Wednesday, September 24, 2014

ခြောက်နှစ်အရွယ် ဂျပန်မိန်းကလေး၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ပလစတစ်အိတ်များအတွင်း တွေ့ရှိ

tokyo-police-have 1
ဂျပန်နိုင်ငံ အနောက်ပိုင်း ကိုဘေးမြို့တွင် စက်တင်ဘာ ၁၁ ရက်က ပျောက်ဆုံးသွားခဲ့သော အသက် ခြောက်နှစ်အရွယ် မိန်းကလေးတစ်ဦး၏ ခန္ဓာ ကိုယ် အစိတ် အပိုင်းများကို ထည့်ထားသည့် ပလတ်စ တစ်အိတ်များကို သူမ၏ အိမ်အနီးတွင် တွေ့ရှိခဲ့ရကြောင်း နယ်မြေရဲတပ်ဖွဲ့က စက်တင်ဘာ ၂၄ ရက် တွင် ထုတ်ပြန်လိုက်သည်။
ဒီအင်န်အေ စစ်ဆေးမှုများအရ အဆိုပါ မိန်းကလေးသည် မီရီအီကူတာ ဆိုသူဖြစ်ပြီး ၎င်းအသတ်ခံရမှု နှင့်ပတ်သက်၍ အိမ်နီးချင်းတစ်ဦးဖြစ်သူ အသက် ၄၇ နှစ် အရွယ် အမျိုးသားတစ်ဦးအား ရဲများက စစ် ဆေးလျက်ရှိကြောင်း သိရသည်။

ဂျပန်နိုင်ငံသည် ကမ္ဘာပေါ်တွင် ရာဇ၀တ်မှုအနည်းဆုံးသော နိုင်ငံများစာရင်းတွင် ပါဝင်နေပြီး ရက်စက် ကြမ်းတမ်းသည့် မှုခင်းများဖြစ်ပွားမှုလည်း နည်းပါးသောကြောင့် မြို့ကြီးများ၌ပင် အသက် ၆ နှစ်အရွယ် ကလေးငယ်များသည် ကျောင်းနှင့်အိမ်ကို အဖော်မပါဘဲ သွားလာနိုင်ကြသည်။
လွန်ခဲ့သော နှစ်ပတ်ခန့်က မီရီသည် ကျောင်းမှအပြန် အိမ်သို့ ရောက်မလာသောအခါ အရေးတကြီး ရှာဖွေခဲ့ကြသော်လည်း ရှာဖွေမတွေ့ခဲ့ကြဘဲ ပုပ်စော် နံနေသည့် သူမ၏ ကိုယ်ခန္ဓာကိုယ်အစိတ်အပိုင်း များထည့်ထားသော ပလတ်စတစ်အိတ်များကို နေအိမ်မှ မီတာ ၁၀၀ ခန့်အကွာတွင် စက်တင်ဘာ ၂၃ ရက် က တွေ့ရှိခဲ့ရခြင်းဖြစ်သည်။
အိတ်များအတွင်း ဦးခေါင်း၊ လက်နှစ်ဘက်နှင့် ခန္ဓာကိုယ်အပေါ်ပိုင်း၊ ခြေထောက်များကို တွေ့ရှိထားပြီး ကျန်အစိတ်အပိုင်းများကို မတွေ့ရသေးကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
Ref:AFP
Mizzima

No comments:

Post a Comment