Tuesday, September 23, 2014

ပုရိသတွေကို စိတ်ကုန်လို့ ရင်သားသုံးဖက်ဖြစ်အောင် ဆာဂျရီနဲ့ ပြုပြင်လိုက်တဲ့ ဖလော်ရီဒါ အနှိပ်ခန်းက မိန်းကလေး

Photo: ပုရိသတွေကို စိတ်ကုန်လို့ ရင်သားသုံးဖက်ဖြစ်အောင် ဆာဂျရီနဲ့ ပြုပြင်လိုက်တဲ့ ဖလော်ရီဒါ အနှိပ်ခန်းက မိန်းကလေး
Tuesday, September 23, 2014

အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်း ဖလော်ရီဒါပြည်နယ်မှ အသက် ၂၁ နှစ်အရွယ် မိန်းကလေးသည် အမျိုးသားများအပေါ် စိတ်ကုန်သွားပြီး ဆွဲဆောင်မှုမရှိတော့စေရန် တတိယမြောက်ရင်သား တစ်ခုကို ပလပ်စတစ်ဆာဂျရီဖြင့် ပြုပြင်လိုက်သည်။အနှိပ်ခန်းတစ်ခုတွင် အလုပ်လုပ်သော ဂျက်စမင်းထရိုင်ဒီဗဲလ်သည် အဆိုပါ ရင်သားနောက်ထပ်တစ် လုံးကို ရရှိရန် အမေရိကန်ဒေါ်လာ ၂၀၀၀၀ အကုန်အကျခံ ပြုပြင်ခဲ့ရကြောင်း ပြောကြားသည်။

“ကျွန်မအနေနဲ့ နောက်ထပ်ရင်သားတစ်လုံး ရလာတာကလွဲလို့ ဘာမှ ထူးထူးခြားခြား မခံစားရပါဘူး။ အဲဒီနို့သီးခေါင်းအသစ်က နဂိုနို့ သီးခေါင်းတွေလိုတော့ ခံစားမှုသိပ်မရှိဘူး” ဟု ပြောသည်။

အမျိုးသားများအပေါ် စိတ်ကုန်သွားပြီး ၎င်းတို့က မိမိအား စိတ်မ၀င်စားတော့အောင် ယခုကဲ့သို့ လုပ် ဆောင်ခြင်းဖြစ်ကြောင်း သူမက အိုလန်ဒို အသံလွှင့်ဌာနသို့ ပြောကြားသည်။

“ကျွန်မ ရူးနေပါတယ်။ ဒါပေမယ့် ရူးတဲ့သူတွေဟာ ကိုယ်ရူးတာကို ကိုယ်မသိကြဘူး။ ဒါကြောင့် ကျွန်မရူးနေတာ မဟုတ်ဘူးလို့ လည်း ပြောနိုင် ပါတယ်” ဟု ထရိုင်ဒီဗဲလ်က ပြောသည်။

တတိယ ရင်သားပြင်ဆင်ရန် ဆရာဝန်အများအပြားနှင့် သွားရောက်ဆွေးနွေးခဲ့ရသည်ဟု သူမက ပြောသည်။ထရိုင်ဒီဗဲလ်က နာမည်ကျော် အနုပညာရှင်တစ်ယောက်ဖြစ်ချင်သကဲ့သို့ အမ်တီဗွီ အစီအစဉ်များတွင် လည်း ပါဝင်သရုပ်ဆောင် ချင်ကြောင်း ပြောကြားသည်။

“အမေရိကန်ကို ဖုန်းကင်မရာကနေ လှမ်းပြလိုက်တော့ အမေက ဘာမှမပြောတော့ဘဲ အပြင်ဘက်ကို ချာကနဲ လှည့်ထွက်သွားတယ်” ဟု သူမက ပြောသည်။

Mizzima

No comments:

Post a Comment