Thursday, September 4, 2014

ယူကရိန်းကို ကျူးကျော်၍ ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ်မှ ရုရှား ရပ်စဲခံရနိုင်


ယူကရိန်းနိုင်ငံအပေါ် စစ်ရေးအရ ကျူးကျော်မှုများကြောင့် ရုရှားနိုင်ငံမှာ ဖော်မြူလာဝမ်းပြိုင်ကားမောင်းပြိုင်ပွဲ ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်အပြင် ပြည်တွင်းကလပ်များမှာလည်း ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်ပြိုင်ပွဲများ မှ ထုတ်ပယ်ခံရနိုင်ကြောင်း သိရသည်။

”စီးပွားရေးကိစ္စတွေအပြင် ဂျီ-၇ နိုင်ငံတွေအတွင်းမှာ သီးခြားဆောင်ရွက် မှုတစ်ခု လုပ်ဆောင်ဖို့အပြင် ရုရှားကို ယဉ်ကျေးမှု၊စီးပွားရေးအပြင် အားကစားပွဲတော်တွေဖြစ်တဲ့ ဖော်မြူလာ ၀မ်း၊ယူအီးအက်ဖ်အေ အသိအမှတ်ပြု ဘောလုံးပြိုင်ပွဲတွေနဲ့ ၂၀၁၈ ကမ္ဘာ့ဖလားကျင်းပခွင့် ပိတ်ပင်တာမျိုးတွေ အထိ ဖြစ်လာနိုင်ပါတယ်”ဟု အီးယူအဖွဲ့က ပေါက်ကြားလာသော အချက်အလက်များကို ကိုးကားပြီး တယ်လီဂရပ်သတင်းစာက ရေးသားခဲ့သည်။အီးယူက ရုရှား၏စစ်တပ်များ ယူကရိန်းနိုင်ငံတွင်းမှ မထွက်ခွာပါက ရုရှားအား အရေးယူပိတ်ပင်မှုများ ပြုလုပ်သွားမည်ဟု ကြေညာထားပြီးဖြစ်သည်။ရုရှားအနေဖြင့် ယင်းတို့၏  စစ်တပ်များကို ယူကရိန်းနိုင်ငံမှ ပြန်လည်မခေါ်ယူပါက အီးယူမှာ မနက်ဖြန်(သောကြာနေ့)တွင် ရုရှားအပေါ် ပိတ်ဆို့အရေးယူမည့် အစီအစဉ်သစ်များ ရေးဆွဲမည်ဖြစ်သည်။ရုရှားဘောလုံးအသင်းသည် ၂၀၁၄ ကမ္ဘာ့ဖလား တွင် ယှဉ်ပြိုင်ခွင့်ရခဲ့သော်လည်း အုပ်စုအဆင့်နှင့်သာ ကျေနပ်ခဲ့ရသည်။
7Day Sports Journal

No comments:

Post a Comment