေါင်သည် အနုပညာလောကတွင် အသက် ၂ဝ မပြည့်ခင်က မော်ဒယ်ရှိုးများ လျှောက်ခဲ့ပြီး ယနေ့ အချိန်အထိ အနုပညာ သက်တမ်း ၁၂ နှစ်ရှိပြီဖြစ်သည်။ ၎င်းသည် လတ်တလောတွင် ပုပ္ပါး၌ ဇာတ်ကား သုံးကား သွားရောက် ရိုက်ကူး မည်ဖြစ်ပြီး သြဂုတ် ၂၉ ရက်တွင် ယိုးဒယား နယ်စပ်၌ သီချင်းသွားရောက် သီဆိုမည်ဖြစ်သည်။

mizzimaburmese

No comments:

Post a Comment