Wednesday, September 17, 2014

သတင်းတို တောင်တရုတ်ပင်လယ်မှ တိုင်းဖွန်းမုန်တိုင်းကြောင့် မိုးကြီးနိုင်

တောင်တရုတ်ပင်လယ်၌ ဖြစ်ပေါ်နေသည့် တိုင်ဖွန်းမုန်တိုင်း ခယ်လ်မေ့ဂီ(Kalmaegi)၏ အရှိန်ကြောင့် ယမန်နေ့ညနေမှ စ၍ နောက်သုံးရက်အတွင်း စစ်ကိုင်း၊ မန္တလေး၊ မကွေး စသည့်တိုင်းဒေသကြီးများနှင့် ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ် တို့တွင် မိုးထစ်ချုန်းရွာနိုင်ပြီး၊ နေရာကွက်၍ မိုးကြီးနိုင်ပြီး
ကုန်းမြင့်ဒေသတချို့တွင် ရေကြီးရေလျံခြင်း၊ မြေပြိုခြင်းများ ဖြစ်ပွားနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ဦးစီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။ အဆိုပါမုန်တိုင်းသည် ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဖိလစ်ပိုင် နိုင်ငံသို့ ၀င်ရောက်ခဲ့ပြီးနောက်၊ ယခုအခါ ဗီယက်နမ်နိုင်ငံဆီသို့ ၀င်ရောက်နိုင်ကြောင်း သိရ သည်။

ဧရာဝတီ

No comments:

Post a Comment