Friday, September 12, 2014

ဘောလုံးသတင်းတိုများ

Photo: ဘောလုံးသတင်းတိုများ

ပထမဆုံး လေ့ကျင့်ရေး အစီအစဉ်တွင် ရရှိလာသည့် အခွင့်အရေးတစ်ကြိမ်ကို ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့သော ဖယ်လ်ကာအိုမှာ ၎င်း၏ခြေစွမ်းကို သက်သေပြနိုင်ခဲ့ပြီဖြစ်ကြောင်း မန်ယူနည်းပြ ဗန်ဟားက ချီးကျူးသွားခဲ့သည်။
ယူရို ၂၀၁၆ ခြေစစ်ပွဲတွင် အယ်လ်ဘေးနီးယားကို အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ပြီးနောက် ပေါ်တူဂီအသင်းနှင့် နည်းပြ ဘန်တိုတို့ နှစ်ဖက်သဘောတူညီမှုဖြင့် လမ်းခွဲလိုက်ကြောင်း သိရသည်။
အင်္ဂလန်နှင့် လေ့ကျင့်ခန်းဆင်းရာတွင် ပေါင်ဒဏ်ရာ ရရှိခဲ့သည့် တိုက်စစ်မှူး စတာရစ် သီတင်းပတ် (၃)ပတ်အနားယူရမည့်အတွက် စိတ်ပျက်မိကြောင်း လီဗာပူးနည်းပြ ရော့ဂျာက ပြောသည်။
ယခုရာသီတွင် နည်းပြမော်ရင်ဟို၏ ဦးစားပေးအဖြစ် ရွေးချယ်ခံခဲ့ရသည့် ဂိုးသမား ကော်တိုရစ်မှာ ချဲလ်ဆီးနှင့်အတူ (၅)နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။
ဘာစီလိုနာသည် ဘီဘာအိုနှင့် ကစားမည့်ပွဲစဉ်တွင် အသင်းသမိုင်းတစ်လျှောက် အိမ်ကွင်းပွဲစဉ်တစ်ပွဲတွင် ပထမဆုံးအကြိမ်အဖြစ် ဆန်ယာရာဂျာစီ(အ၀ါ၊ အနီကြား) ၀တ်ဆင်မည်ဖြစ်သည်။ ဘာစီလိုနာမြို့ ပြင်သစ်(ဖီးလစ် (၅) ဘုရင်)လက်အောက်ကျရောက်ခြင်း နှစ်(၃၀၀)ပြည့် အထိမ်းအမှတ်အဖြစ် ယခုကဲ့သို့ ၀တ်ဆင်ရခြင်းဟု သိရသည်။
ယူနီဆက်ဖ်သံတမန် ဖာဂူဆန်သည် ဗီယက်နမ် ကလေးငယ်များ ရန်ပုံငွေ တိုးမြင့်ရရှိစေရန် မန်ယူနည်းပြဘ၀ အမှတ်တရ ဓာတ်ပုံများကို လေလံပွဲ ပြုလုပ်ပြီး ရောင်းချလျက်ရှိသည်။
ဒူးအရွတ် စုတ်ပြဲဒဏ်ရာကြောင့် ကာလရှည် အနားယူခဲ့ရသည့် ဒေါ့မွန် တောင်ပံကစားသမား ဘလက်ဇီကောစကီးမှာ ကြွက်သားဒဏ်ရာ ရခဲ့သည့်အတွက် တစ်လကြာ အနားယူရဦးမည်ဖြစ်သည်။
ဘိုင်ယန်မြူးနစ် တောင်ပံကစားသမား ရီဘာရီက ပြင်သစ်လက်ရွေးစင် အသင်းအတွက် ပြန်ကစားပေးမည်မဟုတ်ကြောင်း အတည်ပြုခဲ့သည်။
ဝဲလ်ဘတ်မှာ ပြီးခဲ့သည့်နှစ်နှစ်က မန်ယူသို့ ပြောင်းရွှေ့ခဲ့သည့် ဗန်ပါစီအစား လက်ဆောင်ပြန်ရသည့် ကစားသမားတစ်ဦးဖြစ်ကြောင်း အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ချီးကျူးခဲ့သည်။
ရီးရဲလ် ဒါရိုက်တာဟောင်း ဗယ်ဒါနိုက မော်ရင်ဟိုမှာ အတ္တကြီးသူဖြစ်ပြီး ဘောလုံးလောကအတွက် အကျိုးထူးစေမည့် စကားတစ်ခွန်းမျှ ပြောခဲ့ဖူးခြင်းမရှိဟု ၎င်း၏စာအုပ်တွင် ဝေဖန်တိုက်ခိုက်ခဲ့သည်။
မန်စီးတီးသည် ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲဝင် ကစားသမားစာရင်းတွင် Club- trained (အသက် ၁၅နှစ်မှ ၂၁နှစ်ကြားကာလတွင် အသင်းနှင့်အတူ လိဂ်ပြိုင်ပွဲ ၃ရာသီ မှတ်ပုံတင်ထားသည့်) ကစားသမားတစ်ဦးသာ ထည့်သွင်းစာရင်းပေးခွင့် ရခဲ့ကြောင်း သိရသည်။
