Friday, September 26, 2014

မှုခင်းကြီးများပေါ်ပေါက်ရေး ကူညီခဲ့သော အရပ်သား ၁၀ ဦးကို ပထမဆုံးအကြိမ် ဂုဏ်ပြုမည်

မြန်မာနိုင်ငံရဲတပ်ဖွဲ့ သမိုင်းတစ်လျှောက်တွင် မှုခင်း ကြီးများ၌ ရဲတပ်ဖွဲ့နှင့် ပူးပေါင်း ဖြေရှင်းပေးခဲ့သည့် အရပ်သား ၁၀ ဦးကို ပထမဆုံးအကြိမ် ဂုဏ် ပြုသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

နေပြည်တော်တွင် အောက် တိုဘာ ၁ ရက်၌ ပြုလုပ်မည့် မြန် မာနိုင်ငံရဲတပ်ဖွဲ့ နှစ်(၅၀)မြောက် ရွှေရတုအခမ်းအနားတွင် ဒေသ အနှံ့မှ အမျိုးသား ခုနစ်ဦးနှင့် အမျိုးသမီး လေးဦးကို

ဂုဏ်ပြုပွဲပြုလုပ်ပေးရန် စီစဉ်ထားခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ နယ်စပ်ဖြတ်ကျော်မှု ခင်းဌာနကြီးမှ ရဲမှူးချုပ် စိုးမြိုင်က ပြောသည်။


‘‘ဒါဟာ ပထမဆုံးအကြိမ် ပေါ့။ တရားဥပဒေစိုးမိုးရေးမှာ ပြည်သူတွေပူးပေါင်းဖို့ လိုတယ် ဆိုတာကိုလည်း သိသာစေတဲ့ အ ချက်ပေါ့။ အခုဂုဏ်ပြုပွဲလုပ်ပေး မယ့် ၁၀ ယောက်စလုံးက မှုခင်း ကြီးတွေမှာ ကိုယ်တိုင်စွန့်စားပြီး ကူညီခဲ့တဲ့သူတွေပါ’’ဟု ရဲမှူးချုပ် စိုးမြိုင်က ပြောသည်။

မြန်မာနိုင်ငံတွင် ရဲတပ်ဖွဲ့ကို ကိုလိုနီခေတ် (၁၈၈၄ ခုနှစ်)တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၆၄ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် ပြည် သူ့ရဲတပ်ဖွဲ့အမည်သို့ ပြောင်းလဲခဲ့သည်။ ထို့နောက် ၁၉၉၅ ခုနှစ် တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟု ပြောင်းလဲခဲ့ပြီး ၂၀၁၄ ခုနှစ်၊ အောက်တို ဘာ ၁ ရက်တွင် နှစ်(၅၀)မြောက် ရွှေရတု အထိမ်းအမှတ် ပြုလုပ် မည် ဖြစ်သည်။ ၁၈၈၄ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ရဲချုပ် ၃၀ ဦး တာဝန်ထမ်းဆောင်ခဲ့ပြီး ယင်းတို့ အထဲတွင် အင်္ဂလိပ်လူမျိုး ၁၃ ဦးက ရဲချုပ်တာဝန်ယူခဲ့ဖူး ကြောင်း သမိုင်းမှတ်တမ်းများ၌ ဖော်ပြထားသည်။

7 Day Daily

No comments:

Post a Comment