Thursday, August 21, 2014

Sea Me We 5 ကေဘယ်ဆက်ကြောင်း ရေအောက်လိုင်းပြီးပါက လက်ရှိအင်တာနက်ထက် အဆ ၄၀ပိုမြန်မည်ဟုဆို

Sea Me We 5 ရေအောက်ကေဘယ် အင်တာနက် ဆက်ကြောင်း သွယ်တန်းမှုမှာ ကုန်းတွင်းပိုင်းတွင် သွယ်တန်းမှုပြီးစီးနေပြီဟု မြန်မာ့ဆက်သွယ်ရေးလုပ်င န်းပြင်ပဆက်သွယ်ရေးဌာန မိုဘိုင်း အင်ဂျင်နီယာချုပ် ဦးစိုင်းစောလင်းထွန်းက ပြောသည်။ကုန်းတွင်းပိုင်း ဆက်သွယ်မှုအဖြစ် ရန်ကုန်မှ တဆင့် ညောင်တုန်း၊ ကျောင်းကုန်း၊ ပုသိမ်မြို့များ ဆက်လက်သွယ်တန်းထားပြီး ထိုမှတဆင့် ငွေဆောင်သို့ ထပ်မံချိတ်ဆက် သွယ်တန်းထားသည်ဟု၎င်းင်းက ဆိုသည်။
ဦးစိုင်းစောလင်းထွန်းက “ကုန်းတွင်းဆက်ကြောင်းကတော့ ချိတ်ဆက်ပြီးပါပြီ။ ရေအောက် ဆက်ကြောင်းကို ချိတ်ဆက်နိုင်ဖို့ ငွေဆောင်ကမ်းခြေကနေ စတင် ချိတ်ဆက်မှာပါ။ ချိတ်ဆက်မှုတွေ ပြီးသွားရင် Data Capacity က 1.3 Tbps (1300 Gbps) အထိ ရရှိလာနိုင်မယ့် မြန်နှုန်းမြင့် အင်တာနက်ဆက်ကြောင်းဖြစ် လာမှာပါ” ဟု ဆိုသည်။

လက်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ချိတ်ဆက်ထားသော အင်တာနက်ဆက်ကြောင်းမှာ Sea Me We 3 အင်တာနက် ဆက်ကြောင်းဖြစ်ပြီး Internet Bandwidth 30 Gbps ကျော်အထိသာရရှိခြင်းဖြစ်သည်။ Sea Mea We 5 အင်တာနက်ဆက်ကြောင်း မြန်နှုန်းမှာ လက်ရှိ အင်တာနက်မြန်နှုန်း ထက် အဆ ၄၀ ကျော် ပိုမို မြန်ဆန်လာနိုင်မည်ဖြစ်သည်။
ဦးဇော်မင်းဦးက“ Internet Capacity က 1300 Gbps အထိ ရရှိနိုင်ရင် အခုမြန်နှုန်းထက် အဆ ပေါင်းများစွာ ပိုကောင်းလာမှာပေါ့။ ဒါဆို ကွန်ပျူတာနဲ့ အိုင်တီလုပ်လုပ်ငန်းတွေရဲ့ Software ထုတ်ကုန်တွေ ပိုတိုးတက်လာမယ့် အပြင် အခြားစီးပွားရေးလုပ်ငန်းတွေမှာလည်း အများကြီးတိုးတက် လာနိုင်ပါတယ် ” ဟု ပြောသည်။
စင်္ကပူနိုင်ငံမှ တဆင့် ဥရောပအရှေ့နှင့် အနောက်သို့ ရေအောက်မှ တဆင့် သွယ်တန်းမည့် Sea Me We 5 အင်တာနက်ဆက်ကြောင်းသည် ကီလိုမီတာ ၂၀၀၀၀ (၁၂၄၀၀မိုင်) အထိရှည်လျားပြီး ၂၀၁၆ ခုနှစ်တွင် သွယ်တန်းမှုပြီးစီးကာ အသုံးပြုနိုင်ရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။
Sea Me We 5 ကို ရေအောက်ပိုင်းတွင် ကေဘယ်သွယ်တန်းရန် အတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အပါအဝင် နိုင်ငံတကာကုမ္ပဏီ ၁၅ ခုမှ Alcatel-Lucent နှင့် NEC ကုမ္ပဏီတို့ကိုငှားရမ်းလုပ်ကိုင်ခွင့်ပြုခဲ့သည်။
mizzimaburmese

No comments:

Post a Comment