Thursday, September 4, 2014

ဖိလစ်လမ်း၊ မာတီဆက်ကာနှင့် ကလိုဆေးတို့ကို ဂျာမနီဘောလုံးအဖွဲ့ချုပ်က ဂုဏ်ထူးဆောင်ဆုများ ပေးအပ်

 476 477

ဂျာမနီအသင်းနှင့် အာဂျင်တီးနားအသင်းတို့၏ ချစ်ကြည်ရေး ခြေစမ်းပွဲ မကစားမီဂျာမနီဘောလုံးအဖွဲ့ချုပ်က ဂျာမနီလက်ရွေးစင် အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ပေး ခဲ့ကြသည့် ဖိလစ်လမ်း၊ မာတီဆက်ကာနှင့် ကလိုဆေး တို့ကိုဂုဏ်ထူးဆောင်ဆု များ ပေးအပ်ချီးမြှင့်ခဲ့သည်။
ဖိလစ်လမ်း၊ မာတီဆက်ကာနှင့် ကလိုဆေးတို့သည် ၂၀၁၄ ကမ္ဘာ့ဖလားအောင်မြင် မှုရဂျာမနီအသင်း အတွက်အကောင်းဆုံး ခြေ စွမ်းပြ ကစားပေးခဲ့ပြီးနောက်လက်ရွေးစင်ကစားသမားဘ၀မှ အနားယူသွားခဲ့သူများဖြစ်သည်။

တိုက်စစ်မှူးကလိုဆေးမှာ ဂျာမနီလက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၁၃၇ ပွဲကစားပေးခဲ့ပြီး ဂိုးပေါင်း ၇၁ ဂိုးအထိသွင်းယူကာ ဂျာမနီနိုင်ငံ၏သမိုင်းတစ်လျှောက်ဂိုးအများဆုံးသွင်းသူအဖြစ်ရပ်တည်နေသူဖြစ်သည်။

ပြီးခဲ့သည့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း ဂိုးနှစ်ဂိုးသွင်းယူနိုင်ခဲ့ပြီးသွင်းဂိုးပေါင်း ၁၆ ဂိုးဖြင့်  ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက်ဂိုးသွင်း အများဆုံးကစားသမားအဖြစ် ရပ်တည်နေသည်။ ကလိုဆေးသည်ကမ္ဘာ့ဖလားပြိုင်ပွဲလေးကြိမ် ယှဉ်ပြိုင်ခဲ့ရာတွင်ချန်ပီယံတစ်ကြိမ်၊
ဒုတိယတစ်ကြိမ်နှင့် တတိယနှစ်ကြိမ်ရရှိကာ လေးကြိမ်စလုံး ဆုတံဆိပ်များရရှိခဲ့သူဖြစ်သည်။

ဂျာမနီအသင်းခေါင်းဆောင်ဟောင်း ဖိလစ်လမ်းမှာ ၁၁၃ ပွဲ ကစားပေးခဲ့ပြီးငါးဂိုးသွင်းယူပေးနိုင်ခဲ့သည်။ အသက် ၃၀ အရွယ်သာ ရှိသေးသော်လည်းဖိလစ်လမ်းသည် လက်ရွေးစင်ကစားသမားဘ၀မှ အနားယူခဲ့ခြင်းဖြစ်သည်။

ဂျာမနီလက်ရွေး စင်အသင်းတွင် ကစားခဲ့သော ၂၀၀၄ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ၁၀နှစ်တာ ကာလအတွင်း အောင်မြင်မှုများစွာရ ယူနိုင်ခဲ့သည်။ ကမ္ဘာဖလားပြိုင်ပွဲ များတွင် ချန်ပီယံဆု တစ်ကြိမ်နှင့် တတိယ နှစ်ကြိမ်၊ ယူရို ၂၀၀၈ပြိုင်ပွဲတွင် ဒုတိယ တစ်ကြိမ်ရရှိ ခဲ့သည်။ ၎င်းအနားယူသွားသည့်အတွက်ဂျာမနီအသင်းခေါင်းဆောင်နေရာကို ကွင်းလယ်ကစားသမား ရှဝိန်းစတိုင်ဂါအားခန့်အပ်ခဲ့ သည်။

အာဆင်နယ်နောက်ခံလူ မာတီဆက်ကာမှာလည်း ဂျာမနီလက်ရွေးစင်အသင်းအတွက်ပွဲပေါင်း ၁၀၄ ပွဲကစားပေးခဲ့ကာ ၄ ဂိုးသွင်း ယူပေးနိုင်ခဲ့သူဖြစ်သည်။

ဂျာမနီအသင်းတွင် အဓိကနောက်ခံကစားသမားအဖြစ် ခြေစွမ်းပြကစားနိုင်ခဲ့သူဖြစ်သည်။ မာတီဆက်ကာသည် ၂၀၀၄ ခုနှစ်တွင် ဖိလစ်လမ်းနှင့်အတူလက်ရွေးစင်စဖြစ်ခဲ့ခြင်းဖြစ်ပြီးကမ္ဘာ့ဖလားပြိုင်ပွဲများတွင်ဖိလစ်လမ်းနည်းတူ အောင်မြင်မှုများရရှိခဲ့သူဖြစ်သည်။

၎င်းတို့ သုံးဦးကို ဂုဏ်ထူးဆောင်ဆုများပေးအပ်ပြီးနောက် ဂျာမနီအသင်းနှင့်အာဂျင်တီးနားအသင်းတို့ ခြေစမ်းပွဲယှဉ်ပြိုင် ကစားခဲ့ ရာတွင်အာဂျင်တီးနားအသင်းက ၄-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ကမ္ဘာ့ဖလားဗိုလ်လုပွဲက ရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့သည်။

အာဂျင်တီးနားအသင်းတွင်မက်ဆီပါဝင်နိုင်ခြင်း မရှိခဲ့သော်လည်း မန်ယူကစားသမားသစ် ဒီမာရီယာကခြေစွမ်းပြကစားခဲ့ပြီးသုံးဂိုး သွင်းယူကာ တစ်ဂိုးဖန်တီးပေးခဲ့သည်။

Ref: dailymail

No comments:

Post a Comment