Wednesday, September 24, 2014

ဗုဒ္ဓဘာသာဘုန်းတော်ကြီးများပို့သသည့်မေတ္တာကြောင့် မန်ယူကို လက်စတာအနိုင်ရခဲ့ဟု ဒေးလီးမေးလ်သတင်းစာ ဖော်ပြ

Budda
ဓာတ်ပုံ-ဒေးလီးမေးလ်
ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ၏ပို့သသည့်မေတ္တာကြောင့် လက်စတာအသင်းသည် မန်ယူအသင်းကို ၅-၃ ဂိုးဖြင့် အနိုင်ရခဲ့ကြောင်းဗြိတိန်နာမည်ကြီးသတင်း စာ ဒေးလီးမေးလ်က ဖော်ပြခဲ့သည်။
လက်စတာ အသင်းနည်းပြပီယာဆန်နှင့် အသင်းသားများသည် မန်ယူအသင်းနှင့် မယှဉ်ပြိုင်မီ ထိုင်းဗုဒ္ဓ ဘာသာ ဘုန်းတော်ကြီးများနှင့် King Power အားက စားကွင်းကြီးတွင် တွေ့ဆုံခဲ့ကြပြီး ဘုန်းတော်ကြီးများက မန်ယူကို အနိုင်ရစေရန်အတွက် ဆုတောင်းမေတ္တာများ ပို့သခဲ့ကြသည်။
ထိုင်းလူမျိုး တစ်ဦးဖြစ်သည့် လက်စတာ အသင်းပိုင်ရှင် ဆရီဗရာနန် ပရာဟာသည် မန်ယူ အသင်းနှင့် ပွဲစဉ်ကို ကြည့်ရှုရန်အတွက် ထိုင်းဘုန်းတော်ကြီးများကို ပင့်ဖိတ်ခဲ့ခြင်းဖြစ်သည်။ ဘုန်းတော်ကြီး များသည် လက်စတာအသင်း၏လေ့ကျင့်ရေးကွင်းနှင့်KingPowerအားကစားကွင်းများသို့သွားရောက်ခဲ့ပြီးဆုတောင်း   မေတ္တာပို့သပေးခဲ့သည်။

လက်စတာ အသင်းနည်းပြပီယာဆန်သည် ထိုင်းဘုန်းတော်ကြီးများကို နွေးထွေးပျူငှာ စွာကြိုဆိုခဲ့ပြီး လက်စတာ အသင်းသို့ ရက်သတ္တပတ်တိုင်း လာရောက် လည်ပတ်နိုင်ကြောင်း ပြောဆိုသည်။
လက်စတာအသင်းသည် ထိုပွဲစဉ်တွင် ၁-၃ ဂိုးဖြင့် ရှုံးနိမ့်နေခဲ့ပြီး အနိုင်ရရှိရန် အလွန်ခက်ခဲ့သည့် အခြေအနေဖြစ်သော်လည်း ဒိုင်လူကြီး၏မျက်နှာ သာပေး မှုနှင့်အတူ ပွဲအပြီးတွင် ၅-၃ ဂိုးဖြင့် ပြန်လည်အနိုင်ရခဲ့ခြင်းဖြစ်သည်။ မန်ယူအသင်းကို အနိုင်ရရှိပြီး နောက်တွင် တိုက်စစ်မှူးများဖြစ်သည့် နူးဂျန့်နှင့် ဗာဒီတို့ သည် ဗုဒ္ဓဘာသာ အဆောင်အယောင် လည်ဆွဲများကို ၀တ်ဆင် ခဲ့ကြသည်။ တိုက်စစ်မှူးနူးဂျန့်က ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများကို မကြာခဏ တွေ့ ဆုံနိုင် ရန် မျှော်လင့်ကြောင်း ပြောသည်။
လက်စတာအသင်းပိုင်ရှင် ဆရီဗရာနန်ပရာဟာသည် ပရီးမီးယားလိဂ်ရာသီမစတင်မီက လက်စတာ အသင်းပိုင် King Power အားကစားကွင်းအတွင် မဏ္ဍပ် ကနားများထိုးကာ ဗုဒ္ဓဘာသာဘုန်းတော်ကြီး များဖြင့် ဆုတောင်းမေတ္တာပို့သမှုများ ပြုလုပ်ခဲ့သည်။ လက်စတာအသင်းသည်၎င်းတို့၏ အိမ်ကွင်းတွင် အဲဗာတန်၊ အာဆင်နယ်၊ မန်ယူအသင်းများကဲ့သို့ ထိပ်တန်းအသင်းများနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ယခုအချိန် အထိ ရှုံးပွဲမရှိသေးပေ။
ပြီးခဲ့သည့်ရာသီက ချန်ပီယံရှစ်တွင် ဗိုလ်စွဲခဲ့စဉ်ကလည်း လက်စတာအသင်းသားများသည် ဘန်ကောက် မြို့ရှိ Phra Maha Mondop ဘုန်းတော်ကြီးကျောင်း သို့ သွားရောက်လည်ပတ် ခဲ့ကြပြီး အောင်ပွဲခံ ခဲ့ကြသည်။

No comments:

Post a Comment