Tuesday, September 16, 2014

သရုပ်ဆောင်လင်မယားနှစ်ဦး၏ နှိပ်စက်မှုခံရသည့် အိမ်အကူမိန်းကလေး ခွဲစိတ်ကုသရန်လိုအပ်

ရန်ကုန်မြို့ရှိ သ ရုပ်ဆောင်လင်မယားနှစ်ဦး၏ နေအိမ်တွင် အိမ်အကူလုပ်စဉ် အိမ်ရှင်များ နှိပ်စက်မှု ကြောင့် ဒဏ်ရာရလာသည့် မြောင်းမြမြို့ နယ်မှ ၁၄ နှစ်အရွယ် မိန်းကလေး၏လက် ကို ခွဲစိတ်ကုသရန် လိုအပ်နေ သည်ဟု ယင်း အား ထိန်းသိမ်းစောင့်ရှောက်ထားသူထံမှ သိရသည်။
''ခွဲစိတ်ခကတော့ ၁ဝ သိန်း လောက် ကုန်မယ်ဆိုတော့ ငွေမလောက်လို့ အလှူရှင်ရှာနေတယ်။ လက်ကဒဏ်ရာ ပြီး ရင် သူ့တစ်ကိုယ်လုံးကို ပြန်စစ်ဆေးတာတွေ လုပ်ရဦးမယ်'' ဟု ကလေးငယ်အား ထိန်း သိမ်းစောင့်ရှောက်ထားသည့် မြန်မာနိုင်ငံ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ သာသနာအဖွဲ့ (ဃြဃ)ဌာန တာဝန်ခံ ဒေါ်မေလျံကပြောသည်။

မတ်လအတွင်း ရန်ကုန်မြို့မှ အိမ် ရှင်လင်မယားက အိမ်အကူမိန်းကလေး၏ ဒဏ်ရာများကို ဆေးကုသရန် ပုသိမ်မြို့ရှိ ဆေးခန်းသို့လာရောက်ရာ ဆေးရုံသို့ လွှဲ ပြောင်းကုသစေရာမှ ပုသိမ်အခြေစိုက် လူ့ အခွင့်အရေး စောင့်ကြည့် ကာကွယ်ရေးအ ဖွဲ့နှင့် ချိတ်ဆက်မိပြီးနောက် အဆိုပါမိန်း ကလေးငယ်၏ မိဘများက မတ်လအတွင်း ပုသိမ်မြို့ အမှတ်(၂)ရဲစခန်း၌ အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။
ထိုမှတစ်ဆင့် သက်ဆိုင်ရာ ဗဟန်း မြို့မရဲစခန်းသို့ အမှုအား လွှဲပြောင်းပေးခဲ့ ကြောင်း ပုသိမ်မြို့ အမှတ်(၂)ရဲစခန်းမှ သိ ရသည်။
အဆိုပါ မိန်းကလေးငယ်၏အ မှုအား အမှန်အတိုင်းပေါ်ပေါက်ရန် ကူညီ ဆောင်ရွက်ပေးပါရန် ဧရာဝတီတိုင်းဒေသ ကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသား ရေးရာဝန်ကြီး ထံ သဝဏ်လွှာပေးပို့ထား ကြောင်း သိရသည်။
''သူတို့ကို ဒီနှစ်ခြောက်လပိုင်း ထဲမှာ ဗဟန်းတရားရုံးက ဖမ်းဝရမ်းထုတ် ထားတယ်။ တရားခံပြေးအနေနဲ့ပေါ့။ နှစ်ဦး စလုံးက အိမ်ကိုတံခါးပိတ်ပြီး ထွက်ပြေးတိမ်း ရှောင်နေတယ်လေ။ အဲဒီဖမ်းဝရမ်းကို ရဲ စခန်းက အတည်ပြုဆောင်ရွက်ပြီး ဖမ်းမိ နိုင်ရေး ကြိုးပမ်းနေတယ်။ မိပြီဆိုရင် တရား ရုံးကို ပြန်တင်ပေးရမယ်'' ဟု ယင်းအမှုတွင် အမှုစစ်အရာရှိအဖြစ် တာဝန်ယူခဲ့သည့် ဒုရဲအုပ်ထွန်းမွှေးက ပြောသည်။
လက်ရှိတွင် အဆိုပါ အိမ်ရှင်လင် မယားမှာ တိမ်းရှောင်နေသဖြင့် ဖမ်းဝရမ်း ထုတ်ထားကြောင်း သိရသည်။

Yangon Media Group

No comments:

Post a Comment