Saturday, September 13, 2014

မန္တလေး၊ စစ်ကိုင်းနှင့် မကွေးမြို့များတွင် မီးသတ်ရေယာဉ်များ စတင်အသုံးပြုမည်

 Photo: မန္တလေး၊ စစ်ကိုင်းနှင့် မကွေးမြို့များတွင် မီးသတ်ရေယာဉ်များ စတင်အသုံးပြုမည်
Saturday, September 13, 2014

မန္တလေး၊ စစ်ကိုင်းနှင့် မကွေးမြို့များရှိ ဧရာဝတီမြစ်ဆိပ် ကမ်းများတွင် မီးသတ်ရေယာဉ် များ စတင်ထားရှိသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။

ဧရာဝတီမြစ်အတွင်း သွား လာနေကြသော ရေယာဉ်များ၊ သင်္ဘောများ မီးဘေးအန္တရာယ် နှင့် ရေကြီးခြင်း၊ ရေနစ်မြုပ်ခြင်း အန္တရာယ်များ ကြုံတွေ့ရပါက မီး ငြှိမ်းသတ်ခြင်း၊ အသက်ကယ် ဆယ်ခြင်းများ ပြုလုပ်နိုင်ရန် စက် တင်ဘာ ၅ ရက်က မီးသတ်ဌာန ချုပ်မှ ချထားပေးလိုက်ကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ် ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးသန်း ဇော်ဦးက ပြောကြားသည်။

‘‘မြစ်ဆိပ်မှာရှိတဲ့ မီးသတ် စခန်းမှာထားမှာပါ။ မီးဘေး အန္တရာယ်အပြင် ရေနစ်တာတို့ တခြားကယ်ဆယ်ရေး လုပ်ငန်းတွေပါ ဆောင်ရွက်ပေးသွားမှာပါ’’ ဟု တိုင်းဦးစီးမှူးက ပြောသည်။ အဆိုပါ မီးသတ်ရေယာဉ် တွင်  လူ ဆယ်ဦးအ ထိ လိုက်ပါနိုင်မည်ဖြစ်သည်။

၂၀၁၃ ခုနှစ် နိုဝင်ဘာ ၁၂ ရက်က မန္တလေးမြို့၊ ဧရာဝတီမြစ်၊မရမ်းခြံဆိပ်ကမ်းတွင် ထီးချိုင့်- မန္တလေး ပြေးဆွဲနေသည့် ကုန် တင်မော်တော်ရေယာဉ်မှာ အင် ဂျင်ဂီယာဘောက်စ်ပြုပြင်နေ သည်ကို မသိမမြင်လိုက်သဖြင့် မီးစက်နှိုးရာမှ စတင်လောင်ကျွမ်းခဲ့သည်။

အဆိုပါ မီးလောင်ကျွမ်းမှု တွင် မီးသတ်ရေယာဉ်မရှိ၍ မီး ငြှိမ်းသတ်ရာတွင် အခက်အခဲရှိ ခဲ့ကြောင်း မြစ်ဆိပ်တွင် နေထိုင် သူများက ပြောသည်။

နိုင်ငံခြားခရီးသည် ပို့ဆောင် ရေး ရေယာဉ်အသင်းမှ အသင်း ဥက္ကဋ္ဌဦးသက်ထွန်းက ‘‘ရှိလာ တော့ ပိုကောင်းတာပေါ့။ ဒီထက် များများရှိလေ ကောင်းလေပါပဲ။ နိုင်ငံခြားသားတွေအတွက်ရော ပြည်တွင်းဧည့်သည်တွေအတွက် ပါ ရှိသင့်ပါတယ်’’ ဟု ပြောသည်။

7Day DAILY 

၂၀၁၃ခုနှစ် နိုဝင်ဘာလက ဧရာဝတီမြစ် မရမ်းခြံဆိပ်ကမ်းတွင် ဆီတင် သဘောင်္ မီးလောင်ကျွမ်းနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - ညီညီဇော်)
၂၀၁၃ခုနှစ် နိုဝင်ဘာလက ဧရာဝတီမြစ် မရမ်းခြံဆိပ်ကမ်းတွင် ဆီတင် သဘောင်္ မီးလောင်ကျွမ်းနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - ညီညီဇော်)
မန္တလေး၊ စစ်ကိုင်းနှင့် မကွေးမြို့များရှိ ဧရာဝတီမြစ်ဆိပ်ကမ်းများတွင် မီးသတ်ရေယာဉ်များစတင်ထားရှိသွားမည်ဖြစ် ကြောင်းသတင်းရရှိသည်။
ဧရာဝတီမြစ်အတွင်း သွား လာနေကြသော ရေယာဉ်များ၊ သင်္ဘောများ မီးဘေးအန္တရာယ် နှင့် ရေကြီးခြင်း၊ ရေနစ်မြုပ်ခြင်း အန္တရာယ်များ ကြုံတွေ့ရပါက မီးငြှိမ်းသတ်ခြင်း၊ အသက်ကယ်ဆယ်ခြင်းများ ပြုလုပ်နိုင်ရန် စက်တင်ဘာ ၅ ရက်က မီးသတ်ဌာနချုပ်မှ ချထားပေးလိုက်ကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ် ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးသန်း ဇော်ဦးက ပြောကြားသည်။

‘‘မြစ်ဆိပ်မှာရှိတဲ့ မီးသတ် စခန်းမှာထားမှာပါ။ မီးဘေး အန္တရာယ်အပြင် ရေနစ်တာတို့ တခြားကယ်ဆယ်ရေး လုပ်ငန်းတွေပါ ဆောင်ရွက်ပေး သွားမှာပါ’’ ဟု တိုင်းဦးစီးမှူးက ပြောသည်။ အဆိုပါ မီးသတ်ရေယာဉ် တွင်  လူ ဆယ်ဦးအ ထိ လိုက်ပါနိုင်မည်ဖြစ်သည်။

၂၀၁၃ ခုနှစ် နိုဝင်ဘာ ၁၂ ရက်က မန္တလေးမြို့၊ ဧရာဝတီမြစ်၊မရမ်းခြံဆိပ်ကမ်းတွင် ထီးချိုင့်- မန္တလေး ပြေးဆွဲနေသည့် ကုန် တင်မော်တော်ရေ ယာဉ် မှာ အင် ဂျင်ဂီယာဘောက်စ်ပြုပြင်နေ သည်ကို မသိမမြင်လိုက်သဖြင့် မီးစက်နှိုးရာမှ စတင်လောင်ကျွမ်းခဲ့သည်။

အဆိုပါ မီးလောင်ကျွမ်းမှု တွင် မီးသတ်ရေယာဉ်မရှိ၍ မီး ငြှိမ်းသတ်ရာတွင် အခက်အခဲရှိ ခဲ့ကြောင်း မြစ်ဆိပ်တွင် နေထိုင် သူများက ပြောသည်။

နိုင်ငံခြားခရီးသည် ပို့ဆောင် ရေး ရေယာဉ်အသင်းမှ အသင်း ဥက္ကဋ္ဌဦးသက်ထွန်းက ‘‘ရှိလာ တော့ ပိုကောင်းတာပေါ့။ ဒီထက် များများ ရှိလေ ကောင်းလေပါပဲ။ နိုင်ငံခြားသားတွေအတွက်ရော ပြည်တွင်းဧည့်သည်တွေအတွက် ပါ ရှိသင့်ပါတယ်’’ ဟု ပြောသည်။

7Day DAILY

No comments:

Post a Comment