Monday, September 29, 2014

ရွှေတူးသူ များလာပြီးနောက် လှေခွင်းတောင်အနီးဝန်းကျင်တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်

 နေပြည်တော် ဇေယျာသီရိမြို့နယ်၊ ပျဉ်းမနားအရှေ့ဘက်၊ ပေါင်းလောင်းဆည်အနီး ၊ လှေခွင်းတောင်ဝန်းကျင် ရွှေ ထွက်သည့်နေရာတွင်  စက်တင်ဘာ ၂၈ ရက်မှစ၍ ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
‘‘ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက် ပြီ၊ ဘယ်သူမှသွားမရတော့ဘူး။ စစ်သားတွေနဲ့ ရဲတွေတော့ စောင့် ကြည့်နေကြတယ်။ နယ်ကလာတဲ့သူတွေလည်း ပြန်သွားကြပြီ’’ဟု ကျည်တောင်ရွာမှ ရွှေသွားရောက် တူးဖော်သူတစ်ဦးက ပြောကြားသည်။

ကျည်တောင်ကျေးရွာမှ ဒေ သခံထင်းခုတ်သမားတစ်ဦးက ထို နေရာကို  စတင်တွေ့ရှိပြီး  ရွှေ ထွက်ရာနေရာကို သက်ဆိုင်ရာက သိရှိသွား၍ စက်တင်ဘာ ၂၂ ရက်တွင် ယင်းသို့သွားရာ လမ်းကြောင်းကို ခေတ္တပိတ်ခဲ့သည်။
ထို့နောက် ယင်းနေရာကိုသတ္တုတွင်း ၀န်ကြီးဌာနက လာ ရောက်စစ်ဆေးရာ ကျိုးပဲ့သတ္တု မြေ အပေါ်ယံ  ရွှေထွက်သည့်နေရာဖြစ်ကြောင်း သတ်မှတ်ကာ ပိတ်ပင်ပြီး တစ်ရက်အကြာတွင် ဒေသခံ များအား ပြန်လည်လုပ် ကိုင်ခွင့်ပေးထားသည်။
ထိုကဲ့သို့ လုပ်ကိုင်ခွင့်ပေးပြီး လေးရက်အကြာတွင် ယခုကဲ့သို့ ပုဒ်မ ၁၄၄ ထုတ်ပြန်ကာ ပိတ်ပင် ခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ ထုတ် ပြန်ခဲ့ခြင်းကြောင့်  ဒေသခံများမှာ ၀င်ငွေလျော့ပြီး အလုပ်လက်မဲ့ ဖြစ်သွား ရကြောင်း ရွှေတူးဖော်သူအချို့က ဆိုသည်။
‘‘အရင်က  အလုပ်မရှိတဲ့ သူတွေတောင်  ရွှေလိုက်တူးကြ တယ်။ အများကြီးမရပေမယ့် အ လုပ်နဲ့ ပုံမှန်ဝင်ငွေလေးတော့ ရ တာပေါ့။ အခုတော့ အလုပ်လက် မဲ့ပြန်ဖြစ်သွားကြပြီ’’ ဟု ကျည် တောင်ဒေသခံ  တစ်ဦးက ဆိုသည်။
အဆိုပါ ရွှေထွက်ရာနေရာ သည် စစ်တပ်ပိုင်မြေဖြစ်ပြီး သတ္တုတွင်း ၀န်ကြီးဌာနနှင့် သက်ဆိုင်ခြင်းမရှိကြောင်း သတ္တုတွင်းဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ပြောကြားသည်။
အဆိုပါ ရွှေထွက်သည့် နေရာသည် ယခင်က ရွှေမိုင်းရှိသော နေရာဖြစ် ကြောင်းကိုလည်း အထက်ပါ အရာရှိက အတည်ပြုပြောကြားထားသည်။
          ယင်းနေရာသို့ ရွှေလာရောက် တူးဖော်သူဦးရေမှာ နေ့စဉ်တစ် ထောင်ကျော် ရှိပြီး ရွှေတူးဖော်သူ အချို့ မှာ တစ်နေ့လျှင် အများဆုံးတစ်ဆယ်သားဝန်းကျင် ရရှိကြကာမရရှိသူများလည်းရှိကြောင်း တူးဖော်သူအချို့က ဆိုသည်။
ထို့အပြင် ရွာပေါင်းစုံမှလာ ရောက်  တူးဖော်ကြခြင်းဖြစ်၍ ထွက်ရှိသည့် ရွှေပမာဏကို တူး ဖော်သူ အချို့အား မေးမြန်းရာ ပြောဆိုနိုင်ခြင်းမရှိခဲ့ပေ။
အဆိုပါ ရွှေထွက်သည့် နေ ရာသို့ အနီးအနားကျေးရွာများဖြစ် သည့် ကျည်တောင်၊ ခေါမ၊ စည် ပင်သာယာ၊ သာယာဝှမ်း၊ ၀ဲကြီး၊ ၀က်စုနှင့် ရှမ်းစုအပါအ၀င် အနီး အနားမှ ရွာများလည်း လာရောက်တူးဖော်ကြသည်။ ထိုနေရာသို့ ရောက်ရှိရန်အတွက် ဆိုင်ကယ် ဖြင့်  တစ်နာရီခွဲဝန်းကျင်  သွား ရောက်ရပြီး ထိုမှ တစ်ဆင့် ရွှေတူး ဖော်ရာနေရာသို့ ရောက်ရှိရန် နှစ်မိုင် လမ်းလျှောက်ရကြောင်း သိရသည်။

7 Day

No comments:

Post a Comment