ရုရှားဝန်ကြီးချုပ် ဒီမက်ထရိမက်ဒီဒက်၏ Twitter တွင် မိမိအနေဖြင့် ရာထူးမှ နုတ်ထွက်သွားပြီဖြစ် ကြောင်းနှင့် သမ္မတ ဗလာဒီမာပူတင် အား ဝေဖန်မှုများကို ဟက်ကာများက သြဂုတ် ၁၄ ရက်တွင် ၀င်ရောက် ရေးသားခဲ့ကြောင်း သိရသည်။
“ကျွန်တော် ၀န်ကြီးချုပ်ရာထူးက နုတ်ထွက်ပါတော့မယ်။ အစိုးရရဲ့ လုပ်ရပ်တွေအပေါ်ရှက်နေပါပြီ။ ကျွန်တော်ကို့ ခွင့်လွှတ်ပေးကြပါ” ဟုရုရှားဘာ သာဖြင့် Twitter တွင် ရေးသားခဲ့သည်။
နောက်ထပ် Twitter တစ်စောင်တွင်လည်း “ကျွန်တော် ပြောချင်နေတာတော့ ကြာပါပြီ၊ ဗိုဗာရေ (ပူတင်၏ အမည် ပြောင်) ခင်ဗျားမှားနေပြီ” ဟု ရေးသားထားသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ရုရှားအစိုးရအရာရှိတစ်ဦးက “ဒီစာတွေက အမှန်မဟုတ်ပါဘူး။ ဒီကိစ္စနဲ့ပတ် သက် လို့ စုံစမ်းမှုတွေ လုပ်နေပါ တယ်” ဟု ပြောကြားသည်။
သို့သော် မက်ဒီဒက်၏ Twitter တွင် ရေးသားမှုများမှာ ဆက်လက်ထွက်ပေါ်နေပြီး ရုရှားတွင် ၀င်ရောက်ကြည့် ရှုသူ အရေအတွက် ၁၀၀၀၀ မှ၂ ဒသမ ၅ သန်းသို့ အဆမတန် မြင့်တက်သွားခဲ့သည်။
ရေးသားထားသည့် စာမျာတွင် ရုရှားအစိုးရအား ဝေဖန်မှုအများအပြား ပါဝင်သည်။
Mizzima - News in Burmese
No comments:
Post a Comment