Wednesday, August 27, 2014

Miss Globe International 2014 ပြိုင်ပွဲ ရက်ရွှေ့ထားသော်လည်း အေးချမ်းမြေ့ လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိ

Photo: Miss Globe International 2014 ပြိုင်ပွဲ ရက်ရွှေ့ထားသော်လည်း အေးချမ်းမြေ့ လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိ
Wednesday, August 27, 2014

Miss Globe International 2014 ပြိုင်ပွဲရက်ကို Miss Globe International Organization ဘက်မှ ရက်အကန့် အသတ် မရှိ ရွှေ့ဆိုင်း ထားသော်လည်း Miss Globe Myanmar 2014 အဖြစ် ရွေးချယ် ထားသည့် အေးချမ်းမြေ့ကို လေ့ကျင့်မှုများ ဆက်လက် ပြုလုပ် ပေးလျက် ရှိသည်ဟုMiss Globe Myanmar Organization မှ မလှနုထွန်း က မဇ္ဈိမ ကို ပြောသည်။
" ရုရှား နိုင်ငံ က  အသက် ဆုံးရှုံး သွားတဲ့ စစ်သား အချို့  အတွက် ပွဲကို ရက်ရွှေ့ ထားပါတယ်။ ဟိုဘက်က လေယာဉ် လက်မှတ် ပို့ပေးမှာ ဆိုတော့ စောင့်နေရုံပါပဲ။ ပွဲ ရက်ရွှေ့ သွားတော့ အေးချမ်းမြေ့ အတွက်လည်း ပိုပြီး အဆင်ပြေ သွားတယ်။ စာလည်း ကျက်လို့ အချိန်ပိုရမယ် လေ့ကျင့်ချိန်လည်း အေးအေးဆေးဆေး ရတာပေါ့" ဟု မလှနုထွန်း က ပြောသည်။

Miss Globe International 2014 ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရန် အလှမယ် ရွေးချယ် ခဲ့ရာတွင် အဆင်မပြေမှုများ ရှိခဲ့ပြီး နောက်ဆုံးတွင် Miss Globe Myanmar 2014 တွင်4th runner up ရရှိ ခဲ့သည့် ခါးနံပါတ် ၁၄ အေးချမ်းမြေ့ကို Miss Globe Myanmar Organization မှ ရွေးချယ် စေလွှတ် ခြင်း ဖြစ်သည်။ ၎င်းသည် ဆေးတက္ကသိုလ် ဒုတိယနှစ်ကိုတက်ရောက် နေသူဖြစ်သည်။

အလှမယ် အေးချမ်းမြေ့ ကို Miss Globe International 2014 ပြိုင်ပွဲ အတွက် Miss Globe Myanmar Organization မှ ယုံကြည်မှုရှိရှိ ဖြင့်စင်မြင့်ပေါ်၌လမ်းလျှောက်နိုင်ရန် လမ်းလျှောက်ပုံ ကို အဓိက သင်ကြား ပေးလျက် ရှိသည်။

ယင်းအပြင်၎င်းသည်ဝူရှူး ကစားခြင်းများ ၊ ဘက်စဘတ်ဘော ကစားခြင်းများနှင့်  ကြက်တောင်ရိုက်ခြင်းများကိုပုံမှန် ပြုလုပ် လျက် ရှိကြောင်း မလှနုထွန်း က ဆိုသည်။

 အေးချမ်းမြေ့သည် သြဂုတ် ၂၉ ရက်တွင် သရုပ်ဆောင် စိုးမြတ်သူဇာ ၊ မယ်လိုဒီ တို့နှင့် အတူ Forever မိန်းမဝတ် အကျီင်္ ကြော်ငြာ ဓာတ်ပုံ ရိုက်ကူးမည် ဖြစ်ပြီး လက်ရှိတွင် မဂ္ဂဇင်း များ အတွက် ဓာတ်ပုံ ရိုက်ကူး ပေးခြင်း များ ပြုလုပ် လျက် ရှိသည်။