Nz(ရိုးရာလေး)
ပထမဆုံး လေ့ကျင့်ရေး အစီအစဉ်တွင် ရရှိလာသည့် အခွင့်အရေးတစ်ကြိမ်ကို ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့သော ဖယ်လ်ကာအိုမှာ ၎င်း၏ခြေစွမ်းကို သက်သေပြနိုင်ခဲ့ပြီဖြစ်ကြောင်း မန်ယူနည်းပြ ဗန်ဟားက ချီးကျူးသွားခဲ့သည်။
ယူရို ၂၀၁၆ ခြေစစ်ပွဲတွင် အယ်လ်ဘေးနီးယားကို အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ပြီးနောက် ပေါ်တူဂီအသင်းနှင့် နည်းပြ ဘန်တိုတို့ နှစ်ဖက်သဘောတူညီမှုဖြင့် လမ်းခွဲလိုက်ကြောင်း သိရသည်။
အင်္ဂလန်နှင့် လေ့ကျင့်ခန်းဆင်းရာတွင် ပေါင်ဒဏ်ရာ ရရှိခဲ့သည့် တိုက်စစ်မှူး စတာရစ် သီတင်းပတ်
(၃)ပတ်အနားယူရမည့်အတွက် စိတ်ပျက်မိကြောင်း လီဗာပူးနည်းပြ ရော့ဂျာက ပြောသည်။
ယခုရာသီတွင် နည်းပြမော်ရင်ဟို၏ ဦးစားပေးအဖြစ် ရွေးချယ်ခံခဲ့ရသည့် ဂိုးသမား ကော်တိုရစ်မှာ ချဲလ်ဆီးနှင့်အတူ (၅)နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။
ဘာစီလိုနာသည် ဘီဘာအိုနှင့် ကစားမည့်ပွဲစဉ်တွင် အသင်းသမိုင်းတစ်လျှောက် အိမ်ကွင်းပွဲစဉ်တစ်ပွဲတွင် ပထမဆုံးအကြိမ်အဖြစ် ဆန်ယာရာဂျာစီ(အ၀ါ၊ အနီကြား) ၀တ်ဆင်မည်ဖြစ်သည်။ ဘာစီလိုနာမြို့ ပြင်သစ်(ဖီးလစ် (၅) ဘုရင်)လက်အောက်ကျရောက်ခြင်း နှစ်(၃၀၀)ပြည့် အထိမ်းအမှတ်အဖြစ် ယခုကဲ့သို့ ၀တ်ဆင်ရခြင်းဟု သိရသည်။
ယူနီဆက်ဖ်သံတမန် ဖာဂူဆန်သည် ဗီယက်နမ် ကလေးငယ်များ ရန်ပုံငွေ တိုးမြင့်ရရှိစေရန် မန်ယူနည်းပြဘ၀ အမှတ်တရ ဓာတ်ပုံများကို လေလံပွဲ ပြုလုပ်ပြီး ရောင်းချလျက်ရှိသည်။
ဒူးအရွတ် စုတ်ပြဲဒဏ်ရာကြောင့် ကာလရှည် အနားယူခဲ့ရသည့် ဒေါ့မွန် တောင်ပံကစားသမား ဘလက်ဇီကောစကီးမှာ ကြွက်သားဒဏ်ရာ ရခဲ့သည့်အတွက် တစ်လကြာ အနားယူရဦးမည်ဖြစ်သည်။
ဘိုင်ယန်မြူးနစ် တောင်ပံကစားသမား ရီဘာရီက ပြင်သစ်လက်ရွေးစင် အသင်းအတွက် ပြန်ကစားပေးမည် မဟုတ်ကြောင်း အတည်ပြုခဲ့သည်။
ဝဲလ်ဘတ်မှာ ပြီးခဲ့သည့်နှစ်နှစ်က မန်ယူသို့ ပြောင်းရွှေ့ခဲ့သည့် ဗန်ပါစီအစား လက်ဆောင်ပြန်ရသည့် ကစားသမားတစ်ဦးဖြစ်ကြောင်း အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ချီးကျူးခဲ့သည်။
ရီးရဲလ် ဒါရိုက်တာဟောင်း ဗယ်ဒါနိုက မော်ရင်ဟိုမှာ အတ္တကြီးသူဖြစ်ပြီး ဘောလုံးလောကအတွက် အကျိုးထူးစေမည့် စကားတစ်ခွန်းမျှ ပြောခဲ့ဖူးခြင်းမရှိဟု ၎င်း၏စာအုပ်တွင် ဝေဖန်တိုက်ခိုက်ခဲ့သည်။
မန်စီးတီးသည် ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲဝင် ကစားသမားစာရင်းတွင် Club- trained (အသက် ၁၅နှစ်မှ ၂၁နှစ်ကြားကာလတွင် အသင်းနှင့်အတူ လိဂ်ပြိုင်ပွဲ ၃ရာသီ မှတ်ပုံတင်ထားသည့်) ကစားသမားတစ်ဦးသာ ထည့်သွင်းစာရင်းပေးခွင့် ရခဲ့ကြောင်း သိရသည်။

Nz(ရိုးရာလေး)

No comments:

Post a Comment