Friday, September 12, 2014

ဒန်နီ ၀ဲလ်ဘတ်ကို ၀ယ်ယူနိုင်ခဲ့တာ အမှန်ကန်ဆုံးဖြစ်ဟု နည်းပြ အာဆင်ဝင်းဂါး ပြော

England's Welbeck celebrates his second goal against Switzerland during their Euro 2016 qualifying soccer match in Basel
ပြီးခဲ့တဲ့အပတ်က အင်္ဂလန်ရှေ့တန်းတိုက်စစ်မှူး ဒန်နီ ၀ဲလ်ဘတ်ကို အပြောင်းအရွှေ့ ပိတ်ခါနီး ကပ်ပြီး ၀ယ်ယူနိုင်ခဲ့တာဟာ အမှန်ကန်ဆုံး ဖြစ်တယ်လို့ နည်းပြ အာဆင်ဝင်းဂါးက စက်တင်ဘာ ၁၁ ရက်နေ့က ပြောဆိုလိုက်ပါတယ်။ မန်ယူအသင်းကနေ အမေရိကန်ဒေါ်လာ ၂၆ သန်းနဲ့ ကစားသမား အရောင်းအ၀ယ် ပိတ်တဲ့နေ့မှာပဲ ၀ယ်ယူနိုင်ခဲ့ပါတယ်။
ဒန်နီဝယ်လ်ဘတ်ကို ၀ယ်ယူလို့ ရမှန်း မသိခဲ့ပဲ နောက်ဆုံးနေ့မှာပဲ ချက်ချင်းဆိုသလို ဆုံးဖြတ် ၀ယ်ခဲ့ရတာလို့ ၀င်းဂါးက ပြောပါတယ်။

ဒန်နီဝယ်လ်ဘတ်ဟာ သူအကြိုက်ဆုံးနေရာဖြစ်တဲ့ အလယ်တန်းမှာရော၊ တောင်ပံတွေ မှာလည်း ကောင်းကောင်း ကစားနိုင်တဲ့အတွက် အာဆင်နယ်အသင်းအတွက် အလွန်တန်ဖိုး ရှိတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက်နေ့က ဆွစ်ဇာလန်အသင်းနဲ့ ယူရို ၂၀၁၆ ခြေစစ်ပွဲမှာ အင်္ဂလန်အသင်းရဲ့ အနိုင်ဂိုး ၂ ဂိုးလုံးကို ၀ဲလ်ဘတ်က သွင်းယူခဲ့တာပါ။

လာမယ့်အပတ် မန်စီးတီးနဲ့ ပွဲမှာ ၀ဲလ်ဘတ်ကို ထည့်ကစားရင်လည်း ကစားမယ်လို့လည်း ၀င်းဂါးက ပြောပါတယ်။
လက်ရှိမှာတော့ အာဆင်နယ်အသင်းဟာ မန်စီးတီးအသင်းထက် တမှတ်လျော့နဲ့ ပွဲစဉ်ဇယား နံပါတ် ၇ မှာ ရောက်နေပါတယ်။

ဂျာမန်လက်ရွေးစင် အိုဇေးလ်အပါအ၀င် နာနေတဲ့ကစားသမားတွေ ပုံမှန်အနေအထား ပြန်ရောက် လာပြီး ခြေကျင်းဝတ်ဒဏ်ရာရခဲ့တဲ့ အာရွန် ရမ်ဆေး လည်း မန်စီတီးနဲ့ပွဲမှာ ပါချင်ပါလာမယ်လို့ ၀င်းဂါးက ပြောဆိုပါတယ်။

DVB

No comments:

Post a Comment