Saturday, September 13, 2014

ကမ္ဘာ့ဘဏ်မှ အတိုးမဲ့နှစ်ရှည်ချေးငွေ ဒေါ်လာသန်း ၂၀၀ ချေးယူရန် သမ္မတရုံးမှ လွှတ်တော်သို့ သ၀ဏ်လွှာပို့

ကမ္ဘာ့ဘဏ်မှ အတိုးမဲ့ နှစ်ရှည်ချေးငွေ ဒေါ်လာ သန်း ၂၀၀ ချေးယူနိုင်ရန် နိုင်ငံတော် သမ္မတရုံးက ပြည်ထောင်စုလွှတ် တော်သို့ အတည်ပြုချက် ရယူ နိုင်ရန် သ၀ဏ်လွှာကို စက်တင် ဘာ ၁၂ ရက်တွင် ပေးပို့သည်။
အဆိုပါ ချေးငွေ အမေရိ ကန်ဒေါ်လာ သန်း ၂၀၀ ဖြင့် လူ တိုင်း ကျန်းမာရေးစောင့်ရှောက်မှု ရရှိစေနိုင်မည့် လုပ်ငန်းများနှင့် ဧရာဝတီမြစ်ကြောင်း ဘက်စုံဖွံ့ ဖြိုးရေးလုပ်ငန်းများကို လုပ်ဆောင်သွားမည်ဟု ပို့ဆောင်ရေး ၀န်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ကလုပ်ငန်းစီမံကိန်းများကို လာရောက်ရှင်းလင်းခဲ့ သည်။ ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကို ဆိုင်းငံ့ကာလ ခြောက်နှစ်၊ ပြန်ဆပ်ကာလ ၃၂ နှစ် ဖြင့် စုစုပေါင်းချေးငွေ ပြန်ဆပ် ချိန် ၃၈ နှစ်ဖြင့် အတိုးမဲ့ချေးယူ မည်ဖြစ်ကြောင်း ကျန်းမာရေးဝန် ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက် တာဝင်းမြင့်က ပြောကြားသည်။ ချေးငွေကို ကမ္ဘာ့ဘဏ်က အတိုး မဲ့ချေးပေးခြင်းဖြစ်သော်လည်း ၀န်ဆောင်ခ တစ်နှစ်လျှင် သုည ဒသမ ၇၅ ရာခိုင်နှုန်းဖြစ်ပြီး ကတိခံကြေးအဖြစ် ပေးရန် ရှိလာပါက သုည ဒသမ ၅ ရာခိုင်နှုန်းထက်မပိုသော နှုန်းဖြင့် ပေးဆောင်ရနိုင်ကြောင်း သတင်း ရရှိသည်။

ဒေါ်လာသန်း ၂၀၀ အတွက် သုည ဒသမ ၇၅ ရာခိုင်နှုန်းဝန် ဆောင်ခကိုမူ ချေးငွေစတင် ထုတ် ယူချိန်မှစ၍ ပေးဆောင်ရမည် ဖြစ်ပြီး အရင်းငွေ ကိုလည်း ဆိုင်း ငံ့ကာလ ကုန်ဆုံးချိန်မှစ၍ တစ် နှစ်လျှင် နှစ်ကြိမ် ပေးဆပ်ရမည် ဖြစ်သည်။ ချေးငွေရယူခြင်းနှင့် ပတ်သက်၍ လာမည့် သီတင်းပတ်တွင် ပြည်ထောင်စုလွှတ် တော်ကိုယ်စားလှယ်များက ဆွေး နွေးကြမည်ဖြစ်ပြီး လွှတ်တော်၏ အတည်ပြုချက်ရရှိမှသာ ချေးငွေ ရယူနိုင်မည်ဖြစ်သည်။

ကမ္ဘာ့ဘဏ်မှ ချေးယူသည့် သန်း ၂၀၀ အနက်မှ ကျန်းမာရေး ၀န်ကြီးဌာနအတွက် ရရှိမည့် ဒေါ် လာ သန်း ၁၀၀ ဖြင့် လူတိုင်းကျန်း မာရေး စောင့်ရှောက်မှု ရစေနိုင် သည့် လုပ်ငန်းများ အထူးသဖြင့် မိခင်၊ မွေးကင်းစကလေးနှင့် က လေးကျန်းမာရေးတို့နှင့် သက် ဆိုင်သည့် ၀န်ဆောင်မှု များကို ပိုမို ထိရောက်စေရေးအတွက် ကျန်း မာရေးဝန်ကြီးဌာနက တိုးမြှင့် ဆောင်ရွက်မည်ဟု ဒုတိယ၀န် ကြီး ဒေါက်တာ ၀င်းမြင့်က ပြော ကြားသည်။

ပို့ဆောင်ရေးဝန်ကြီးဌာန အ နေဖြင့်လည်း ရရှိမည့် ချေးငွေဖြင့် ဧရာဝတီမြစ်ရေကြောင်းသွားလာ ရေး အဆင့်မြှင့်တင်ခြင်း၊ ဧရာဝ တီမြစ်ကြောင်း ပြုပြင်ထိန်းသိမ်း ခြင်းနှင့် ဧရာဝတီမြစ်ဝှမ်း ဘက်စုံ စီမံခန့်ခွဲရေးစီမံကိန်း အကောင် အထည်ဖော်ဆောင် ရွက်ခြင်း၊ ရေ အရင်း အမြစ် စီမံခန့်ခွဲမှုနှင့် အ ထောက်အကူပြု နည်းစနစ်များ၊ မိုးလေ၀သနှင့် ဇလဗေဒစောင့် ကြည့်အကဲခတ်မှုနှင့် သတင်းအ ချက်အလက်ရယူမှု နည်းစနစ် များ၏ စွမ်းဆောင်ရည်မြှင့်တင် ခြင်းလုပ်ငန်းများကို ဆောင်ရွက် မည်ဟု ဒုဝန်ကြီး ဦးဟံစိန်က ပြောကြားသည်။

၂၀၁၄ မေလတွင် ပြည်သူ့ ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအရ မြန်မာနိုင်ငံတွင် ပြည်ပကြွေးမြီ ဒေါ်လာ တစ်ထရီ လီယံကျော် ရှိနေသည်ဟု ပြည် ထောင်စုလွှတ်တော်တွင် ပြော ကြားခဲ့သည်။

7Day DAILY

No comments:

Post a Comment