အေးချမ်းမြေ့နှင့် Miss Globe Myanmar Organization တို့ သည်ဇူလိုင် ၄ရက်က သုံးနှစ် စာချုပ် ချုပ်ဆို ခဲ့ပြီး စာချုပ်တွင် အနုပညာ လုပ်ငန်း များထက် ကျောင်းပညာရေးကို ပိုမို ဦးစားပေး လုပ်ကိုင် သွားရန် ထည့်သွင်း ထားသည်။ ၎င်းသည်ပြိုင်ပွဲမှ ပြန်ရောက် လာသည့်အခါ အနုပညာ လှုပ်ရှားမှုထက် ကျောင်းပညာရေးကို ဦးစားပေး လုပ်ကိုင် သွားမည် ဟု အေးချမ်းမြေ့ကပြောသည်။

mizzima
Miss Globe International 2014 ပြိုင်ပွဲရက်ကို Miss Globe International Organization ဘက်မှ ရက်အကန့် အသတ် မရှိ ရွှေ့ဆိုင်း ထားသော်လည်း Miss Globe Myanmar 2014 အဖြစ် ရွေးချယ် ထားသည့် အေးချမ်းမြေ့ကို လေ့ကျင့်မှုများ ဆက်လက် ပြုလုပ် ပေးလျက် ရှိသည်ဟုMiss Globe Myanmar Organization မှ မလှနုထွန်း က မဇ္ဈိမ ကို ပြောသည်။" ရုရှား နိုင်ငံ က အသက် ဆုံးရှုံး သွားတဲ့ စစ်သား အချို့ အတွက် ပွဲကို ရက်ရွှေ့ ထားပါတယ်။ ဟိုဘက်က လေယာဉ် လက်မှတ် ပို့ပေးမှာ ဆိုတော့ စောင့်နေရုံပါပဲ။ ပွဲ ရက်ရွှေ့ သွားတော့ အေးချမ်းမြေ့ အတွက်လည်း ပိုပြီး အဆင်ပြေ သွားတယ်။ စာလည်း ကျက်လို့ အချိန်ပိုရမယ် လေ့ကျင့်ချိန်လည်း အေးအေးဆေးဆေး ရတာပေါ့" ဟု မလှနုထွန်း က ပြောသည်။
Miss Globe International 2014 ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရန် အလှမယ် ရွေးချယ် ခဲ့ရာတွင် အဆင်မပြေမှုများ ရှိခဲ့ပြီး နောက်ဆုံးတွင် Miss Globe Myanmar 2014 တွင်4th runner up ရရှိ ခဲ့သည့် ခါးနံပါတ် ၁၄ အေးချမ်းမြေ့ကို Miss Globe Myanmar Organization မှ ရွေးချယ် စေလွှတ် ခြင်း ဖြစ်သည်။ ၎င်းသည် ဆေးတက္ကသိုလ် ဒုတိယနှစ်ကိုတက်ရောက် နေသူဖြစ်သည်။
အလှမယ် အေးချမ်းမြေ့ ကို Miss Globe International 2014 ပြိုင်ပွဲ အတွက် Miss Globe Myanmar Organization မှ ယုံကြည်မှုရှိရှိ ဖြင့်စင်မြင့်ပေါ်၌လမ်းလျှောက်နိုင်ရန် လမ်းလျှောက်ပုံ ကို အဓိက သင်ကြား ပေးလျက် ရှိသည်။
ယင်းအပြင်၎င်းသည်ဝူရှူး ကစားခြင်းများ ၊ ဘက်စဘတ်ဘော ကစားခြင်းများနှင့် ကြက်တောင်ရိုက်ခြင်းများကိုပုံမှန် ပြုလုပ် လျက် ရှိကြောင်း မလှနုထွန်း က ဆိုသည်။
  အေးချမ်းမြေ့သည် သြဂုတ် ၂၉ ရက်တွင် သရုပ်ဆောင် စိုးမြတ်သူဇာ ၊ မယ်လိုဒီ တို့နှင့် အတူ Forever မိန်းမဝတ် အကျီင်္ ကြော်ငြာ ဓာတ်ပုံ ရိုက်ကူးမည် ဖြစ်ပြီး လက်ရှိတွင် မဂ္ဂဇင်း များ အတွက် ဓာတ်ပုံ ရိုက်ကူး ပေးခြင်း များ ပြုလုပ် လျက် ရှိသည်။
  အေးချမ်းမြေ့နှင့် Miss Globe Myanmar Organization တို့ သည်ဇူလိုင် ၄ရက်က သုံးနှစ် စာချုပ် ချုပ်ဆို ခဲ့ပြီး စာချုပ်တွင် အနုပညာ လုပ်ငန်း များထက် ကျောင်းပညာရေးကို ပိုမို ဦးစားပေး လုပ်ကိုင် သွားရန် ထည့်သွင်း ထားသည်။ ၎င်းသည်ပြိုင်ပွဲမှ ပြန်ရောက် လာသည့်အခါ အနုပညာ လှုပ်ရှားမှုထက် ကျောင်းပညာရေးကို ဦးစားပေး လုပ်ကိုင် သွားမည် ဟု အေးချမ်းမြေ့ကပြောသည်။
mizzima

No comments:

Post a Comment