Monday, September 1, 2014

သစ်ပင်အောက် မိုးခိုနေသော ကျောင်းသားနှစ်ဦး မိုးကြိုးပစ်၍ သေဆုံး

ရှမ်းပြည်နယ်၊ ရပ်စောက်မှ ကျောင်းသားငယ်ငါးဦး ကျောင်းအပြန်မိုးရွာသဖြင့် အရိပ် အောက်တွင် မိုးခိုနေစဉ်မတ်တတ် ရပ်နေသော ကျောင်းသားနှစ်ဦး မိုးကြိုးထိမှန်၍ သေဆုံးခဲ့ကြောင်း  သတင်းရရှိသည်။
 ရှမ်းပြည်နယ်၊ ရပ်စောက်မြို့၊ဥတ္တံတားရပ်ကွက်နေကျောင်း သားငါးဦးသည် သြဂုတ် ၂၉ရက် ညနေက ကျောင်းမှအိမ်သို့ ပြန်လာစဉ် မိုးရွာသဖြင့် တပ်ရဲဂိတ်ရှေ့အမိုးအောက်၌ အသက် (၁၃)နှစ်အရွယ်ရှိ မင်းအုပ်စိုးနှင့် နောက်တစ်ဦးမှာ မတ်တတ်ရပ်ပြီး ကျန်သုံးဦးမှာ ထိုင်လျက်မိုးခိုနေ ကြသည်ဟု ဆိုသည်။ ထိုအချိန်တွင် မိုးကြိုးပစ်ခံရ သဖြင့် ကျောင်းသားငယ်တစ်ဦး၏ ဦးခေါင်းထိပ်ရှိ ဆံပင်မီးလောင် ကာ ညာဘက်ပခုံးတွင်လည်း မီး လောင်ဒဏ်ရာရရှိပြီး သေဆုံးခဲ့သည်။အလားတူ မင်းအုပ်စိုး၏ မျက်ကွင်းနှစ်ဖက်၌ ညိုမည်းသည့်ဒဏ်ရာများရရှိကာ  သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်ကိုရပ်စောက်မြို့မရဲ စခန်းမှ သေမှုသေခင်းအမှတ်စဉ် ၁၆/၁၄ဖြင့်အမှုဖွင့်စစ်ဆေးနေ ကြောင်းသတင်းရရှိသည်။
မိုးဦးအစမုတ်သုံဝင်ချိန်နှင့် မိုးနှောင်းကာလများတွင်မိုးကြိုး ပစ်လေ့ရှိကြောင်း မိုးလေ၀သပ ညာရှင်ဒေါက်တာထွန်းလွင်က ပြောသည်။ 
မြန်မာနိုင်ငံ၌ တစ်နှစ်လျှင်လူဦးရေ  ၇၀ ခန့်  မိုးကြိုးပစ်၍ နှစ်စဉ်သေဆုံးနေကြောင်း စာရင်းဇယားများအရသိရှိရသည်။
7daydaily

No comments:

Post a Comment